ပထမဆုံးတွေ့ဆုံချိန် / ပထမဆုံးတွေ့ဆုံချိန်

303 16 9
                                    


"သား အသွေးလေးရေ ဒီမှာ ဘယ်သူလာလဲ လာကြည့်ပါဦး"

မနက် အိပ်ရာထပြီးလို့ ထမင်းစားဖို့အခန်းထဲမှထွက်ခါနီး ကြီးကြီးရဲ့ခေါ်သံကြောင့် အလျင်အမြန်ဆင်းလာလိုက်သည်။ တွေ့ရသူက...

"ဟင်...လေးလေး"
ဒယ်ဒီတို့မောင်နှမသုံးယောက်ရှိသည့်အထဲ အငယ်ဆုံးသားဖြစ်သည့် အသွေးရဲ့လေးလေး ဦးမိုးနိုင်ထက်။

"ငါ့တူလေး ချောလာလိုက်တာကွာ" အသွေးအား ဝမ်းပန်းတသာဆိုရင်း နွေးထွေးစွာဖတ်လာသည်။ သူတို့မိသားစုထဲ မျိုးဆက်ဆိုလို့ သမိုင်းသွေးတစ်ယောက်သာရှိသည်။ လေးလေးမှာ မိန်းမရှိပေမယ့် ကလေးမရနိုင်။ ပြီးတော့ သူတို့လင်မယားက ဒီမှာ ဒယ်ဒီတို့နဲ့အတူမနေ။ ကြီးကြီးကျတော့ အပျိုကြီးသာလုပ်သည်မို့ သားလတ်ဖြစ်သည့် ဦးမိုးမြင့်သွေး၏တစ်ဦးတည်းသောသားသည် ထိုမိသားစုရဲ့ သည်းသည်းလှုပ်စရာသာ။

"လေးလေးက ကျွန်တော် ပြန်လာတာတောင်လာမကြိုဘူး"

"ကြိုချင်တာပေါ့ကွာ မင်းအဖေရဲ့အလုပ်အကြောင်းလည်းသိတယ်မလား ဘယ်လိုမှလွှတ်ထားလို့မရဘူးလေ အလုပ်မှာ မင်းအဖေရှိရင်ရှိမဟုတ်ရင် ငါရှိနေမှရမှာလေ"

"ဟုတ်ပါပြီဗျာ ဒယ်ဒီ့ညီလို့မပြောရဘူး တခါလာလည်း အလုပ်အကြောင်းဘဲပြောနေကြတယ် စိတ်ချ နောက်ဆို ဒယ်ဒီတို့လေးလေးတို့ကို ဟောဒီ့က ကျွန်တော်သမိုင်းသွေးက ကူညီပေးပါ့မယ်ဗျာ"

အပိုလုပ်ကာဆိုလိုက်သော်လည်း လူကြီးတွေမှာ သဘောတကျရယ်သည်။ သမိုင်းသွေးဟာ ထိုကဲ့သို့အချစ်ခံရသူသာ။

"ဒါနဲ့ ဒေါ်လေးရော မလာဘူးလား"
အသွေးမေးသည်က ဦးမိုးနိုင်ထက်ရဲ့ဇနီး ဒေါ်ဖြူသွယ်ဘဲဖြစ်သည်။

"မလာဘူး သား.. သူက အခု စိန်ပွဲစားလုပ်နေရတော့အလုပ်တွေရှုပ်နေတယ်လေ"
ဦးမိုးနိုင်ထက်ပြောတော့အသွေးခေါင်းတညိမ့်ညိမ့်လုပ်သည်။ သို့ပေသိ ကြီးကြီးဖြစ်သူကတော့ ထိုမိန်းမအသံကြားရင် ရှုံ့မဲ့တတ်မြဲ။ သူမကိုယ်တိုင်က ယောင်းမဖြစ်သူနဲ့မတည့်သည်ကို။ ဒယ်ဒီကတော့ ထိုသို့မဟုတ် သာမာန်အတိုင်းသာ။

အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now