ရုန်းရခတ်တဲ့ နွံ

136 9 2
                                    

(🔞 This part includes little mature scene🔞)

ညလေအေးတိုက်ခတ်နေသည်ကို ခံစားရင်း အတိတ်က ဖြစ်ရပ်တို့အား တွေးတောကာ လူရှင်းသည့် ရန်ကုန်ပလက်ဖောင်းထက် ခပ်နှေးနှေးလျှောက်လှမ်းနေကြသော လူနှစ်ဦး။ စကားတို့ကို ထပ်မံနှောင်ဖွဲ့ချင်ပေမယ့် အတွေးစတို့ကို အတိတ်ကြောင့်သာ ကိုယ်စီနာကျင်နေကြသည်။

ထိုထဲ ချယ်ရီထက်ဆိုသည့်အမျိုးသမီး ၏နာကျင်မှုတွင် အားနာစိတ် နောင်တစိတ်တို့က ပိုသည်။ သို့သော် သူမဘက်က တောင်းပန်ပါတယ်ဟူသည့်စကားသာ ပြောရုံမှလွဲ သေသူလည်းပြန်ရှင်မှာမဟုတ်သလို သူမ လုပ်ခဲ့မိတဲ့အမှားကလည်း သူမ သေတောင် ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ ချယ်ရီထက် သိသည်။ ထို့ကြောင့်လည်း နံဘေးက နေရိုင်းဆိုတဲ့ကောင်လေးအား ပို၍ အားနာစိတ်ဖြစ်ရသည်သာ။

"ကျွန်တော်နဲ့အတူ လိုက်လာပေးလို့ ကျေးဇူးပါ အမ"

နေရိုင်းဆိုလိုက်သောစကားကြောင့် ချယ်ရီ သက်ပြင်းခပ်ဖွဖွချမိသည်။ ယခုက သူမအလုပ်ချိန်။ တစ်စုံတစ်ယောက်နဲ့ ထိုသို့ထွက်ဖို့ဆိုတာ ဖောက်သည်တွေရှိမှသာ။ ယခုလည်း သူမ မန်နေဂျာကို လှည့်ပတ်ပြီးပြောလိုက်လို့သာ လာလို့ရခြင်းသာ။ အကူညီလိုနေသော နေရိုင်းအား သူမဘက်က ဒီထက်မက လုပ်ပေးသင့်တယ်ဆိုတာ သူမသိသည်။ သို့သော် သူမ စိုးရိမ်နေသည်က တစ်စုံတစ်ရာကတော့ အရိပ်လို လိုက်နေမှာဘဲဆိုတာ သူမ သိနေသည်ကိုပင်။

"အမကိုကျေးဇူးတင်ဖို့မလိုပါဘူးကွာ အမက မင်းကိုဒီ့ထက်တောင်ပိုလုပ်ပေးသင့်တာ... ပြီးတော့ ..."
ချယ်ရီ ဆက်ပြောဖို့ကို တွန့်ဆုတ်မိသည်။ သူမစိတ်ထဲ အတွေးတို့က ခြောက်ခြားနေသည်။ သို့ပေမယ့် စိတ်ကို မနည်းထိန်းကာ ဆက်ပြောဟန်ပြင်လိုက်၏။

"​ဖြစ်ခဲ့သမျှအရာအားလုံးအတွက် အမမှာ အပြစ်ရှိပါတယ် မင်းပြောသလို အမ နောင်တရလားဆိုတော့ ..."
စကားကို ခနဖြတ်ပြီး ချယ်ရီ နေရိုင်းအား ခပ်ဆွေးဆွးကြည့်သည်။ မျက်ဝန်းတို့က မျက်ရည်တလဲ့လဲ့ကြောင့် ရွှန်းစိုနေသည်။ သူမ စိတ်အခြေအနေကို နားလည်သော နေရိုင်းကတော့ ဘာမှမပြောဘဲ သူမအပြောကိုသာ ဆက်နားထောင်စေသည်။

အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now