"ကိုကြီး ...အသွေးကို CEOရာထူးပေးမယ့်အကြောင်း ကျွန်တော့်ကိုလည်း မပြောပါလား"
ဥက္ကဌရုံးခန်းအတွင်း ဦးမိုးမြင့်သွေးအား ဦးမိုးနိုင်ထက်က မေးလာသည်။ သူ ထိုကိစ္စကို အစည်းအဝေးမှာထဲက ပြောချင်ပေမယ့်အခွင့်မရလို့သာ။
"အခုလည်း သိသွားပြီဘဲမလား"
ဦးမိုးမြင့်သွေးက သူလုပ်လက်စအလုပ်ကိုသာ စားပွဲမှာ လုပ်နေရင်း ပြောသည်။ ဦးမိုးနိုင်ထက်မှာ သူ့ကိုဂရုမစိုက်သည်ကြောင့် မျက်နှာကပျက်ယွင်းနေလေပြီ။"ကိုကြီး ဒါကတော့ မဟုတ်သေးဘူးလေ ကျွန်တော်က ကိုကြီးရဲ့ညီပါ ကျွန်တော့်ကို ဒီအကြောင်း ကြိုပြောပြထားသင့်တယ်မဟုတ်ဘူးလား"
"မင်းက ဘာကိုမကျေမနပ်ဖြစ်နေတာလဲ ငါ မင်းကို ကြိုမပြောလို့လား ဒါမှမဟုတ် ငါ့သားက မင်းကိုကျော်ပြီး CEOဖြစ်သွားလို့လား"
ဒီတစ်ခါတော့ ဦးမိုးနိုင်ထက်ကို အကြည့်ချင်းဆုံပြီးမေးလိုက်ခြင်းပင်။ ဦးမိုးမြင့်သွေးအကြည့်မှာ ပြတ်သားသလို ဦးမိုးနိုင်ထက်မှာတော့ သူခိုးလူမိသွားသလို။
"ကျွန်တော်ပြောတာ အဲ့လိုသဘောမျိုးမဟုတ်ပါဘူး အသွေးက အခုမှ နိုင်ငံခြားကပြန်လာပြီး ဒီလုပ်ငန်းကိုစဝင်တာလေ ဒါကို ဒီရာထူးပေးလိုက်တော့ သူ့အတွက် riskများဖြစ်သွားမလားလို့ပါ"
အလျင်အမြန်ပြန်ဖာလိုက်သော ဦးမိုးနိုင်ထက်စကားကို ဦးမိုးမြင့်သွေး အရေးမစိုက်။ သူ့ဖိုင်ဆီအကြည့်ပြန်ပို့သည်။ သဘောက သူ့ဘာပြောပြော ဆုံးဖြတ်ချက်ပြင်မှာမဟုတ်သလို ညီဖြစ်သူကိုလည်း ဂရုမစိုက်ကြောင်းပင်။ ထိုအခါ ဦးမိုးနိုင်ထက်မှာ ကွယ်ရာဝယ် မကျေနပ်သည့် အကြည့်ဖြင့်သာကြည့်ပေမယ့် သူ့အတွက် ချေပဖို့အခွင့်မရှိခဲ့။
"မင်း ဘာမှပြောစရာစကားမရှိတော့ဘူးမလား ငါအလုပ်လုပ်ရဦးမယ်"
ဤအခန်းမှ မြန်မြန်ထွက်သွားဟူသည့်သဘောကိုပြသော အကိုဖြစ်သူ၏စကားကြောင့် ဦးမိုးနိုင်ထက်မှာ "သွားလိုက်ပါဦးမယ်"ဟုသာ ပြောနိုင်ပြီး ထွက်သွားရန်ပြင်လိုက်သည်။"မင်းအတွက် အခွင့်အရေးတွေက လွန်ခဲ့တဲ့ ၆နှစ်လောက်တည်းက ဆုံးရှုံးသွားခဲ့ပြီဆိုတာ မင်းသတိရဦး"
YOU ARE READING
အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)
AzioneI don't wanna describe about this fiction.If you wanna to read something new, you can try in my work. By Hitoku