<Unicode>
Zhan လေးဟာ ကလေးဘဝတုန်းက ချမ်းသာကြွယ်ဝမှုတွေနဲ့ ပြည့်ပြည့်စုံစုံ မွေးဖွားလာခဲ့တဲ့ ကလေးတစ်ယောက်ပါ.. ကုမ္ပဏီပိုင်ရှင် သူဌေးရဲ့သား..ဂအဖေရော အမေကပါ ငုံထားမတတ်ချစ်ရတဲ့ တစ်ဦးတည်းသောသားလေး.. ဆွေမျိုးသားချင်းတွေတင်မက တွေ့တဲ့သူတိုင်းက ချစ်ကြတယ်.. ယုန်သွားလေးနဲ့ သိပ်ချစ်စရာကောင်းတာကိုး...
ဒါပေမယ့် ကံကြမ္မာက သူ့ကို အလင်းဓါတ်မပေးခဲ့ဘူး...
သူ ၆ နှစ်အရွယ်ရောက်တဲ့အချိန်မှာ သူ့အဖေကုမ္ပဏီမှာ ရုတ်တရက် စစ်ဆေးရေးဝင်ခဲ့တယ်.. သူ့အဖေက ဥပဒေနဲ့အညီနေတဲ့သူဆိုတော့ စစ်ဆေးရေးကိုမမှုခဲ့ဘူး.. ဒါပေမယ့် သူ့အဖေ မသိခဲ့တာက တခြားကုမ္ပဏီတစ်ခုက အတွင်းလူထား.. ငွေပေးပြီး အချက်အလက်အတုတွေ လုပ်ထားခဲ့တယ်ဆိုတဲ့အချက်ပဲ...
ပိုဆိုးတာက အဲ့လိုလုပ်ခဲ့တာ တခြားသူမဟုတ် သူ့အဖေရဲ့ ငယ်သူငယ်ချင်း Yao Qing ဖြစ်နေခဲ့တယ်..
.
သူ့အဖေသိသိချင်း ဖြေရှင်းဖို့လုပ်ခဲ့တယ်..
ဒါပေမယ့် အချိန်နှောင်းခဲ့ပြီ.. ရဲဘက်ကလည်း ဖမ်းဆီးမှုတွေအထိ ဖြစ်လာပြီး Zhan လေးတို့အိမ်ပါ ချိတ်ပိတ်ခံရတဲ့အထိ ဖြစ်သွားခဲ့ပြီ..
ကုမ္ပဏီလည်း ဒေဝါလီခံရ.. Zhan လေးတို့မိသားစုလည်း ကုန်းကောက်စရာမရှိတဲ့အဖြစ်ကိုရောက်သွားခဲ့ပြီ..
လောကဓံရဲ့နှိပ်စက်မှုကို မခံနိုင်တဲ့ Zhan လေးအဖေတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်..
.
Zhan လေးတို့သားအမိနှစ်ယောက်တည်း ခိုကိုးရာမဲ့ ဖြစ်သွားရပြီ.. ဒါပေမယ့် Zhan လေးတစ်ယောက် အရာအားလုံးကိုတော့ ဘယ်နားလည်နိုင်ပါဦးမလဲ...
သားအမိနှစ်ယောက်ဝမ်းစာအတွက် သုညက ရုန်းကန်ရတဲ့ Zhan လေးအမေတစ်ယောက်လည်း တဖြည်းဖြည်း တရှောင်ရှောင်ဖြစ်လာတယ်..
အဲ့ဒါနဲ့ Zhan လေး ကျောင်းထွက်ပြီးအလုပ်လုပ်ဖို့ပြင်တယ်..
ဒါပေမယ့် 10 နှစ်အရွယ်ကလေးက ကျောင်းထွက်ရမယ်ဆိုတဲ့အဖြစ်ကို Zhan လေးအမေ လုံးဝလက်မခံခဲ့ဘူး..
အဲ့ဒါနဲ့ပဲ Zhan လေးတစ်ယောက် ရတဲ့အချိန်မှာ ရသလို အချိန်ပိုင်းအလုပ်တွေချည်း ခိုးလုပ်နေခဲ့တယ်..
အသက်မပြည့်ရင် အချိန်ပိုင်းလုပ်ခွင့်တားမြစ်တဲ့ ဥပဒေရှိနေတော့ သူ့အတွက် သိပ်ခက်ခဲတာပေါ့..
.
ဒါပေမယ့်လည်း လောကကြီးက Zhan လေးအပေါ် သိပ်ကိုရက်စက်တယ်.. Zhan လေး 16 နှစ်မှာ အမေဖြစ်သူက သူ့ကို ထာဝရနှုတ်ဆက်သွားခဲ့တယ်...
အရာအားလုံးကို နားလည်ပြီးတဲ့ Zhan လေးတစ်ယောက် အမုန်းပေါ်အမုန်းဆင့်ပြီး "ငါသေသွားရမယ်ဆိုရင်တောင် Yao Qing ဆိုတဲ့ ခင်ဗျားကို သေချာပေါက်သတ်မယ်" ဆိုပြီး လက်စားချေဖို့စတင်ခဲ့တယ်..
.
Zhan လေးက အသက်က 16 နှစ်ဆိုပေမယ့် အရပ်လည်းရှည် body လည်းရှိလို့ နုနေတဲ့မျက်နှာလေးကလွဲရင် 20 ကျော်အလားမှတ်ရတယ်..
အမေဖြစ်သူ စွန့်ခွာသွားပြီး မကြာခင်မှာပဲ သူအဖွဲ့တစ်ခုကိုဝင်ခဲ့တယ်.. ကိုယ်ခံပညာသင်တယ်.. စာရင်းအင်းလေ့လာတယ်.. ဘာသာစကားတွေသင်တယ်.. သူလက်စားချေမယ့် ကုမ္ပဏီကို ဝင်ဖို့အတွက် Graphic Design ပါ ကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင် သင်ခဲ့တယ်..
.
အဲ့ဒါနဲ့ အဖွဲ့ရဲ့ခေါင်းဆောင်က သူ့ရဲ့ထက်သန်လှတဲ့စိတ် ထက်မြတ်လှတဲ့ဉာဏ်ရည်ကို သဘောကျလွန်းတာနဲ့ သားအဖြစ်မွေးစားခဲ့တယ်.. အစပိုင်းတော့ မနာလိုသူတွေကြောင့် တအားပင်ပန်းခဲ့ရတာပေါ့.. ဒါပေမယ့် နဂိုကတည်းက ကျွမ်းကျင်လိမ္မာပြီးသားမို့ ခဏအတွင်းမှာ လူအများရဲ့ဦးညွှတ်ခံ ဖြစ်လာခဲ့တယ်..
.
သူ့ရန်သူ Yao Qing ရဲ့ X company က အအောင်မြင်ဆုံး company တစ်ခုဖြစ်နေချိန်မို့ ချက်ချင်းတိုက်လိုက်ရင် မဖြစ်နိုင်တာကို နားလည်တဲ့အတွက် Zhan လေးတစ်ယောက် Jing Zhan ဆိုတဲ့နာမည်နဲ့ Graphic Designer အလုပ်ခေါ်တဲ့အချိန် ဝင်လျှောက်ခဲ့တယ်..
.
တော်လွန်းတဲ့ပါရမီကြောင့် interview အဆင့်ဆင့်အောင်ပြီး အလုပ်ရခဲ့တယ်.. ပုံစံကလည်း မျက်မှန်အဝိုင်းလေးနဲ့ ယုန်သွားလေးပေါ်အောင် ရယ်ရယ်ပြတတ်လို့ လက်စားချေဖို့လာတယ်လို့ တည့်ပြောရင်တောင် ဘယ်သူမှယုံမှာမဟုတ်ဘူး..
ဒီလိုနဲ့ပဲ သူ့ရဲ့ လက်စားချေဖို့ ပထမခြေလှမ်းကို စတင်လိုက်တော့တယ်..
.
// ဘဝအကြောင်းမိတ်ဆက်တာ လည်ထွက်သွားရင် sorry ပါနော်.. ဇာတ်ကလည်းနာချင် ခုအခြေအနေ ဘယ်လိုဖြစ်လာတယ်လည်း ပြောချင်ဇောနဲ့ မတရားတွေရှည်သွားတယ်
နောက်တစ်ပိုင်းက Xiao Wang လေးလာမယ်နော် :* //

YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...