စားပွဲထက် တည်ခင်းလိုက်တဲ့ အစားစားများက မြန်မာအစားစာကို တမူထူးကဲအောင် လက်စွမ်းပြထားသည့် ပုံမျိုး။ အသီးအရွက်ကြော်ထားပုံအစ သင်းပျံ့ပျံ့မြန်မာဟင်းလျာအဆုံး စနစ်တကျနှင့် စားချင်စဖွယ်ဖြစ်နေပုံကို နေရိုင်း မငေးမိဘဲမနေနိုင်။ ထို့အပြင် နေရိုင်းအတွက် ယခုထက်ထိ မတုန်မလှုပ်ကြည့်ရင်း အံ့အားတသင့်ဖြစ်နေခြင်းအကြောင်းမှာ မျက်စိရှေ့က အချိုးမပြေတဲ့ ကောင်က ဒီလိုစားချင်စဖွယ် ဟင်းလျာတွေကို စားဖိုမှူးတစ်ယောက်လို ချက်ပြုတ်ပေးနိုင်သည်တဲ့လား။ နေရိုင်း ဒီကောင့်အကြောင်းတွေကို သေချာမသိသေးဘူးဘဲ။
"စားကြည့်လေ" အရင်လို မျက်နှာတည်ပေမယ့် တလဲ့လဲ့တောက်နေသော အရိုင်းတုံးလေးရဲ့ မျက်ဝန်းတွေက မျက်စိရှေ့က ဟင်းလျာတွေကို စားချင်နေမယ်ဆိုတာ အသွေးသိနေသည်မို့ ကိုယ့်ဘက်ကပင် အစပျိုးပေးလိုက်လေတော့ ထိုကောင်လေးလည်း မငြင်းဘဲ ကြက်သားဟင်းကို မြည်းကြည့်ပါသည်။ ထို့နောက် မျက်ခုံးနှစ်ဖတ်တို့ပင် ပင့်တင်သွားသည်အထိ မျက်နှာအမူအရာပြောင်းသွားသော အနှီကောင်ကိုမြင်တော့ အသွေး ခပ်ပြုံးပြုံးဖြင့် စကားထပ်စလိုက်သည်။
"ဘယ်လိုလဲ မင်း သဘောကျသွားပြီမလား" မေးလာသည့် အမေးအား သေချာမဆင်ခြင်မိဘဲ နေရိုင်း ထိုဟင်းလျာ၏အရသာကိုခံစားနေရင်း ခေါင်းညိမ့်ဖြေမိပါသည်။ ဒါကို အခွင့်ကောင်းယူချင်တဲ့ ငနဲက ဘာပြန်ပြောလဲဆို...
"ဝိုးးး မင်းဝန်ခံပြီပေါ့ ငါ့ကိုသဘောကျသွားတဲ့အကြောင်း အဟားဟား" ဝမ်းသာအားရဆိုလာသော သူ့စကားကြောင့် နေရိုင်း အခုမှ သတိဝင်တော့သည်။ ဇွန်းကို ပြန်ချကာ သေချာပြန်စဉ်းစားမိတော့မှ...
ကျစ် ဒီကောင် !!"ငါက ဘာလို့မင်းကိုသဘောကျရမှာလဲ သေတောင် သဘောမကျဘူး" စနေမှန်းတောင်မသိဘဲ ပြန်ရန်တွေ့နေပုံကိုကြည့်ပြီး အသွေး သဘောတကျဖြင့် မိမိနှုတ်ခမ်းပင် ကြိတ်ကိုက်မိသည်အထိ။ သို့ပေမယ့် လူကနေပေမယ့် စချင်နေသေးတဲ့ စိတ်က မနေတော့...
"မင်း ပြောတော့ ငါ့ကို သဘောကျတယ်ဆိုပြီး ခေါင်းညိမ့်ပြတယ်လေ ဘာလဲ မင်းက စားပြီးနားမလည် ဝါးပြီးထွေးထုတ်လုပ်မလို့လား"
YOU ARE READING
အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)
AksiI don't wanna describe about this fiction.If you wanna to read something new, you can try in my work. By Hitoku