Hun ရဲ့အသံမာမာ စကားပြတ်ပြတ်တွေကြောင့် Jun လည်းတစ်ခွန်းမှမဟတော့ပဲ အိမ်အထိငြိမ်ငြိမ်လေး သာလိုက်လာခဲ့လိုက်သည် အိပ်ရောက်တော့လည်း ကိုယ့်ထက်အရင် အိမ်ထဲဝင်သွားပြီး အိမ်ပေါ်ထပ်တန်းတက်သွားတာကြောင့် Arjimaက စိတ်ပူတကြီးမေးတော့သည်
"Jun လေး Hun..ဘာပြသာနာတက်လာလို့လဲဟင် Arjimaကို ပြောပြပါအုံး Hunလေးကအေးတိအေးစက်နိုင်ပေမယ့် အင်မတန်စိတ်ရှည်တဲ့ကလေး သူ့ကိုဘာကများအဲ့လောက်စိတ်ဆိုးစေသွားရတာလဲ ပြောပါအုံး"
"ကျွန်တော်ပါ Arjima ကျွန်တော့်ကိုစိတ်ဆိုးသွားတာပါ ကျွန်တော်ရေချိုးမှဖြစ်မှာမို့ခွင့်ပြုပါအုံး"အကြောင်းအရင်းတိတိကျကျပြောပြလို့လည်း မဖြစ်တာမို့ ရှောင်သာထွက်ခဲ့လိုက်တော့သည် ရေချိုးပြီး အောက်ထပ်ဆင်းလာတော့ Hunက စားနှင့်နေပြီဖြစ်သည် Jun ထမင်းဝိုင်းထဲဝင်ထိုင်တော့ ထမင်းကိုသာအာရုံစိုက် အမြန်စားနေသည် Jun ထမင်းထည့်ရုံရှိသေး ထထွက်သွားပြီး ဆိုဖာပေါ်မှာဒီနေ့ရောက်တဲ့ သတင်းစာကို သွားဖတ်နေပြီး တအောင့်ကြာတော့ ဖုန်းလာတာကြောင့် ဖုန်းထွက်ပြောနေသည် Jun ကိုတမင် မခေါ်မပြောရှောင်နေတာ Junအတွက်အဆင်ပြေမနေပါ သူတကယ်မနေတတ်ဖြစ်နေသည်*ငါတောင်းပန်သင့်လား ငါနဲ့Yixingက သူထင်သလိုမဟုတ်ကြောင့်ငါပြောပြဖို့လိုလား ဟာ.. သူနဲ့ငါနဲ့ကဘာမှမှမဆိုင်တာ ဘာတွေအဲ့လောက်ထိရှင်းပြဖို့လိုမှာလဲ! ဒါပေမယ့်လည်း.. ဟာာ မသိတော့ဘူးကွာ!*
Jun လည်း ပန်းကန်ဆေးပြီး ထမင်းစားခန်းကအထွက် Hun လည်း ဖုန်းပြောပြီး အိမ်ထဲဝင်လာတာနဲ့ နှစ်ယောက်သား မျက်နှာချင်းဆိုင်ဆုံကြသည် ဆုံတာမှာ၁မိနစ်ရယ်မရှိသေး မျက်နှာလွှဲသွားတဲ့ Hun ကြောင့် ရင်ထဲဆစ်ခနဲ နာကျင်ရပြန်သည် အပေါ်ထပ်တက်ပြီးတော့သာ စာလုပ်နေတာပဲကောင်းတယ် ဆိုပြီး အပေါ်တက်ဖို့အလုပ်မှာ
"လာအုံး.."
Jun Myeonလည်းသူ့ကို ခေါ်မှန်းသိတာကြောင့် မည်မျှမှ အထွန့်မတက်ပဲ သူ့အနားကိုသာ အသာလေး သွားထိုင်လိုက်သည် ဆေးသေတ္တာထဲမှ အရက်ပြန်တို့ထားတဲ့ဂွမ်းစလေး နဲ့ Jun ရဲ့ နှုတ်ခမ်းပေါ်ဖွဖွလေး တို့တော့ အနာကိုအရက်ပြန်ထိတဲ့ နာကျင်မှုကြောင့် Hun ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်မိသည် Hunကလည်းထိုလက်ကိုမဖြုတ်ပါ နှုတ်ခမ်းကိုအရက်ပြန်နဲ့အသာလေးတို့ရင်း လေအေးလေးမှုတ်ကာ ဆေးထည့်ပေးပြီး သူလုပ်ရမည့်အရာကို သာပြီးအောင်လုပ်နေသည်
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻