ခံစားချက်/ခံစားခ်က္

158 15 10
                                    

ဝုန်း!!!
ကျယ်သွားသည့်အသံနှင့်အတူ ​ကြမ်းပြင်ပေါ်ပြုတ်ကျသွားသော အသွေး။ အကြောင်းမှာ နေရိုင်း အားကုန်သုံးပြီး အသွေးအား တွန်းလိုက်သောကြောင့်ပင်။ နာသွားဟန်ရှိသော အသွေးမှာ ခုံပေါ်မှာထိုင်လျက် မိမိကို မကျေမနပ်ဒေါသူပုန်ထွက်ကာ ကြည့်နေသော နေရိုင်းကို မျက်မှောင်ကြုံ့ပြန်ကြည့်မိသည်။ ဒီကောင် တကယ့်ကို အားရှိသည်ဘဲ။ သူ့ကို အထင်သေးလို့မရတာ အမှန်။

"မင်း ဘာလုပ်တာလဲ"
အသွေးမှာ နာနေသော ကိုယ့်လက်ကို အသာပွတ်ရင်း နေရိုင်းအား မကျေမနပ်မေးမိသည်။ နေရိုင်းကတော့ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ ကြမ်းပြင်ပေါ်မှာလဲကျနေသည့် အသွေးကို ဘုကြည့်ကြည့်လိုက်သည်။

"ငါက ပြန်မေးရမှာ မင်း ငါ့ကို ခုနက ဘာလုပ်လိုက်တာလဲ"
သူ့နှုတ်ခမ်းသူ ရွံရှာသလို သုတ်ပစ်ကာ မေးနေသော နေရိုင်းကိုကြည့်ပြီး အသွေး နှုတ်ခမ်းတစ်ဖတ်ကွေးကာ ပြုံးမိသည်။ ထို့အတူ လဲကျနေရာမှ ထရပ်လိုက်ကာ နေရိုင်းနဲ့ မျက်နှာချင်းဆိုင်စေပြီး ပြောလာသည်က...

"မင်း ငါ့ကို ထိုးလို့အပြစ်ပေးတာလေ"

"မင်း သေချင်နေတာလား"
နေရိုင်းက ပြောရင်း ဒေါသထွက်စွာ အသွေး၏အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်သည်။ ထိုအခါ နှစ်ဦးလုံးမျက်နှာက ပြန်နီးကပ်သွားသည်။ နေရိုင်းကတော့ အသွေးအား ရန်လိုသော အပြုအမူသာရှိနေပေမယ့် အသွေးကတော့ လိုချင်တာရသွားသလိုပြုံးတုံ့တုံ့။

"မင်းရဲ့နှုတ်ခမ်းက သိပ်ချိုတယ်"

"ခွေးမသား!!"

နေရိုင်း၏နှုတ်ခမ်းကို လက်ညှိုးဖြင့်တချက်ပွတ်ဆွဲပြီး ရိသဲ့သဲ့ပြောလာသော အသွေး၏စကားတို့ကြောင့် နေရိုင်း ဒေါသဖြစ်စွာ ဆဲဆိုလိုက်ပြီး နောက်ထပ်လက်တစ်ဖတ်ကို မြှောက်လိုက်ကာ ထိုးတော့မည်ကြံလိုက်သည်။ သို့ပေမယ့် အသွေးက မြင်ရက်သားနဲ့မရှောင်ဘဲ နေရိုင်း ထိုးလို့ရရန် ခေါင်းကို ပိုစောင်းပေးကာ အမြင်ကတ်ဖို့ကောင်းအောင် ပြုံးလာသည်။ နှုတ်ကလည်း...
"မင်းအနမ်းခံချင်ရင် ထပ်ထိုးလိုက်လေ"
ထိုသို့ပြောလာလေတော့ နေရိုင်း တောက်တချက်ခေါက်လိုက်မိသည်။ ထို့အတူ အသွေးကိုလည်း ဆောင့်တွန်းလိုက်ကာ အိမ်ကနေမြန်မြန်ထွက်သွားခိုင်းသည်။

အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now