နားလည်ရခတ်စေသော/နားလည္ရခတ္ေစေသာ

142 11 15
                                    


"Sun ကျွန်မတို့ Sunနဲ့တွေ့ချင်လို့စောင့်နေတာ"

"Sun မပြန်ပါနဲ့ဦး ဒီမှာနေပါဦးနော်"

ကျစ်!! အာရုံနောက်စရာတွေ။

နေရိုင်း သီချင်းဆိုပြီးလို့စင်ပေါ်ကအဆင်း အရင်တည်းက တွေ့ချင်လို့စောင့်နေကြ ကောင်မလေးသုံးယောက်က အခု နေရိုင်းထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြသည်။ နေရိုင်းမှာ ထိုမိန်းကလေးတွေကို ရှောင်ကွင်းဖို့သာ ကြံနေမိ၏။

"ဆောရီးပါ ကျွန်တော် သွားစရာလေးရှိလို့"

"မရပါဘူး ဒီနေ့တော့ Sun ကျွန်မတို့နဲ့ အတူ စကားပြောရမယ်"

"ဟုတ်တယ် ကျွန်မတို့က Sunနဲ့တွေ့ဖို့ ဒီကို နေ့တိုင်းလာနေတာ"

ဒါကိုတော့သူတို့မပြောလည်း နေရိုင်းသိသည်။ သို့ပေသိ နေရိုင်းက ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်ချင်တာမဟုတ်။

"ကျွန်တော် အရေးကြီးကိစ္စရှိနေလို့ ခွင့်ပြုပါဦး"
ထိုသို့ပြောပြီး လက်မောင်းနှစ်ဖတ်ကို ဟိုတစ်ဖတ်ဒီတစ်ဖတ် ကိုင်ဆွဲထားသည်မှ အတင်းရုန်းထွက်သွားသော နေရိုင်းအား မိန်းကလေးတွေမှာ တSun Sunနဲ့ လှမ်းခေါ်ပေမယ့် ထိုသူကတော့ မသိချင်ယောင်သာဆောင်သွားတော့သည်။

"Sunကတော့လေ အမြဲ ဒီလိုဘဲ ရှောင်ထွက်သွားတယ် ဘာမှန်းလည်းမသိဘူး"

"ဘာပဲဖြစ်ဖြစ် အဲ့လိုလေးဂရုမစိုက်သလို လုပ်တာကိုက ချစ်ဖို့ကောင်းနေတာ အဟိ"

"ဟုတ်တယ် ဒီနေ့လည်း သူဆိုသွားတာလေးက အသံကိုချိုနေတာဘဲ အားးးး ချစ်စရာလေးဟယ်"

သုံးယောက်သားမှာ စိမ်းစိမ်းကားကားလုပ်သွားတာတောင် ထိုလူကို သဘောကျကြောင်းပြောနေသည်။ သူတို့အ​ခြေအနေကို လှမ်းကြည့်နေသော အသွေးကတော့ မျက်ခုံးပင့်မိသည်အထိဖြစ်နေရသည်။ ဒီကောင်က ဒီလောက်တောင် ပေါ်ပြူလာဖြစ်သည်လား။ အသွေးလည်း သူ့အကြောင်းပိုသိချင်လာသည်နှင့် သူငယ်ချင်းသူကို အပြင်ခနထွက်လိုက်ဦးမယ်ပြောကာ ရဲမြတ်ကိုတစ်ယောက်တည်းထားပြီး ထွက်လာလိုက်သည်။

နေရိုင်း ဟိုမိန်းကလေးသုံးယောက်လက်ထဲမှလွတ်လာပြီး စားသောက်ဆိုင်အပြင်ရောက်တော့ စက်ဘီးယူရန် ပါကင်ဘက်သွားလိုက်သည်။ ထိုကားပါးကင်၏မျက်စောင်းထိုးတစ်ဖတ်ခြမ်းတွင်ရှိသော မိုတယ်တစ်ခုသို့ နေရိုင်း ဘာရယ်မဟုတ် အကြည့်ရောက်တော့ ထိုထဲမှထွက်လာပုံရသည့် အမျိုးသားတစ်ဦးက သူ့ဘေးမှခပ်လန်းလန်းအမျိုးသမီးကို ပခုံးဖတ်ထားသည်။ သူတို့နှစ်ဦးလုံး၏ ပုံစံက ပျော်ရွှင်နေကြဟန်။

အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now