Part -3

232 33 1
                                    


ပါမောက္ခ Hun ၏အတန်းချိန်ပြီးလေတော့ ကန်တင်းသွားမည့်သူကသွား အတန်းဆက်တက်မည့်သူကတက်နှင့် Jun Myeon တစ်ယောက်ကတော့ မနက်ကကျောင်းအလာ ခြေထောက်ခေါက်တဲ့ဒဏ်က ပိုပိုနာကျင်လာသည် Jun Myeon ရဲ့ရှုံ့တွနေတဲ့ရုပ်ကို  baekhyun တစ်ယောက်သတိထားမိသည်

"Jun myeon မင်းဘာဖြစ်နေတာလဲ ဘာအဆင်မပြေလို့လဲ"
"ငါ ငါကွာ အလာတုန်းက ကျောင်းကိုလာဖို့လောနေတာနဲ့ ခြေထောက်ခေါက်သွားတာ"
Oh Sehun ဆိုတဲ့သူရဲ့ကားနဲ့ လမ်းမှာတိုက်မိခဲ့တာကိုတော့ jun myeon မပြောပြလိုတော့
"မင်းတအားနာနေရင် ပါမောက္ခ ကိုပြောပါလား သူ့စီမှာတော့ မင်းကိုတိုက်ဖို့ဆေးရှိရင်ရှိမှာ ငါတော့ဘယ်တုန်းကမှဆေးဆောင်တဲ့သူမဟုတ်တော့ မင်းနာကျင်တာသက်သာအောင်ငါလုပ်ပေးလို့မရဘူး"
"ရပါတယ်ကွာ သူ့ဘာသာသက်သာသွားပါလိမ့်မယ်"
"ဟာ..မင်းကလည်းပေါ့တိပေါ့လျော့နဲ့ကွာ"

Baekhyun တစ်ယောက် Jun myeon ကိုသွားပါလားပြောနေရင် သွားမှာမဟုတ်တဲ့ Jun myeonကို စိတ်မရှည်တော့တာမို့ ကိုယ်တိုင်သာ ပါမောက္ခနားနေခန်းကို သွားလိုက်သည် *ဟုတ်တယ် ငါမှ သွားမပြောပေးရင် သူပိုဆိုးလာလိမ့်မယ် ပြီးတော့သူက ဒီနေ့မှရောက်တာ ငါပဲသူ့အတွက်ရှိမှာ*

ဒေါက်..ဒေါက်
"ပါမောက္ခ..."
"ဝင်ခဲ့"
"အော် baekhyun ဘာကိစ္စလဲ"
Baekhyun လည်းအရိုအသေပေးပြီး
"ပါမောက္ခ ဒီနေ့မှရောက်လာတဲ့ ကျောင်းသားလေ"
"Kim Jun Myeon လေ"
စာရေးရာကနေ မော့ကြည့်လာပြီး
"အင်း baekhyun သူဘာဖြစ်လို့လဲ"
"သူ ကျောင်းအလာလော"နဲ့ခြေထောက်ခေါက်လာလို့ အဲ့တာသူအခုမတ်တပ်တောင် မရပ်နိုင်ဘူးဆရာ တအားနာနေတဲ့ပုံပဲ"

ကိုယ့်အကြောင်းကိုယ်သာအသိဆုံးမို့ ထိုင်ရာကနေ ဇတ်ကနဲထလိုက်ပြီး baekhyun ကို နားနေခန်းထဲ Jun Myeon ကိုခေါ်လာခဲ့လို့ မှာလိုက်ပြီး အခန်းထဲက ဆေးသေတ္တာဗူးကို အပြေးယူလိုက်သည်
"ပါမောက္ခ Jun Myeon ရောက်ပါပြီ "
"မင်း သွားလို့ရပြီ baekhyun နောက်အတန်းချိန်တက်ရအုံးမယ် မဟုတ်လား Jun Myeonကို ခုံနားပို့ပေးပြီး သွားလို့ရပြီ"
"ဟုတ်ကဲ့"

" နာနေလား"
ငုံ့ထားတဲ့ မျက်နှာလေး မော့လာပြီး "ဟုတ်" ဆိုတဲ့တစ်လုံးသာ ပြန်ပြောတာကြောင့် ကိုယ့်လက်ထဲရေဗူးနဲ့ဆေး ပေးလိုက်ပြီး
"ရော့ ဒါသောက်လိုက် အကိုက်ခဲပျောက်ဆေး ဆောင်းအငွေ့ကျန်သေးတော့ မင်းကိုက်နေလိမ့်မယ်"

Favorite PersonWhere stories live. Discover now