Part 33

181 19 20
                                    

အခန်းမကြီးလယ် အပြင်အဆင်တွေမှာလည်း တဖန်သေသပ်လှပနေပြီး လူအပေါင်းရဲ့လက်ခုပ် ဩဘာသံများကလည်း ဝေဆာနေလျက်ရှိသည် ထိုဧည့်ပရိတ်သက် လူတို့ရဲ့ အကြည့်တွေကတော့ ဘုန်းတော်ကြီးရှေ့ ရပ်နေကြတဲ့ တစ်ယောက်ကအဖြူရောင်suit အမဲရောင်ဖဲပြားလေးနဲ့  ချစ်စရာကောင်းစွာ ရီမောနေလျက်ရှိပြီး ကျန်တစ်ယောက်ကတော့ဖြင့် အမဲရောင်suit အဖြူရောင်ဖဲပြားလေးနဲ့  တည်ကြည်ခန့်ညားစွာ ရှေ့ကကောင်လေးကို အချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်လုံးများနဲ့ကြည့်နေသည်

"ကျွန်တော် Oh Jonginသည် Do kyngsoo ကိုသေတဖန်သက်တဆုံး ပေါင်းသင်းသွားပါမည် အေးအတူပူအမျှဝေမျှပြီး ကျွန်တော့်ပျော်ရွှင်မှုထက် Do kyngsooဆိုတဲ့ ကောင်လေး၏ ပျော်ရွှင်မှုကိုသာ အစဉ်အလေးထားဆောင်ကျဉ်းပါ့မည်"

"ကျွန်တော် Do kyngsoo သည် Oh Jongin ကို သေတဖန်သက်တဆုံး ပေါင်းသင်းသွားပါမည် ခင်ပွန်းသည်ရဲ့ ဆန္ဒအလျောက်သာနေထိုင်ပြီး ခင်ပွန်းသည်ရဲ့စိတ်ပျော်ရွှင်မှုသာဖြစ်နိုင်တဲ့ သူအဖြစ် တစ်သက်တာ သေသည်အထိ ဘေးမှာနေထိုင်သွားပါမည်"

"သတို့နဲ့သားနှစ်ယောက်နမ်းလို့ရပါပြီ"

(ကျိန်ဆိုတာ တဖြစ်သူတွေနဲ့တူချင်မှတူပါလိမ့်မယ်နော် သာသာက တမင်ကွန့်ထားတာပါ 🤣)

ဘုန်းတော်ကြီး ဆိုသည့်အတိုင်း သတို့သားနှစ်ယောက်နမ်းပြီး အကြင်မောင်နှံ ဖြစ်ပြီးသည်ထိ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာလည်း ခန်းမအတွင်းပျံ့နှံ့နေပြီး လက်ခုပ်ဩဘာသံများကြား လွှမ်းမိုးလာတဲ့အသံတစ်ခုလည်းရှိပေသည် ထိုအသံကြောင့် အခန်းတွင်းငြိမ်သက်သွားကြသည်

🎤Hello Hello ဧည့်ခံပွဲကြွရောက်လာကြသော ဧည့်ပရိတ်သက်များခဗျာ ကျွန်တော် Oh Sehunပါ ကျွန်တော်ပြောစရာရှိတာမို့ တစ်ချက်နားသောတဆင်ပေးကြပါခင်ဗျ Jun.. ကိုခေါ်တာကြားလား Junတစ်ချက် လောက် State စင်ပေါ်ကိုလာပေးစေချင်ပါတယ်🎤

ရုတ်တရက်ကိုယ့်ကိုခေါ်သည်မို့ အနဲငယ်ကြောင်အစွာ တွေဝေမနေပဲ ဦးခေါ်ရာသာ စိုက်စိုက်မြိုက်မြိုက် သွားခဲ့သည်

စင်ပေါ်ရောက်ပြီးသည်နှင့် ဦးက Micကိုတစ်ဖက်က ကိုင်ကာ တစ်ဖက်က ကိုယ့်လက်ကို ကြင်နာစွာဆွဲကိုင်ပြီး တည်ကြည်သောအပြုံးတစ်ခုဖြင့် ပြုံးပြလာသည်

Favorite PersonWhere stories live. Discover now