နေရိုင်းတစ်ယောက် ယနေ့မှ ကံဆိုးမှုတွေ ကြုံလာရသည့်အဖြစ်။ အကြောင်းမှာ အစည်းအဝေးလုပ်နေသည့်အချိန်အတွင်း နေရိုင်းနဲ့မျက်စောင်းထိုးလောက်မှာ ရှိသည့် သမိုင်းသွေးနဲ့ အကြည့်စစ်ခင်းနေရခြင်းကြောင့်ပင်။ အထဲကိုစရောက်ပြီးမကြာ နေရိုင်းအား လက်ထောက်ကာကြည့်တာတမျိုး၊ လက်ကြီးပိုက်ကာ ကြည့်တာက တမျိုး၊ လက်နှစ်ဖတ်ကိုယှက်ပြီး မေးမှာထောက်ကာ စူးစူးရဲရဲကြည့်တာကတမျိုးဖြင့် နည်းမျိုးစုံကို ကြည့်နေပါသော ဒီသမိုင်းသွေးဆိုတဲ့ကောင် တကယ့်ကို ဘာဖြစ်ချင်နေတာလဲ။
ခုံမှာထိုင်ပြီး ကြည့်တာနဲ့ပြီးလားဆိုတော့လည်းမဟုတ် ကြော်ညာဌာနအတွက် ကိုယ်စားလှယ်ပြောရမည့်အလှည့်ရောက်တော့လည်း ဒီလူရဲ့အကြည့်စက်ကွင်းကနေမလွတ်ပြန်။ ဒီလူ့မျက်ဝန်းတွေကို နေရိုင်းမကြိုက်။ လူကိုကြည့်တာ မရိုးမသားနဲ့။ ဘယ်လိုပြောရမလဲ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကြည့်တဲ့ ရီဝေဝေအကြည့်တွေ။ သူနဲ့မပတ်သက်ချင်လို့ မသိချင်ယောင်ဆောင်နေလည်းမရ။ ဒီကောင်က ထင်ထားတာထက် အန္တရာယ်များတယ်။
"အခုတင်ပြသွားတာတွေအတွက် CEO ကိုသမိုင်းသွေးက အကြံပေးစေချင်ပါတယ်"
ကုမ္ပဏီ၏ အရေးပါသည့် တာဝန်ခံလူတစ်ဦးက ပြောတော့ အသွေး နေရာမှထကာ ဗဟိုနေရာကို သွားလိုက်သည်။ နေရာက ဘဲဥပုံကိုမှ ထိပ်မှာက LEDအရေှ့ နေရာအလွတ်ထားထားသည်။ ထိုနေရာမှာဘဲရပ်ပြီး အရှေ့က စောင့်ကြည့်နေသူတွေကို တချက်ဝေ့ကြည့်သည်။ ဝတ်ထားသည့် Suit formနဲ့ ရပ်နေသည့်စတိုင်က သိပ်ကိုကြည့်ကောင်းနေသည်ဆိုတာ ဝန်ခံရမည်။ သူ့အား အရှေ့ကလူတွေအားလုံး အာရုံမလွဲနိုင်အောင်ကို ကြည့်နေကြသည်။ သေချာတာတော့ နေရိုင်းလည်းပါသည်ပေါ့။ သို့ပေသိ အသွေးအပေါ်ထားတဲ့ သဘောထားကတော့ တခြားလူတွေနဲ့မတူဘူးဆိုတာ သေချာသည်။ အဲ့လိုထူးခြားတာကိုဘဲ အသွေးက စိတ်ဝင်စားတာ။
"ကျွန်တော့်အနေနဲ့ ပထမဆုံးပြောချင်တာက ဒီတစ်ခေါက်လုပ်မယ့် ပရောဂျက်မှာ ပြည်ပဧည့်သည်တွေအတွက်ကိုပါ ဦးစားပေးပြီး ထည့်သင့်ပါတယ် စီမံဌာနကပြောသွားသလိုမျိုး ဒီပရောဂျက်က စိတ်ဝင်စားဖို့ကောင်းပါတယ် ဒါပေမယ့် နေရာဒေသကို သေချာစဥ်းစားဖို့လိုပါတယ် ဟိုတယ်တင်မဟုတ်ဘူး တခြားအပန်းဖြေနေရာပါ ထပ်ထည့်ရင် ဒါက တကယ့်ကို အဆင်ပြေစေမှာပါ ကျွန်တော့်တို့Targetကိုတော့ ပြည်ပဧည့်သည်ကိုထားသင့်ပါတယ် ကြော်ညာဌာနကပြောတဲ့ အွန်လိုင်း marketing ပိုင်းကိုသာ အဓိထားရင်တော့ လူငယ်တွေအတွက်ပိုပြီး targetထားရာရောက်မှာပါ ဒါကိုတော့ တမျိုးတဖုံ ပြောင်းပြီးစဥ်းစားရမယ် shopping mallဆိုရင် လက်ရှိ ပြောင်းလဲနေတဲ့ ခေတ်မှာက...."
![](https://img.wattpad.com/cover/275696575-288-k101125.jpg)
YOU ARE READING
အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)
ActionI don't wanna describe about this fiction.If you wanna to read something new, you can try in my work. By Hitoku