Fate

3.7K 323 9
                                    

<Unicode>

ကလေးတွေပြဿနာကြောင့် Xiao Wang တစ်ယောက် အမည်မသိ ယုန်သွားပိုင်ရှင်လေးကို ဒီခုံတန်းနားလေးမှာ ပထမဆုံးစတွေ့ခဲ့တယ်.. (သူထင်တာတော့ ပထမဆုံးပေါ့)

ဘယ်သူသိမှာလဲ.. ဒီခုံတန်းလေးက သူ့အတွက် အရာအားလုံးထက် အဓိပ္ပါယ်ရှိလာလိမ့်မယ်လို့ပေါ့..

မန်နေဂျာတစ်ယောက် Xiao Wang တအားကြာနေလို့ ဖုန်းထပ်ခေါ်တာကြောင့် အတွေးတွေကို ခဏရပ်ပြီး Meeting Room ကိုပဲ အပြေးသွားလိုက်တော့တယ်..

Meeting က Racer နဲ့ သူနဲ့အလုပ်တူတူ တွဲလုပ်မယ့် Graphic designer တွေကို အသီးသီးမိတ်ဆက်ပေးမယ့်ပွဲ.. Xiao Wang တစ်ယောက်ကလွဲလို့ တာဝန်ရှိသူတွေ.. အခြား Racer တွေ Graphic designer တွေက ရောက်နှင့်နေကြပြီ.. အခန်းထဲဝင်ဝင်ချင်း တွေ့လိုက်ရတဲ့ တစ်ယောက်သောသူကြောင့် အမြန်လျှောက်နေတဲ့ ခြေလှမ်းတွေ ရုတ်တရက် တန့်သွားခဲ့တယ်..

《Xiao Wang's side》

"ဟင်??"

အဲ့ဒီ့အချိန် မန်နေဂျာက "မင်းနောက်ကျလိုက်တာကွာ.. ဒီပွဲက မင်းကိုအဓိက မိတ်ဆက်ပေးမှာပါ ဆိုနေမှပဲ.. မြန်မြန်လာ ဒီနားမှာထိုင်"

Xiao Wang တစ်ယောက် ငိုင်တိုင်တိုင်နဲ့ ထိုင်နေလိုက်ရတယ်.. ခေါင်းထဲမှာတော့ မေးခွန်းတွေနဲ့ ချာချာကိုလည်လို့...

"အခုမိတ်ဆက်ပေးမှာက ဒီ Company ကိုရောက်တာ မကြာသေးတဲ့ Racer အသစ်လေးနဲ့ Graphic Designer အသစ်လေးပါ.. သူတို့က ဒီ Company ကိုဝင်ခါစလည်းဖြစ် နှစ်ယောက် Collaboration အနေနဲ့ အလုပ်လုပ်မှာလည်း ပထမဆုံးမို့လို့ သူတို့နှစ်ယောက်ကို အားလုံးက ဂရုစိုက်ပေးလိုက်ကြပါ.. သူတို့နှစ်ယောက်ကတော့ ဟောဒီ့က Xiao Wang နဲ့ Jìng Zhàn တို့ပါပဲ"

Xiao Wang မျက်နှာမှာ OHHH MYY GODD ဆိုပြီး အကြီးကြီးရေးထားသလားမှတ်ရတယ်.. အသံမထွက် ပါးစပ်မပိတ်နိုင်.. မျက်လုံးအပြူးသားလေး..
Zhan တစ်ယောက်ကတော့ အေးဆေးလေးပဲ မတ်တပ်လေးထရပ်ပြီး နှုတ်ဆက်လိုက်တယ်..
Xiao Wang ကတော့ မတ်တပ်တောင် ရပ်ဖို့မေ့... မန်နေဂျာ ဘေးနားကတို့လိုက်တော့မှပဲ သတိရသွားပြီး အသည်းအသန် ထရပ်တော့တယ်..

ဒီလိုနဲ့ နှစ်ယောက်သား အပြန်အလှန်နှုတ်ဆက်လိုက်ကြတယ်.. Jing Zhan ဆိုသည်မှာလည်း စကားပြောလိုက်ရင် ကလေးကျနေတာပဲ ရယ်ပြုံးလို့.. တောက်လျှောက်ကိုပြုံးထားနိုင်တာ အံ့သြဘ..

Parallel LOVEWhere stories live. Discover now