ကော်ဖီဆိုင်တစ်ဆိုင်အတွင်း လူအတော်ရှင်းသည်။ နေ့လည်ဘက်မို့လာတဲ့လူနည်းတာလည်းပါမည်။ မြို့ထဲကဆိုင်မို့ အပြင်ဘက် ကားလမ်းမဘက်မှာတော့ ကားတွေလူတွေနဲ့ ရှုပ်ယှက်ခတ်လို့။
ထိုကော်ဖီဆိုင်ရဲ့အတွင်း ထောင့်ကျကျဝိုင်းတစ်ဝိုင်းမှာ ကော်ဖီနှစ်ခွက်ကို အသင့်မှာထားပေမယ့် ကော်ဖီတွေက သိပ်မလျော့သေး။ ကော်ဖီသောက်ရမှာထက် ပြောရမည့်စကားကိုသာ အလေးပေးထားကြပုံပင်။
"ဒီပိတ်ရက်ကျမှဘဲ ကျွန်တော်သွားဖြစ်တော့မယ်ထင်တယ် အမ။ အခုနောက်ပိုင်း အလုပ်မှာ တော်တော်မအားဖြစ်နေလို့။"
ညည်းညူးနေသော နေရိုင်းမှာ တကယ့်ကို အခတ်တွေ့နေဟန်။ ချယ်ရီထက်မှာ နေရိုင်းကိုကြည့်ပြီး သက်ပြင်းသာချနိုင်သည်။ ယခုသူအလုပ်လုပ်နေတဲ့နေရာက ဘယ်မှာလဲဆိုတာ ချယ်ရီသိပြီးသားဖြစ်သည်။ ထိုသို့နေရာမျိုးမှာ အလုပ်လုပ်နေတဲ့သူဆိုတော့ ဘာအမှားယွင်းမှရှိလို့မဖြစ်။ သို့ပေမယ့် သူ့အနေနဲ့ ကိုယ်ရေးကိုယ်တာအရေးကြီးတာတွေကရှိနေတော့ ဘယ်လိုလုပ်နိုင်နင်းပါ့မလဲ။
"ဒါဆို အမဘဲ ဦးအောင်မိုးကို သွားရှာလိုက်ရမလား"
ချယ်ရီ့အမေးကြောင့် နေရိုင်း ကျေးဇူးတင်သလိုဖြစ်ပေမယ့် ယခုကိစ္စကိုတော့ သူကိုယ်တိုင်လုပ်ချင်တာအမှန်။
"ရပါတယ် အမ ကူညီပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ဘဲ ရှာလိုက်ပါ့မယ်"
"ဒါပေမယ့် မင်းက မအားဘူးလေ ပြီးတော့ ဦးအောင်မိုးရဲ့လိပ်စာရှိနေပြီဘဲ အမ သွားကြည့်လိုက်ပါ့မယ်။ ဒါဆို မင်းလည်း စိတ်အနှောင့်ယှက်မဖြစ်တော့ဘူးပေါ့"
"ဒါပေမယ့်.."
"စိတ်ချပါကွ။ အမကိုယုံနော်"
နေရိုင်းလက်ကို လှမ်းဆုပ်ကိုင်ရင်း ယုံကြည်စေရန် ပြောကာ ပြုံးပြလာသောကြောင့် နေရိုင်းလည်း ခေါင်းသာညိမ့်မိတော့သည်။ ဘာပဲဖြစ်ဖြစ် သူမက ယုံကြည်လို့ရတဲ့သူဘဲလေ။
.......
"အားလုံးဘဲ ဒီနေ့အဖို့ ပင်ပန်းသွားကြပါပြီ"
![](https://img.wattpad.com/cover/275696575-288-k101125.jpg)
YOU ARE READING
အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)
ActionI don't wanna describe about this fiction.If you wanna to read something new, you can try in my work. By Hitoku