<Unicode>
Ge ရဲ့စေခိုင်းမှုနဲ့ Zuo Cheng တစ်ယောက် Family doctor ကို ဖုန်းဆက်ခေါ်ရတယ်.. သူတို့နယ်ပယ်က Family doctor ဆိုတာ 24 hr stand by ရှိနေကြသူတွေ.. Kurayami ရဲ့ဂိုဏ်းချုပ်က အခေါ်လွှတ်တာမို့လို့ မိနစ်ပိုင်းအတွင်းမှာပဲ Family doctor ရောက်လာခဲ့တယ်..
"Boss ဘာဖြစ်လို့လဲ.. ဘယ်နားဒဏ်ရာ ရလာတာလဲ" ဆိုပြီး အိမ်တံခါးဝမှာ ကြိုနေတဲ့ Zuo Cheng ကိုချက်ချင်းမေးလိုက်တယ်.. အဲ့ဒီ့အမေးကိုကြားတဲ့ Zhan Ge က
"ငါ့အခန်းထဲကိုတက်သွားလိုက်.. ကလေးတစ်ယောက် ဒဏ်ရာရထားတယ်.. သွေးထွက်နည်းနည်းလွန်နေလို့ အရင်ဆုံးသွေးတိတ်အောင်လုပ်ပြီး သွေးနည်းနည်းသွင်းပေးဖို့လိုမယ်.. သွေးက B minus.. ဒဏ်ရာတွေကို အမြန်ဆုံးသက်သာအောင် ကုပေးလိုက်.. Racer မို့လို့ လက်ဖဝါးဒဏ်ရာ ကြာနေလို့မရဘူး.. ပြီးတော့ အမာရွတ်မမြင်ချင်ဘူး"
"ဟုတ်.. ဟုတ်ကဲ့ Boss"
ရှိသမျှအကြောင်းအရာတွေကို တရစပ်ရွတ်သွားတဲ့ Ge ကြောင့် အကုန်လုံးက ငေးပြီးကြည့်နေရတယ်.. ဆရာဝန်ခမျာ "သွေးတောင် အတိအကျမှတ်မိတယ် ဒီကလေးဆိုတာ ဘယ်လိုတောင် လွှမ်းမိုးမှုရှိတာလဲ" ဆိုပြီး စဉ်းစားနေမိခဲ့တယ်..
ဒါပေမယ့် Ge ကိုကြောက်ရတာကြောင့် အတွေးကို နယ်ချဲ့မနေတော့ဘဲ ခပ်မြန်မြန် Xiao Wang ကိုကုသပေးဖို့ပြင်ဆင်လိုက်တယ်.. Xiao Wang ဆိုတာကို တွေ့လိုက်ရတော့ doctor ခဏတုန့်သွားခဲ့တယ်.. ဒါပေမယ့် Ge အမိန့်အရ ကုသရမှာမို့လို့ အားဆေးသွင်းပေးပြီး ဒဏ်ရာတွေကို ကုသနေလိုက်တယ်.. ခဏအကြာမှာ Ge အခန်းထဲဝင်လာတယ်..
"အခြေအနေဘယ်လိုရှိလဲ.. ဒဏ်ရာတွေနက်လား.. တခြားရောဂါလက္ခဏာတွေရှိသေးလား.. ဆေးနည်းနည်းမိထားလို့ allergic နဲ့ side effect ရှိနိုင်တာမို့ ကြည့်ပေးထားလိုက်ဦး"
"ကျွန်တော် ကြည့်ပြီးပါပြီ Boss.. အားလုံးအဆင်ပြေပါတယ်.. ဒဏ်ရာတွေလည်းမကြာခင်သက်သာသွားမှာပါ.. ဆေးအရှိန်လည်း ကုန်သလောက်နီးနီးဖြစ်နေပါပြီ.. အခုမေ့နေတာက ဆေးကြောင့်နည်းနည်းရယ် လန့်သွားတာရယ်ကြောင့်နေမှာပါ.."
"ဟုတ်ပြီ.. သူ့အတွက် တခြားလိုအပ်တာရှိရင် အောက်ထပ်က Yubin နဲ့ Zuo Cheng ကိုမှာခဲ့လိုက်.. ပြန်လို့ရပြီ"
YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...
