ဘဝမှာ ကောင်းရာကောင်းဝယ် လုပ်စားပြီး လူမှန်လုပ်ရတာ စောက်ရမ်းစိတ်ညစ်ဖို့ကောင်းတယ်ဆိုတာ ခင်ဗျားတို့သိကြလား။တချို့ဆို ပိုက်ဆံလေး တစ်ပဲခြာက်ပြားရဖို့ တနေကုန် သူတစ်ပါးလက်ထဲ အောက်ကျနောက်ကျခံရတယ်။
တချို့ကျတော့လည်း တနေကုန် ခေါင်းခြောက်ခံရပြီး အထက်လူရဲ့ ဆူပူကြိမ်းမောင်းမှုကြားက ကုန်းရုန်းရှာရတယ်။
တချို့ကျပြန်တော့လည်း သူများကို ခိုင်းဖို့အာဏာရှိတာတောင် ပိုပြီး လောဘကြီးချင်ကြတယ်။
လူတိုင်းက ရိုးသားမှုဆိုတာကို ရှေ့တန်းမတင်ဖြစ်တော့ဘူး။ ဒီဘဝမှာ ကျင်လည်ရတာများလာလေ ရိုးသားမှုဆိုတာ ကွယ်ပျောက်လာလေဘဲ။
လူလည်တွေ လူယုတ်မာတွေ လူလိမ်တွေကြားမှာ မင်းသာ ရိုးသားနေရင် သေချာတယ် မင်းကို သူတို့တွေက အမဲဖြတ်သွားကြမှာ။ ဒီလို မရိုးသားတော့တဲ့လောကကြီးမှာ မင်းအနေနဲ့ လက်မြန်ရမယ် ဦးနှောက်သုံးတတ်ရမယ်။
မခိုးမဝှက်၊ လူမသတ်၊ တရားမဝင်မလုပ်တိုင်းလည်း မင်းက လူလိမ္မာမဟုတ်သေးဘူးဆိုတာ သတိရလိုက်ပါ။ ပြီးတော့ ဒီလိုလောကကြီးမှာ ငွေရှိရင် အရာရာပြီးမြောက်တယ်ဆိုတာ မင်း လူလိမ္မာမဟုတ်ရင် သဘောပေါက်လိမ့်မယ်။ ငွေသာအရှင်သခင်ဆို တရားမျှတမှုက ကျေးကျွန်ဘဲ။
ကိုယ်ညံ့ရင် ကိုယ်ခံရမယ်ဆိုတာ မင်း လောကကြီးအကြောင်းကိုပိုသိရင် ပိုနားလည်လာမယ်ဆိုတာ သတိရပါ။
>>>အရိုင်းဆန်မဲ့သွေး<<<
၂၀၁၇၊ အောက်တိုဘာလ
"မမေသူမောင် အသက် ၂၀နှစ် အဖ ဦးခင်မောင်၏သမီးဖြစ်သူ သေဆုံးမှုအပေါ် သံသယရှိတရားခံ ဦးမိုးနိုင်ထက်အား သက်သေများနှင့်တကွ စစ်ဆေးခဲ့ရာ စွပ်စွဲပြောဆိုထားသည်များမှာ ခိုင်လုံခြင်းမရှိသည့်အပြင် မတော်တဆမှုတစ်ခုသာဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် သံသယရှိတရားခံ ဦးမိုးနိုင်ထက် အဖ ဦးမိုးထက်သွေး၏သားဖြစ်သူအား ယခုအမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်သွားကြောင်း အမိန့်ချမှတ်လိုက်သည်"
![](https://img.wattpad.com/cover/275696575-288-k101125.jpg)
YOU ARE READING
အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)
AcciónI don't wanna describe about this fiction.If you wanna to read something new, you can try in my work. By Hitoku