<Unicode>
ရုတ်တရက်ဆန်လွန်းတာကြောင့် Ge တစ်ယောက်လန့်သွားခဲ့တယ်.. အဲ့ဒါနဲ့ ကိုယ်ကိုလှည့်လိုက်မယ်အလုပ်..
"ခဏလေးပါ.. နည်းနည်းစိတ်လှုပ်ရှားနေလို့ အားသွင်းတယ်လို့ သဘောထားပြီး ကိုယ်လေး ခဏလောက်ငှါးပါ"
အဲ့ဒါနဲ့ပဲ Ge တစ်ယောက် ငြိမ်ပြီး ဆက်နေမိတယ်.. စိတ်ပူတာကြောင့် ဆိတ်ဆိတ်မနေနိုင်တော့ဘဲ
"ဘာဖြစ်လို့လဲ.. နေမကောင်းဘူးလား.. ဟိုတစ်ခေါက်ဒဏ်ရာတွေ မသက်သာသေးဘူးလား"
မေးပြီးမှ (သေပြီ........ မေးခွန်းမှားသွားပြီ.......) ဆိုပြီး စိတ်ထဲထအော်မိပါလေရော..
Yibo ကလည်း "ဟင်.. ဘာမေးတာလဲ?? ဒဏ်ရာရတာ ဘယ်လိုလုပ်သိလဲ.. ဆရာ Zhan.. ဆရာဘယ်သူလဲ?""မ... မဟုတ်ပါဘူးကွာ.. ကြားထဲမှာ ရုံးမတက်ဘဲပျောက်နေပြီး ရုံးပြန်တက်တော့ လက်မှာ ပက်တီးတွေ့လိုက်တယ်.. ပြီးတော့ လှေ.. လှေကားမှာလည်း အိပ်နေသေးတယ်လေ.. အဲ့.. အဲ့ဒါကြောင့် လေ့ကျင့်ရင်း accident ပါးပါးဖြစ်ပြီး အနားယူနေတယ် ဒဏ်ရာရထားတယ်.. အဲ့လိုထင်မိတာပါ.. အဲ့လိုမဟုတ်ဘူးလား"
ဆိုပြီး Ge တစ်ယောက် ချော်လဲရောထိုင်လုပ်နေတော့တယ်.. Yibo လည်း စိတ်ထဲမှာ သိပ်တော့ကျေလည်လှတယ်မဟုတ်ပေမယ့် (အဲ့လိုလည်းဖြစ်နိုင်တာပဲ.. တခြားကိစ္စက သူမှသိစရာအကြောင်းမှမရှိတာ.. ဟုတ်တယ်မလား) ဆိုပြီး "အော် အဲ့ဒါလား.. ဒဏ်ရာက နည်းနည်းပါ.. ပျောက်သွားပြီလေ.. ဒီမှာကြည့်ပါလား" ဆိုပြီး လက်အိတ်ချွတ်ပြီး ဒဏ်ရာပျောက်သွားကြောင်းပြလိုက်တယ်..
အဲ့ဒါနဲ့ Ge က လက်အိတ်ကိုပြန်ယူလိုက်ပြီးတော့ "ပျောက်သွားရင်လည်း ပြီးတာပါပဲ.. ပွဲအချိန်လည်းနီးနေပြီ.. သွားရအောင်လေ" ဆိုပြီး လက်အိတ်ကို ကိုယ်တိုင်ကိုယ်ကျ ပြန်ဝတ်ပေးလိုက်ပြီး လက်ကိုပြန်မလွှတ်ခင် မသိမသာကိုင်ထားရင်း တိတ်တိတ်လေး ပွဲမှာ အနာတရမဖြစ်ဖို့ ဆုတောင်းပေးလိုက်တယ်.. Yibo ကလည်း အဲ့ဒီ့တော့မှ ခါးမှာဖက်ထားတဲ့ လက်နှစ်ဖက်ကို ဖြုတ်လိုက်ပြီး Ge နဲ့မျက်နှာချင်းပြန်ဆိုင်လိုက်တယ်...
"ဟို...."
"ဟင်... Xiao Wang ဘာလိုချင်လို့လဲ..??"
"Helmet လေး... ဆောင်းပေးလို့ရမလား..??"
YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...