ထင်မှတ်မထားသည့်အရာ/ထင္မွတ္မထားသည့္အရာ

138 14 15
                                    

ဒယ်ဒီကြိုပြောထားသည်မို့ အသွေး အလုပ်မှဆင်းဆင်းချင်း ဒယ်ဒီနဲ့အတူ ဟိုတယ်တစ်ခု၏ restaurant တစ်ခုသို့လိုက်သွားရသည်။ 5star အဆင့်မှီသည့်နေရာမျိုးမှာ ဖိတ်ပုံအရ ဦးမြတ်သာဂီနဲ့ဒယ်ဒီ့ကြား တစ်ခုခုရှိရမည်။ ဟိုနေ့ကလေးတင် တွေ့တုန်းက ဘာမှထွေးထွေးထူးထူးမပြောပါဘဲ ယနေ့ထပ်၍ ချိန်းသည်ဆိုတော့ ဘာလုပ်ဖို့များလဲ။

သီးသန့်vip အခန်းထိငှားထားသည်မို့ ဧည့်ကြိုတစ်ဦး၏ဦးဆောင်မှုအတိုင်း ထိုသို့ ဒယ်ဒီနဲ့အတူ သွားလိုက်သည်။ အထဲသို့ရောက်တော့ ဖိတ်ကြားသူ ဦးမြတ်သာဂီနဲ့ သူ့သားမြတ်ရူပတို့ကို တွေ့သည်။ အသွေးတို့ကိုတွေ့သည်နှင့်နှစ်ဦးလုံး မတ်တပ်ရပ်ကာ နှုတ်ဆက်လာသည်။

"စောင့်နေတာကြာသွားပြီလား ကိုမြတ်သာဂီ"

"မကြာသေးပါဘူး... လာ ​ဒီမှာထိုင်ပါ"

ဦးမြတ်သာဂီက နေရာညွှန်လျက် ကြိုဆိုတော့ အသွေးရောဦးမိုးမြင့်သွေးရော သူတို့သားအဖရှေ့ ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်မှာတော့ဘာမှရောက်မလာသေး။ သို့သော် မြတ်ရူပက စားပွဲဝိုင်းပေါ်က ဘဲလ်လေးကိုနှိပ်လိုက်တော့ မကြာပါ အခန်းထဲ အစားအသောက်တွေကို လာချပေးသည်။ စုံလင်လှသော အစားအသောက်များကို ရှေးရှုကာ တွေ့ဆုံကြသည့်အကြောင်းရင်းကိုသာ အသွေးသိချင်သည်ကြောင့် ဦးမြတ်သာဂီနဲ့ဒယ်ဒီ့ကို အရိပ်အကဲတချက်ကြည့်မိသည်။ သူတို့နှစ်ဦးသည်လည်း စကားစပြောတော့မည့်ဟန်။

"ဒါနဲ့ သမီး မြတ်လေးရော" ဒယ်ဒီ၏အမေးကြားတော့မှ အသွေး မြတ်လေးနွယ်ကို သတိရတော့သည်။ သူမပါဒီကိုလာမည်ထင်သည်။

"ခနနေရောက်တော့မှာပါ သူ အမှုကိစ္စတစ်ခုကြောင့်နောက်ကျနေတာ"

ဦးမြတ်သာဂီဆိုလိုက်တော့ အသွေးရောဦးမိုးမြင့်သွေးရော နားလည်ဟန်ပြုသည်။ ဦးမြတ်သာဂီမှာတော့ သားဖြစ်သူနားအသာတိုးကပ်ကာ မေးလာသည်။

"မင်းညီမ အခုထိမလာသေးဘူးလား"

"ရောက်တော့မှာပါ လမ်းမှာလို့ပြောတယ်"

ထိုသို့ကြားတော့ ဦးမြတ်သာဂီ မျက်နှာပြန်ပြင်ကာ အသွေးတို့ကို ပြုံးရင်းပြန်လည်ဧည့်ခံသည်။

အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now