အတိတ်ကနောင်တ/အတိတ္ကေနာင္တ

152 12 3
                                    

"မင်းမှာ ဘာကိစ္စတွေရှိနေလို့လဲ နေရိုင်း။ ငါက မင်းသူငယ်ချင်းနော် မင်းတစ်ခုခုလိုတာရှိရင် ငါ့ကိုပြောလို့ရတယ်"

ရာနဆိုလာသောစကားအား နေရိုင်း သဘောတကျပြုံးမိပါသည်။ ရာနက သူနဲ့ခင်လာတာ ကြာသည့်တိုင် နေရိုင်း၏လျှို့ဝှက်အပ်သော ကိစ္စတချို့အား သူ တော်ရုံမမေးတတ်။ အခုကတော့ လက်တလောက နေရိုင်း ကိစ္စတစ်ခုခုကြောင့် အလုပ်ရှုပ်နေမှန်းသိသည်မို့ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ အကူညီပေးရန် မေးခြင်းသာ။

ယခုလည်း နေရိုင်း ရာနအလုပ်လုပ်နေသည့်ဆိုင်မှာ ရောက်နေခြင်းဖြစ်သည်။ ဒီဆိုင်မှာ သီချင်းလာမဆိုတာ ကြာနေပြီမို့ ဒီနေ့တော့ လာဆိုပေးရင်း ရာနနဲ့ စကားပြောဖြစ်ခြင်းပင်။ တစ်အိမ်တည်းအတူနေတာတောင် နှစ်ယောက်သားက သိပ်မဆုံဖြစ်ကြဘူးမဟုတ်လား။

"ကျေးဇူးပါ ရာန အခုလောလောဆယ်တော့ မင်းကိုပြောလို့မရသေးလို့ နောက်ကျရင်တော့ ငါမင်းကိုပြောပြမှာပါ"

"အေးပါကွာ မင်းအဆင်ပြေတဲ့တစ်နေ့ ငါ့ကိုရင်ဖွင့်လို့ရတယ် မင်းက ငါ့ကို အမြဲတမ်းကူညီပေးထားတော့ ငါလည်း မင်းကိုတဖန်ပြန်ကူညီချင်တယ် သားရီး ဒါ အကြွေးဆပ်တဲ့သဘောမျိုးမဟုတ်ဘူးနော် သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ မင်းကို ကူညီချင်တာ ပြီးတော့ ငါ မင်းဘက်မှာ အမြဲတမ်းရှိတယ်"

ထိုစကားက တကယ့်ကို နွေးထွေးစေပါသည်။ နေရိုင်းမှာ အရင်းနှီးဆုံးသူငယ်ချင်းဆိုလို့ များများစားစားမရှိ။ ရှိတဲ့သူငယ်ချင်းတစ်ယောက်နှစ်ယောက်ကလည်း ဇာတိမြေမှာ။ ထို့ကြောင့်လည်း ရာနက နေရိုင်းအတွက် အခင်မင်ရဆုံးဖြစ်နေခြင်းပင်။ သို့သော် တချို့သော ကိုယ်ရေးကိုယ်တာတွေအထိတော့ သူ့ကို မပြောပြဖြစ်။ ဒါဟာ အချိန်မတန်သေးလို့ရယ်မို့သာ။

ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စ​တေးရမှာဘဲ မင်းရဲ့ဘဝမှာ ဘာကိုယုံကြည်လဲ

စကားပြောနေရင်း ဖုန်းမြည်လာသံကြောင့် နေရိုင်း ကြည့်မိတော့ ကျော်ကျော်ဟူသည့်နာမည်ဖြင့်မို့ နေရိုင်း စိတ်လှုပ်ရှားသွားသည်။

အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now