~အင်းးးး~"နိုးပြီလား.."
အပျင်းကြောလေးဆန့်တုန်းရှိသေး မျက်စောင်းထိုးကထွက်လာတဲ့ အသံကြောင့် Jun မျက်လုံးပင်ကျယ်သွားသည်
အိပ်ယာပေါ်မှ ခြေထောက်လေးအရင်ချကာ အလုပ်များနေတဲ့ စာရေးခုံကဦးစီကို တလှမ်းချင်းလျှောက်သွားပြီး ဦးနဲ့ မျက်နှာချင်းဆိုင် ဦးရဲ့ပေါင်ပေါ် ခွထိုင်လိုက်တော့ ဦးက ဘောပင်ရော Lap Topပါပိတ်ပြီး သူ့ဆံပင်လေးတွေကို သပ်တင်ပေးသည်
"အွင်းး..လောင်ကုန်း..!"
"လောင်ကုန်း..လောင်ကုန်း ဗျ ဗျ"
"ဘယ်တော့က ပြန်ရောက်နေတာလဲ"
"ငယ်လေးအိပ်နေတုန်းကပါဗျ"
ဦး ရဲ့ လည်ပင်းကို သိုင်းဖက်လိုက်တော့ ဦးက ကလေးချော့သလို သူ့ထိုင်ခုံလေးကိုလှည့်ကာ ခေါင်းလေးကိုအနောက်ကနေ ပွတ်ပေးသည်
"ငယ်လေး ဘာလို့ ညဖက်ကြီး အိပ်နေတာလဲ"
"ဦး မှမရှိတာ ငယ် ပျင်းတာပေါ့"
"Jun မဟုတ်တော့ဘူးလား ငယ်ဖြစ်သွားပြီလား"
"အွင်းးး ငယ်ဖြစ်သွားပြီ"
"ဟွင့်..ဒီလောက်အိပ်ထားတာတောင် ကို့ချစ်ဆုံးလေး အိပ်ချင်မူးတူးသံလေးနဲ့ "
"ဦး ရေချိုးပြီးပြီလား .."
"ရေချိုးပြီးပါပြီဗျ ပြန်ရောက်ကတည်းကချိုးလိုက်ပါတယ် ငယ်လေးနိုးလာရင် ဖက်လို့ရအောင်"
"အင်း..မွှေးနေတာပဲ"
ပုခုံးလေးကို နှာခေါင်းလေးနဲ့ငုံ့ကာ နမ်းရင်း ရသလောက် ဦးပုခုံးပေါ်မှာ မှေးလိုက်သေးသည် ဦးကလည်း ခေါင်းလေးကိုမပြတ်ပွတ်ပေးပြီး ခုံလေးကိုလှည့်နေသေးသည်
"ဦး.."
"ခင်ဗျာ.."
"ပင်ပန်းနေပြီလား"
ဖက်ထားရမှာ ခွါပြီး မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ကိုင်ကာမေးတော့ ဦးက ပြုံးကာ ခေါင်းခါပြတယ်
"ဟင့်အင်း ကို့ငယ်လေး သာရှိရင် မပင်ပန်းဘူးဗျာ"
~မွ~
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻