ပါမောက္ခဟွန်းတို့နှစ်ယောက် မနက်၂ချက်ထိုးသွားတာကြောင့် ပါမောက္ခဟွန်းလည်း မနက်၉နာရီမှနိုးလာသည်။ ပါမောက္ခဟွန်းလည်း ဒီနေ့တစ်ရက်တော့ကျောင်းကို ခွင့်လှမ်းတက်လိုက်ရသည်။ မတင်လို့လည်းမရတော့ ၉နာရီပဲဖြစ်နေပြီမဟုတ်လား တော်တော်လည်း နေမြင့်နေပြီမို့ ခွင့်တင်လိုက်ရခြင်းပင် ဖြစ်သည်။
ဒီလိုနဲ့ ဖုန်းကိုတစ်ချက်ဖွင့်ကြည့်ပြီး အဝင်callလည်းမရှိသေးတာကြောင့် ပြန်ပိတ်ကာ ဘေးကိုခေါင်းထောင်ကြည့်မိတော့ ဖြူဖြူအုအုကောင်လေး အိပ်နေလိုက်တာများ ဆင်းနင်းရင်တောင် နိုးမည့်ပုံမပေါ်သေး။ အိပ်နေတဲ့ပုံစံလေးကိုကြည့်နေရင်းမှ တကယ်ပင် ထိုကောင်လေး နုဖက်လွန်းသည်မှာထိရက်စရာတောင်မှ မရှိပေ။ မိန်းကလေးရှုံးရလောက်တဲ့အသားရေ ပျော့အိဖြောင့်စင်းနေတဲ့ ဆံပင်ဝဲဝဲလေးတွေနဲ့ မျက်ခုံးနက်နက်၊မျက်တောင်စင်းစင်းလေးတွေ မျက်လုံးလွှဲပစ်ချင်စရာမကောင်းပေ။ မက်မွန်သီးလေးမှာ ဆိုလျှင်လဲ.....
"အွန်း...အင်း...အင်း"
အတွေးတောင်မဆုံးသေးပေ။ ထိုကောင်လေးနိုးချင်နေပြီမို့ထင် ခြေဆန့်လက်ဆန့်လှုပ်လာနေပြီ။
ပါမောက္ခဟွန်းတစ်ယောက် ကိုယ်နေကိုယ်ဟန်ကို ဘေးတစ်စောင်းပြင်လိုက်ပြီး ဖြူလုံးလုံးလေးကို လက်မောင်ပေါ်တင်ကာ ကျန်တစ်ဖက်ဖြင့် ကျောပြင်သေးသေးလေးကို အသာလေးပွတ်ပေးကာ ပြန်ချော့သိပ်စေသည်။
ချော့သိပ်သူကချော့သိပ်သော်ငြား နိုးမည့်သူက နိုးလာနေပြီ ရင်ခွင်ထဲကနေ မျက်လုံးလေးပင့်ကာ ကြည့်နေပုံများ ချစ်စရာလေးပင်။
"ဟင်...ဦး နိုးနေပြီလား"
ကောင်လေးမျက်နှာလေးက အိပ်ရေးဝသည်မှာ သိပ်ကိုသိသာနေသည်။ နဂိုဖြူသည့်အသားရေကိုမှ တင်းတင်းလေးနဲ့ ဖြူဖြူပြောင်ပြောင်လေးဖြစ်နေသည်။
"အင်း ခုနကမှ နိုးတာ ငယ်လေး"ဟုဆိုတာ မျက်နှာအနှံ့ ညင်ညင်သာသာလေးနမ်းမိသည်။
"ဟာ ဦး ငယ်မျက်နှာမသစ်ရသေးဘူးလေ"
"မသစ်ရသေးလဲဘာဖြစ်လဲ နှဖူးလေးပဲနမ်းတာကို"
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻