"ငါ သွားစရာလေးရှိလို့ လာမကြိုတော့ဘူးနော်"
မြတ်လေးအားကြိုရန် ရောက်လာပြီးမှ ငနှီကောင် နေရိုင်းနဲ့တွေ့ခဲ့သည်မို့ ယခုလို ဖျက်လိုက်ရခြင်းပင်။ အဟက် သူကတောင်ကိုယ့်အတွက် အရေးကြီးပုဂ္ဂိုလ်လိုဖြစ်နေပါရောလား။"ဘယ်ကိုလိုက်ပို့ရမလဲ"
ဖုန်းပြောပြီးနောက် ဘေးမှအရိုင်းအစိုင်းလေးအားမေးလိုက်တော့ သူသည်လည်း တစ်စုံတစ်ဦးထံစာပို့နေဟန်လုပ်နေရင်း မိမိထံမကြည့်ဘဲ ပြောလာသည်။"အိမ်ဘဲလိုက်ပို့တော့"
ဘာလဲ သူနဲ့မသွားချင်လို့ အိမ်ပို့ခိုင်းတယ်ပေါ့။ ဒီကောင်လေး ဘယ်သူနဲ့ချိန်းတွေ့မှာမို့လို့လဲ။"ငါ့ကိုပြစမ်း"
ပြောပြောဆိုဆိုဖြင့် နေရိုင်း၏ဖုန်းအား ဆွဲလုသွားသော အသွေးကြောင့်နေရိုင်းဒေါသဖြစ်သွားသည်။ ထို့အတူ ဖုန်းကိုလည်း ကြည့်မယ်ပြင်နေသောကြောင့် နေရိုင်း ချက်ချင်းပင် သူ့ထံမှ ပြန်ဆွဲလုရန် လုပ်ပေမယ့် တဖတ်ကလည်းလျင်မြန်စွာ ဖုန်းကိုင်ထားသည့်လက်အား အနောက်သို့ရွှေ့လိုက်လေတော့ နေရိုင်းမှာ အရှိန်လွန်ပြီး အသွေး၏ရင်ဘက်ထံမျက်နှာပြေးကပ်တော့သည်။
တဒိတ်ဒိတ်ခုန်နေသော သမိုင်းသွေး၏ရင်ဘက်မှအသံကို နားစွင့်မိရင်း နေရိုင်း အကြောင်သားဖြင့် မလှုပ်မယှက်နေမိသည်။ အသွေးသည်လည်း လက်ကို နောက်ပစ်အတိုင်းသာထားရင်း အခုန်မြန်နေသော ရင်ခုန်သံနှင့်အတူ အသက်ရှုရပ်မတန့်ဖြစ်နေတော့သည်။ ဤအနေအထားက သမိုင်းသွေးအတွက် ဤမျှလောက်စိတ်လှုပ်ရှားစေရသလား။
စက္ကန့်အနည်းငယ်လောက် ထိုပုံစံအတိုင်း နေနေရင်း နေရိုင်းဘက်မှ အသိစိတ်ကပ်လာသည်ကြောင့် ချက်ချင်းပင် အသွေးထံမှ ဖုန်းကိုလှစ်ခနဲယူလိုက်သည်။ ထိုစဉ်ခန ငုံ့ထားသောအသွေး၏မျက်နှာနှင့်မော့လိုက်မိသည့်နေရိုင်း၏မျက်နှာတို့ကြား အသက်ရှုခပ်မျှင်းမျှင်းသာ စီးဆင်းတော့သည်။ ထို့အတူရင်ခုန်သံစီးချက်သည်လည်း နှစ်ဦးလုံးထပ်တူညီနေလေ၏။
ထိုအချိန်ခနကို မသိချင်ယောင်ဆောင်ကာ ကိုယ့်နေရာကို ပြန်ထိုင်လိုက်သူက နေရိုင်းပေမယ့် လိုရင်းတောင်မေ့သွားရလောက်အောင်အသက်ရှုရပ်မတန့်ကျန်ရစ်သူက အသွေးသာ။ သူ တကယ်ဘဲမှင်သက်သွားမိတာ။
YOU ARE READING
အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)
AçãoI don't wanna describe about this fiction.If you wanna to read something new, you can try in my work. By Hitoku