156 12 18
တရားရုံးအတွင်း လူတွေ ရှုပ်ယှက်ခတ်နေသည်။ ဤနေရာမှာ အမှုကိစ္စနဲ့အမြဲရှုပ်ယှက်ခတ်နေတတ်တာမဆန်း။ ထိုနေရာသို့ ရောက်လာသည့်လူတော်တော်များများက အမှုပေါင်းများစွာကို ဖြေရှင်းရန်ဖြစ်သလို ထိုနေရာမှာရှိသည့်အစိုးရဝန်ထမ်းတွေကလည်း အမှုပေါင်းများစွာထဲကမှ သာသည်ကို ဖြေရှင်းချင်သည့်လူတွေများသည်။ နိုင်ငံတစ်ခုရဲ့ရှေ့နေကောင်းဖြစ်ဖို့ဆိုတာ လွယ်ကူတာမဟုတ်။ ရိုးသားမှုကိုပြဖို့ဆိုတာလည်း လွယ်တာမဟုတ်။ တရားခံစစ်စစ်ကိုအမိအရဖမ်းဖို့ဆိုတာလည်း လွယ်တာမဟုတ်။ ဤကား လောကနိယာမဘဲလေ။
"လာပြန်ပြီလားကွာ မင်းကို မကူညီနိုင်ဘူးလို့ပြောပြီးပြီလေ"
စာရင်းကိုင်လူတစ်ဦးက နေရိုင်းအား စိတ်ရှုပ်စွာဖြေလာသည်။ နေရိုင်းဆိုသူကလည်း သူလိုချင်တာကို မရရအောင် ကြိုးစားတတ်သူ။
"ဘာလဲ ခင်ဗျားတို့က ငွေပုံပေးမှ လုပ်ပေးမှာလား"
"ဒီမှာ ဒါက တရားရုံးနော် မင်းကိုယ်မင်း စျေးထဲမှ ငါးဝယ်အသားဝယ်တယ်များထင်နေလား။ ငါတို့က ဒီမှာ အမှုတွေအများကြီးကို လုပ်ပေးနေရတာ လွန်ခဲ့တဲ့ ၆နှစ်က အမှုကို ပြန်ရှာပေးဖို့ အချိန် ငါတို့မှာမရှိဘူး အေး မင်းက အရမ်းတွေအရေးကြီးနေရင်လည်း ထောက်ခံစာတွေခွင့်ပြုမိန့်တွေ သွားယူလာခဲ့ သွား"
ဒီစကားတွေဘဲ နေရိုင်းကြားနေရတာ ခနခန။ ထိုခွင့်ပြုချက်ဆိုတာတွေကလည်း လွယ်လွယ်နဲ့ရတာမဟုတ်။ နေရိုင်းအနေနဲ့က ဒီအရာတွေကိုလုပ်ရမှာ ခတ်ခဲ​နေသည်မို့ နေရိုင်း ဒီကိုတိုက်ရိုက်လာခြင်းပင်။ ဒီလူတွေကလည်း လွယ်လွယ်နဲ့မရ ပိုက်ဆံပေးမှလုပ်ပေးမယ့်သူမျိုးတွေ။ ဒါပေမယ့် နေရိုင်းကတော့ လုံးဝ လက်မလျှော့ ဒီကို အပတ်တိုင်းလိုလို လာကာ ထိုကိစ္စမလုပ်ပေးမချင်း ခေါင်းမာပေးလိုက်သည်။
"ကျုပ်ကလည်း အဲ့အမှုကို ရှာမပေးမချင် ဒီက မသွားဘူး"
"တောက်!! တော်တော်ပြောရခတ်တဲ့လူ"
စာရင်းကိုင်လည်းတော်တော်စိတ်ရှုပ်နေပြီ။ နေရိုင်းကလည်း ခုံပေါ်မှာ ခြေချိတ်ထိုင်ပြီးကိုစောင့်နေတာ။
အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now