Opposite "Part 2"

2K 162 11
                                        

Zhan Ge တစ်ယောက် ပုခုံးထက်မှာအိပ်ပျော်နေတဲ့ ကောင်လေးကိုကြည့်ပြီး စိတ်ထဲအစိုးမရဘူးဖြစ်နေခဲ့တယ်.. (ဒီကောင်လေးအခု ငါ့ကိုကပ်တာက ဘယ်သူအနေနဲ့လဲ? သူရိပ်မိနေလို့လား? Jing Zhan အနေနဲ့လား? သူ Jing Zhan ဆိုတဲ့ ကိုယ်ဆွဲထားတဲ့ Character လေးကိုမှ သွားပြီးစိတ်ဝင်စားနေတာလား? အဲ့ဒါဆို ကိုယ့်ကိုရော?) လို့ တိတ်တိတ်လေးမေးနေမိတယ်.. တစ်ယောက်သောသူကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ပေါ့..

နာရီဝက်လောက်နေတော့ Xiao Wang နိုးလာခဲ့တယ်.. သူများပုခုံးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေခဲ့တာမို့ နိုးနိုးချင်းမျက်နှာတွေရဲပြီး ရှက်သွားခဲ့တယ်..
"ကျွန်... ကျွန်တော် နေမကောင်းလို့ဆေးသောက်ထားတာနဲ့ အိပ်ပျော်သွားတာထင်တယ်.. အနှောင့်အယှက်ပေးမိရင် sorry ပါ.. ပြီးတော့ ကျေး.. ကျေးဇူး"
ရှက်ကိုးရှက်ကန်းပြောချင်ရာပြောပြီး ထွက်သွားတဲ့ကောင်လေးကို Ge တစ်ယောက်ကြည့်ရင်း ဝါးစားချင်စိတ်တွေပေါက်နေခဲ့တယ်..

Xiao Wang တစ်ယောက် အရေးပေါ်လှေကားကနေ အသည်းအသန်ပြန်ထွက်လာပြီးရပ်နေချိန်မှာပဲ မန်နေဂျာရောက်လာခဲ့တယ်..
"ရှာလိုက်ရတာ Xiao Wang ရာ.. ဘယ်တွေသွားနေတာလဲ? ဧည့်သည်ရောက်နေတယ် စောင့်နေတာကြာလှပြီ.. ဧည့်တွေ့ခန်းကိုမြန်မြန်သွားလိုက်ဦး"

ဧည့်သည်ဆိုလို့ Xiao Wang တစ်ယောက်ကြောင်နေခဲ့တယ်.. သူ့ဆီဧည့်သည်လာစရာမှမရှိတာကို.. ဘယ်သူလဲပေါ့.. တွေးနေရင်းနဲ့ပဲ သခင်အခေါ်ခိုင်းတဲ့တစ်ယောက် ခေါင်းထဲရောက်လာလို့ အပြေးသွားလိုက်တယ်..

သူထင်တာ မှန်တယ်တော့မဟုတ်ပေမယ့် သိပ်တော့လည်းမလွဲပါဘူး.. မှန်ရခြင်းအကြောင်းအရင်းက ဧည့်လာတွေ့တာ အဲ့တစ်ယောက်နဲ့တော့ပတ်သက်တယ်.. ဒါပေမယ့် အဲ့တစ်ယောက်တော့မဟုတ်ဘူး.. သူ့ရဲ့ Family Doctor ဆိုသူဖြစ်နေခဲ့တယ်..

"အလုပ်ရှုပ်နေတဲ့အထဲ လာမိလို့ sorry နော်.. အစ်ကို့ကို မနက်ကတည်းက လာခိုင်းထားတာ အစ်ကိုမအားတာနဲ့ အခုမှလာဖြစ်တော့တယ်.. နေကောင်းလား ညီ.. နေရထိုင်ရတာ သက်သောင့်သက်သာရှိရဲ့လား?"

"ဟိုတစ်ယောက်လွှတ်လိုက်တာလား? သိချင်ရင် သူ့ဘာသာလာတွေ့ပါစေလေ.. တခြားသူကို အလုပ်မရှုပ်နဲ့လို့ပြောလိုက်"
(ပြောမကောင်းဆိုမကောင်း မောင်မင်းကြီးသားက ကြားတဲ့အတိုင်း ချေတယ်ဟ) ဆိုပြီး ဒေါက်တာ စိတ်ထဲ ကျိတ်မေတ္တာပို့နေခဲ့တယ်..

Parallel LOVEWhere stories live. Discover now