<Unicode>
Jade Dynasty ရုံမတင်ခင် တစ်ပတ်အလိုညတစ်ည..
(Phone message)
"Lao Wang အိပ်ပြီလား?""Zhan Ge.. ကျွန်တော့်ဆီ စာတွေဘာတွေအရင်ပို့လို့ပါလား"
"မပို့ရဘူးလား? မပို့ရဘူးဆိုလည်းနေလေ.. အိပ်ပြီ.."
(Calling to Ge from Yibo)
"ဝေ""Ge.. တော်ပါသေးရဲ့ ဖုန်းတော့ကိုင်တယ်.. ကျွန်တော်ကပျော်သွားလို့ စတာကို.. Ge ဘာဖြစ်လို့လဲ အလုပ်အဆင်မပြေလို့လား? ပင်ပန်းလို့လား? Company က လူပိုထည့်မပေးလိုက်ပြန်ဘူးလား? :;($)&"
"ကဲ ကဲ နေပါဦးဟ.. မေးခွန်းလည်း ပြန်ဖြေပါရစေဦးဟ.. ဂိမ်းထဲ စက်သေနတ်ပစ်နေတာကျနေတာပဲ.. ရေလေးဘာလေးသောက်ပြီးမေး"
"Ge ကလည်း.. ဘုကလန့်တွေချည်းဖြေနေတာပဲ.. ဘာလဲ ကျွန်တော့်ကိုလွမ်းလို့ စာပို့တာလား"
"မ.... မဟုတ်ပါဘူး"
"မဟုတ်ဘူးလား😞"
"အဲ့.. အဲ့လိုမဟုတ်ဘူးလေ.. အသံကလည်း ချက်ချင်းကို ၇ ရက်လောက် ထမင်းမစားရတဲ့လေသံတန်းပြောင်းသွားတော့တာပဲ... မင်းအခုတလော Overseas တွေချည်းတောက်လျှောက်ထွက်နေရတာလေ.. နေ့တိုင်းစာပို့ဖို့ကျတော့လည်း သွားတာကအနောက်နိုင်ငံဘက်ချည်းပဲဆိုတော့ အချိန်ကပြောင်းပြန်ဖြစ်.. ပြီးတော့ ဟိုနေ့က skateboard ကိုလည်းကန်ပစ်သေးတယ်.. လေဆိပ်ဆင်းတော့လည်း မျက်နှာမကောင်းဘူး.. အဲ့ဒါကြောင့် နေရောကောင်းရဲ့လား ဘာများဖြစ်လဲလို့ မေးမလို့"
"အဲ့ဒါ ဟို Weibo မှာ Ge မကောင်းကြောင်းထိုင်ပြောပြီး ကျွန်တော့် Fan အစစ်ပါလို့ အော်နေတဲ့မိန်းမတွေကြောင့်ပေါ့.. ဘာမှလည်းမလုပ်ရဘဲနဲ့ နေရင်းထိုင်ရင်း ရိုင်းရိုင်းစိုင်းစိုင်းတွေလာပြောနေတယ်.. Weibo မှာ ဒဲ့တင်ပြီးရှင်းမလို့ကို မန်နေဂျာကလည်း မတင်ရဘူးချည်းပဲလုပ်နေတယ်.. ကိုယ့် Account လည်းကိုယ်လုပ်ချင်သလိုမလုပ်ရဘူး.. စိတ်ပျက်ဖို့ကောင်းတယ်.. အဲ့ဒါကြောင့် အသံလေးအသံကြောင် အော်နေတာတွေကြားတော့ ဒေါသထွက်ပြီး ပိတ်ကန်ပစ်လိုက်တာ.. ပြီးတော့...."
"ပြီးတော့ဘာဖြစ်လဲ?? အဲ့ဒါထက် Fan တွေကိုအဲ့လိုမလုပ်ရဘူးလေ.. ကိုယ်စိတ်တအားကျဉ်းကျပ်နေတယ်ဆိုရင်တောင် စာတွေချရေးပစ်တာတို့ သီချင်းဆိုပစ်တာတို့ ကပစ်တာတို့ပဲလုပ်လေ.. အလွန်အကျွံကြီးတော့ မဟုတ်ဘူးပေါ့.. အဲ့နေ့က ဘာများဖြစ်တာလဲဆိုပြီး တကယ်စိတ်ပူသွားတာ"

YOU ARE READING
Parallel LOVE
Fanficဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...