<Unicode>
Xiao Wang တစ်ယောက် ကုသမှုကောင်းတာရယ် အချိန်မှန် ထမင်းပြင်ကျွေးနေသူရှိတာရယ် ငယ်တဲ့အလျှောက် ဒဏ်ရာအပျောက်မြန်တာရယ်နဲ့ ဒဏ်ရာတွေလည်းအတော်သက်သာပြီး လူလည်းအတော်ပြန်ကောင်းနေပြီ.. တစ်ခုပဲ.. သူအခုချိန်ထိတော့ မိုးလင်းနေသလား မိုးချုပ်နေသလားမသိရဘူးပေါ့.. ထမင်းအချိန်မှန်စားပြီး အိပ်တဲ့အချိန်ကိုသာ ညလို့ယူဆနေရပေမယ့် တကယ်ညဘက်လားဘာလားတော့ Xiao Wang လုံးဝမသိရ.. ဘာလို့လဲဆိုတော့ ပထမဆုံးသတိရလာတဲ့ နေ့ကနေ အခုချိန်အထိ သူ့မျက်လုံးမှာချည်ထားတဲ့ကြိုးကို Zhan Ge တစ်ယောက် ဖြုတ်မပေးဘူးလေ.. ကိုယ်တိုင်ဖြုတ်ဖို့ကျပြန်တော့ လက်နှစ်ဖက်မှာ ခတ်ထားတဲ့လက်ထိပ်က တုတ်တုတ်တောင်မလှုပ်ဘူး.. ပထမဆုံးသိလိုက်ရတဲ့အချိန်တုန်းကတော့ အတင်းဆွဲဖြုတ်ဖို့လုပ်တယ်.. ဒါပေမယ့် အရာမထင်တဲ့အဆုံး အသားအနာမခံတော့ဘဲ ခပ်ငြိမ်ငြိမ်သာ နေနေလိုက်တော့တယ်..
(ဟုတ်တယ်လေ ငါဆွဲဖြုတ်လဲ ပြုတ်မှာမှမဟုတ်တာ.. ပြီးတော့ ကိုယ်လက်သန့်စင်ပေးတာရယ် ပတ်တီးလဲပေးတာရယ် ခင်ဗျားလို့ခေါ်လိုက်တိုင်း ပါးနှစ်ဖက်ကို ဆွဲကျုံ့ပြီး "သခင်လို့ပဲခေါ်ခွင့်ရှိတယ်" လို့ မျက်နှာနားလာကပ်ပြောသလို အသက်ရှူသံကြားရတာကလွဲပြီး ကျန်တာမှမရှိတာ.. ထမင်းတောင်ခွံ့ကျွေးသေးတာပဲ.. ငြီးငွေ့သွားရင် ငါ့ပြန်လွှတ်မှာပေါ့) ဆိုပြီး Xiao Wang တစ်ယောက်တွေးနေလေရဲ့..
Zhan Ge ခမျာတော့ ကိုယ်လက်သန့်စင်ပေးဖို့ဝင်လာတိုင်း ဒဏ်ရာတွေအတွက်စိတ်မကောင်းဖြစ်ရတာကတစ်မျိုး အဝတ်အစားလဲပေးချိန် ခုန်နေတဲ့နှလုံးသားကို လစ်လျူရှုရတာကတစ်မျိုး Blindfold အောက်က ဆူနေတဲ့နှုတ်ခမ်းပါးလေးကို အပိုင်သိမ်းချင်ရတာတစ်မျိုးနဲ့ အလုပ်တွေရှုပ်နေခဲ့တယ်..
၂ ရက်မြောက်နေ့မှာတော့ သူလည်း Company ကိုပြန်သွားဖို့ပြင်ဆင်ရတော့တယ်.. အရေးပေါ်ကိစ္စကြောင့် နယ်ပြန်သွားတယ်ဆိုပြီးတစ်ပတ်ရိုက်ထားတာမှတ်လား... သူလည်းပျောက် Xiao Wang လည်းပျောက်ဆို နှစ်ယောက်စလုံးသံသယအဝင်ခံရရင် လှုပ်ရှားရခက်ပြီလေ.. ပြီးတော့ Xiao Wang ပြိုင်ပွဲလည်းနီးနေတော့ ဒီဇိုင်းတွေလည်းအပြီးသတ်ပေးရဦးမှာ.. ဝါသနာပါတဲ့အလုပ်ကိုလုပ်နေချိန် ပြေးလမ်းပေါ်မှာပြုံးနေတဲ့ ကလေးလေးကိုလည်း အပြည့်အဝပျော်ခွင့်ပေးရင်း အပြည့်အဝ support ပေးချင်တာကိုး..

YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...