Part 19

148 21 0
                                    


စာရေးစားပွဲမှ ဖိုင်တွေ တဖြတ်ဖြတ်လှန်လှော်သံ​တွေ မျက်မှန်လေးထောင့်မကျ အဝိုင်းမကျကိုမှ ရွှေရောင်အနားကွတ်လေးတွေဖြင့် နှာတံအစွန်းသို့ လျောကျလာသည်ကို ရှည်မျောသွယ်လျတဲ့ လက်ခယ်ဖြင့် အသာတကျီပင့်တင်လိုက်သည် တစ်ဖက်ကဖိုင်ကိုလှန်လိုက် Lap Top ပေါ်လက်တင်လိုက်ဖြင့် အားလက်သည်မရှိ အလုပ်များနေသည် တစ်ချက်တစ်ချက် အိပ်ယာပေါ်က Junလေးကိုလည်း လှမ်းလှမ်းကြည့်ရသေးသည်

"ဦး.."

ခေါ်သံချိုချိုအေးအေးလေးကြောင့် မျက်မှန်လေးကို လက်ဖြင့်ပင့်တင်ကာ မော့ကြည့်လာတော့

"ငယ် ရှူးပေါက်ချင်တယ်.."

အင်း ငယ်လေးက ခြေထောက်သံစူးထားတဲ့အရှိန်နဲ့မို့ လမ်းချက်ချင်းလျှောက်ဖို့မဖြစ်နိုင်ပေ

စာရေးစားပွဲမှာ ထကာ နက်ပြာရောင်မွေ့ယာပေါ်က အသားဖြူဖြူလုံးလုံးနှင့် ကောင်လေးရဲ့ ခြေထောက်တွေကို ခါးတွင်ချိတ်စေပြီး လက်တွေကို လည်ပင်းတွင် သိုင်းဖက်စေကာ ကိုယ့်ပုခုံးပေါ်မေးလေးတင်ပြီး ကိုယ်ချီရာအသာတစ်ဂျီလိုက်လာသည်

ရေချိုးခန်းထဲထိတော့ ကောင်လေးက လိုက်ပို့ခွင့်မပြု တံခါးနားလေးသာ ချပေးပြီး ထော့နဲ့ထော့နဲ့ ဝင်သွားတဲ့ကောင်လေးကို ပြန်ထွက်လာတဲ့ စောင့်ပေးရမည်

"ငယ်လေး ကို အပြင်မှာရှိတယ်နော် ရှက်ပြာမလုပ်နဲ့ချော်လဲမယ် ဖြည်းဖြည်းချင်းစီလုပ် ကိုစောင့်နိုင်တယ်"

အထဲက ရှက်ပြာရှက်ပြာနှင့် ထပ်ချော်လဲမှာစိုးတာကြောင့် ရတန်မအေး အပြင်မှအထဲကို လှမ်းအော်နေရသေးသည်

~ဂျီ ဂျီ ဂျီ~

စာရေးစားပွဲပေါ်က တုန်ခါနေတဲ့ ခပ်ပါးပါး ဖုန်းအမဲပြောင်လေးကို အမြန်ပြေးယူလိုက်ပြီး screen ဖွင့်ကြည့်တော့ ဖုန်းစိမ်းပင် အလုပ်ကလား ကျောင်းကလားပင် ကိုယ်မသိသော်လည်း ကျောင်းတွင်ကိုယ်ကအကြီးအကဲဆိုပေအုံးတော့ အများကကိုယ့်ဖုန်းနံပတ်သိတာ အံ့ဩစရာမရှိပေ Answer ကို တွန့်ဆုတ်ခြင်းမရှိနှိပ်လိုက်သည် 

~ဟယ်လို~

~ဟယ်လို Hun~

ဒီအသံ...သိပ်ရင်းနှီးတဲ့အသံ မဟုတ်ဘူး ယောင်ဝါးဝါးဖြစ်ဖို့တောင်မလိုဘူး သေချာပေါက် သူပင်..

Favorite PersonWhere stories live. Discover now