Part 12

177 27 2
                                    

"Omma!! "
"Baekhyun သားရေ Ommaကမီးဖိုချောင်ထဲမှာ"
မီးဖိုချောင်ထဲတန်းဝင်လာပြီး အနောက်နေသိုင်းဖတ်ကာ omma ကိုအချွဲလေးလုပ်နေသည်
"ကယ်ပြောပါအုံး ဒီနေ့အကိုလေးနောက်ကျရတဲ့အကြောင်း"
"မပြောချင်တော့ပါဘူး Ommaရာ"
"ဟင်ဘာလို့လဲ? နေပါအုံး ဒီအင်္ကျီကသားအင်္ကျီလည်းမဟုတ်ပါဘူး"
"ဒီလိုရှိတယ်ommaရေ သားကျောင်းကပြန်အလာ ကားကိုဗရုတ်ကျကျမောင်းတဲ့ လူနဲ့တွေ့ခဲ့တာ သူအရှိန်နဲ့မောင်းတာကြောင့် သားအင်္ကျီတွေ စိုကုန်တာအမေရဲ့ ရေတွေစင်ပြီးတော့"
"အော် သားရယ် သူလည်းအရေးကြီးကိစ္စရှိလို့ လောနေလို့နေမှာပါ"
"Omma! သားဖက်ကနာပေးရမှာလေ အဲ့လူကို ommaကမြင်တောင်မမြင်ဖူးပဲနဲ့ သူ့ဖက်ပါပေးနေတာလား"
"လူဆိုတာအကြောင်းကိုယ်စီရှိမှာပဲလေ သားရဲ့"
"တော်ပြီတော်ပြီ ommaနဲ့ဆက်မဆွေးနွေးချင်တော့ဘူး"
"ဒီမှာသားကြိုက်တဲ့ စတော်ဘယ်ရီဝယ်ထားတယ် ommaဖျော်ပေးရမလား"
"သားရေအရင်ချိုးလိုက်အုံးမယ် ပြီးကျဖျော်ပေး နော်နော်"
"ကောင်းပါပြီရှင့်"

*ဟူး တစ်လမ်းလုံးစိတ်ညစ်ခဲ့ စိတ်ရှုပ်ခဲ့ရသမျှ စတော်ဘယ်ရီနဲ့ ommaကိုတွေ့မှပဲနေလို့ ထိုင်လို့ကောင်းတော့တယ် ommaကလည်း ဟို့လူ့ကိုမျက်နှာတောင်မမြင်ဖူးပဲ ကာပေးနေလိုက်တာများ မနာလိုလိုက်တာနော်..!*ချွတ်လိုက်ပြီဖြစ်တဲ့ Chanyeol အင်္ကျီလေးကိုကိုင်ကြည့်ပြီး
"အင်းလေ! ဦးပတိရုပ်လေးကတော့ ပြောစရာမရှိပါဘူး ခန့်ခန့်နဲ့သန့်သန့် အရပ်ရှည်ရှည်ဒေါင်ကောင်းကောင်း ကြည့်ရတာလည်း ပိုက်ဆံရှိမယ့်ပုံပဲ နားကားနေတာလေးကတော့အသက်! ဟီးဟီး"
Baekhyun တစ်ယောက်ပြောပြောပြီး ရီနေတော့သည်
"အရပ်ရှည်ရှည်ဒေါင်ကောင်းကောင်းဆိုလို့ ငါတို့ပါမောက္ခနဲ့တောင်ဆင်သေး..No no! ဒို့ပါမောက္ခ အချောဆုံးပဲ"
တစ်ယောက်ထဲပြောတစ်ယောက်ထဲ ငြင်းရင်း ရေလည်းချိုးပြီး အကျီလဲ ခေါင်းဖီး အမွှေးနံ့သာလိမ်း ခေါင်းစခြေဆုံး သန့်ပြန့်နေပြီမို့ အခန်းထဲကထွက်လာတော့ ဖခမည်းတော်ပြန်ရောက်နေလေပြီ
"Arpa!"
"ဟင်..arpaရဲ့ခွေးပေါက်လေး ပြောလေ"
"Arpaကားယူသွားလို့ သားဒီနေ့လမ်းလျှောက်လိုက်ရတယ်သိလား"
"ဟာ ငါ့puppyလေးသနားပါတယ်ကွာ ကြည့်စမ်းပါအုံးယောပေါ သနားစရာမကောင်းဘူးလားကွာ!"
"Arpa!!"
"စတာပါကွာ Arpa ကားတစ်ခါတည်းယူခဲ့ပြီ ဒါကြောင့် Arpaခွေးပေါက်လေး နောက်နေ့ကျောင်းကိုကားယူသွားလို့ရပြီ"
"ရေး.. ဒါမှ ဒို့Arpaကွ"

Favorite PersonWhere stories live. Discover now