ပဟေဋိအပိုင်းအစ

103 6 2
                                    

စားသောက်ဆိုင်ပေမယ့် သန့်ရှင်းသည်။ Classic ဆန်ဆန်မို့ အေးအေးဆေးဆေး စကားပြောရင်း ထမင်းလက်ဆုံစားချင်သူတွေအဖို့ ကွက်တိကျပေလိမ့်မည်။ ထို့ကြောင့်လည်း ဝိုင်းတစ်ဝိုင်းဝယ် လူနှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံနေကြလေသည်။ ထိုသူနှစ်ဦးကား....

"ဒီရက်ပိုင်း အလုပ်တွေရှုပ်နေတယ် ထင်တယ်နော် အသွေး"

ခက်ရင်းနဲ့ဇွန်းကို လိုက်ဖတ်စွာ ကိုင်တွယ်ပြီး အသားဟင်းကို ဖဲ့ယူနေသော မြတ်လေးနွယ်မှာ သမိုင်းသွေးကိုမကြည့်ဘဲ ဆိုနေသည်။ ယခုချိန်းဆိုမှုကလည်း မိန်းမသားဖြစ်တဲ့သူမဘက်ကပင်ဖြစ်၏။ ဤသို့ဖြစ်ရခြင်းကလည်း ဖခင်၏တိုက်တွန်းမှုကြောင့်သာ။ သို့သော် အသွေးသည်လည်း ဤကြားထဲ သူမထံ လူကြီးတွေ သဘောတူထားသည့်ကိစ္စကို ဖွင့်မဟလာသည်မို့ မြတ်လေးအဖို့ မိန်းမသားတစ်ယောက်အနေနဲ့ စိတ်ထဲ စနိုးစနှောင့်တော့ဖြစ်ရသည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူမဘက်ကလည်း တစ်ဖတ်သက်ပြောလို့တော့မရဘူးမလား။

"ဟုတ်တယ် မြတ်လေး ... ငါ အလုပ်တွေရှုပ်နေတာ မင်းလည်းသိတယ်မလား ငါ့အဖေရဲ့အလုပ်တွေကို အခုမှ စလုပ်ဖြစ်တာဆိုတော့"

အသွေးက ပြောနေရင်း အေးအေးလူလူပင် ထမင်းစားနေသည်။ သူ မြတ်လေးကို ထွေးထွေးထူးထူးပြောဖို့ရာ အတွေးမရှိတာကြောင့်ဘဲလား။

"အော်" ဟူသော မြတ်လေးထံမှ သံရှည်စွာအပြီး အသွေးထံမှလည်း ဘာစကားမှမပြောတော့သလို မြတ်လေးသည်လည်း အခြေအနေကိုအကဲခတ်နေသည်မို့ နှစ်ဦးကြား တိတ်ဆိတ်မှုကိုသာ ဖုံးလွှမ်းသည်။ မြတ်လေး အနေရခတ်တာ အမှန်။ မိန်းကလေးတစ်ယောက်ဘက်က ဒီလိုကိစ္စကို စမေးဖို့ဆိုတာ မသင့်လျော်သည်မို့ ငြိမ်နေရပေမယ့် သူ့ဘက်ကရော ထိုကိစ္စကို နည်းနည်းတောင်စိတ်မဝင်စားလေဘူးလား။

"ဒါနဲ့ ငါ့ကို တွေ့ဖို့ခေါ်တာက?"
အသွေးက ဝိုင်ခွက်ကို လှုပ်ခတ်ကာ တစ်ငုံမော့သောက်လိုက်ပြီးနောက် မြတ်လေးချိန်းဆိုရသည့်အကြောင်းကို မေးလိုက်သည်။ အသွေးဘက်က ထိုသို့မေးလာတော့ မြတ်လေး မျက်နှာတော့ပျက်သွားသည်။ တကယ်ဘဲ အသွေးစိတ်ထဲမှ သူမနဲ့ပတ်သက်ပြီး မရှိဘူးဘဲ။ သို့ပေမယ့်လည်း မြတ်လေး မျက်နှာကို ခပ်ပြုံးပြုံးသာ ပြုစေပြီး စပြောရန်သာ ကြိုးစားရသည်။

အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now