ညခင်း ၁နာရီကျော်ကျော်သာရှိဦးမည့်အချိန်ထိ နေရိုင်း အိပ်လို့မပျော်။ ထိုညတွင် သူ ကောင်းကောင်းအိပ်မပျော်ဘူးဆိုတာ သိနေပါသည်။ အတွေးထဲမှာလည်း သူသိပ်မုန်းပါသည်ဆိုတဲ့ မိသားစုရဲ့သားက တစ်အိမ်တည်းအတူရှိနေတဲ့အကြောင်းကိုသာ မစဉ်းစားဘဲ ခေါင်းထဲ နေရာအပြည့်ယူထားသည်။ ဝန်ခံပါသည်။ သူ သမိုင်းသွေးဆိုတဲ့လူနဲ့ လုံးဝမပတ်သက်ချင်ခဲ့ပါ။ သို့သော် နေရိုင်းရှိတဲ့နေရာတိုင်း အမြဲရောက်ရောက်လာတတ်ပြီး လူကိုလည်း အမြဲလိုက်နှောင့်ယှက်နေတတ်သော သူ့ကို ဘာလို့များ မငြင်းဆန်နိုင်မိခဲ့တာလဲ။ မဖြစ်တော့။ အခုလို အခြေအနေမျိုးထိရောက်သွားအောင် ခွင့်ပြုပေးမိတဲ့ကိုယ့်ကိုယ်ကိုလည်း မယုံနိုင်။ ဒီ့ထက်မက အဆင့်တွေတက်လာရင် ...
အဆင့်တက်လာရင် ဟုတ်လား? ငါ ဘာလို့များ ထိုအထိတွေးမိသွားတာလဲ။
သူနဲ့ကိုယ်ဆိုတာ မိတ်ဆွေဆိုတဲ့ခေါင်းစဉ်အောက်မှာတောင်မရှိတာ ဒီ့ထက်ဘာကိုမျှော်လင့်နေတာလဲ။ ယခုလိုတွေးနေမိတဲ့ ကိုယ်က ရူးနေတာဘဲနေမှာ။
နေရိုင်း ကိုယ့်ကိုယ်ကိုစိတ်ပျက်စွာ ကျစ်ဆုတ်မိသည်။ ထို့နောက် အဓိပ္ပာယ်မရှိတာတွေဆက်မတွေးတော့ဘဲ အိပ်မရမယ့်အတူတူ အခန်းထဲမှ ထွက်လာလိုက်သည်။ ဟိုကောင် အခုချိန်ဆို အိပ်နေပြီလားမသိ။
အခန်းရှေ့ရောက်တော့ ထင်သည့်အတိုင်းပင်။ တစ်ခုတည်းရှိသော ဆိုဖာပေါ်တွင် လက်ကြီးပိုက်လျက် လဲလျောင်းကာ အိပ်စက်နေသော သူ။ နေရိုင်း သူ့နားသွားကြည့်တော့... အောင်မယ် ဒီကောင်က ဇိမ်ကျနေတာ။
နေရိုင်းတစ်ယောက် မနာလိုဖြစ်ပြီး လက်သီးဖြင့်ရွယ်မိပေမယ့် အိပ်ပျော်နေသော သူ့ကို မနှောင့်ယှက်ချင်တော့။ အခုလိုကျတော့ အမြဲတမ်း ကိုယ့်ကို လိုက်နှောင့်ယှက်တတ်တဲ့ သမိုင်းသွေးမဟုတ်တဲ့အတိုင်း။ ဒီလိုကောင်က အိပ်နေတဲ့အချိန်ကျမှ ကြည့်ကောင်းတာ။
"သေစမ်း! သူ့လိုလူကိုများ ကြည့်ကောင်းတယ်လို့ တွေးနေမိတယ်တဲ့လား။ ငါတော့ တကယ်ရူးနေပြီ"
နေရိုင်းတစ်ယောက် နှုတ်မှ တတွတ်တွတ်ရေရွတ်ရင်း ကိုယ့်ကိုယ်ကို အပြစ်တင်နေလေသည်။ ထို့နောက် ဆက်ပြီး တွေးမနေတော့ဘဲ ခပ်လှမ်းလှမ်းမှာချထားသည့် ရာန၏စောင်တွေထဲက တစ်ခုယူလိုက်ပြီး ဒင်းကို ခြုံပေးလိုက်သည်။ တော်ကြာ သူဌေးသားလေး ဒီလိုနေရာမျိုးမှာလာအိပ်လို့ ခြင်ကိုက်ပြီး သေသွားဦးမယ်။
YOU ARE READING
အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)
AcciónI don't wanna describe about this fiction.If you wanna to read something new, you can try in my work. By Hitoku