<Unicode>
Zhan ge တစ်ယောက် Xiao Wang လေးအပေါ်မှာပဲအစိုးရိမ်လွန်နေတဲ့အတွက်ကြောင့် ကျန်တဲ့အကြောင်းအရာအားလုံးကိုမေ့နေခဲ့တယ်.. နောက်မှာ ဘာတွေဖြစ်ကျန်ခဲ့တယ်ဆိုတာကိုလည်း သူလုံးဝသတိမရခဲ့ဘူး..
အဲ့လိုနဲ့ Host club ထဲမှာတော့ Xiao Wang ပျောက်လို့ အကုန်လုံး အုတ်အော်သောင်းတင်းဖြစ်နေကြတယ်.. သူဌေးကတော်မိန်းမကြီးက Xiao Wang ပျောက်လို့ ပြာပြာသလဲဖြစ်နေတုန်း ယောက်ျားဖြစ်သူရောက်လာတာနဲ့ သူဒီကို သူငယ်ချင်းဖြစ်သူနဲ့ချိန်းထားတာမို့လာကြောင်း ခုသူငယ်ချင်းပြန်သွားလို့ ပြန်တော့မှာဖြစ်ကြောင်း လှည့်ပတ်ပြောပြီး သူခိုင်းထားတဲ့သူအားလုံးကိုလည်းမသိချင်ယောင်ဆောင်ခိုင်းထားလိုက်တယ်..
အဲ့ဒီ့အဖြစ်ကိုမြင်သွားတဲ့သူက N Company ရဲ့ CEO Huai Han! Company ကြီးရဲ့နောက်ကွယ်မှာတော့ Zhan ge ရဲ့ Kurayami ဂိုဏ်းနဲ့ ဂိုဏ်းပြိုင်ဖြစ်တဲ့ Inochi Yakuza ဂိုဏ်း! Ge ကိုရော ဂိုဏ်းကိုပါအပိုင်သိမ်းချင်နေတဲ့ CEO! ပထမတော့ ချိန်းဆိုမှုတစ်ခုကြောင့် လာခဲ့ပေမယ့် Zhan ge ကိုတွေ့လို့ နောက်ကနေ မသိမသာလိုက်ကြည့်နေခဲ့တယ်.. အဲ့ဒါကြောင့် Zhan Ge ရဲ့စိုးရိမ်မှုတွေကိုမြင်ပြီး Xiao Wang ဆိုတဲ့ကောင်လေးက Zhan အတွက် ဘယ်လောက်တောင်အရေးပါလဲဆိုတာကိုမြင်ခဲ့ရတယ်..
Zhan Ge တစ်ယောက် Xiao Wang ကိုချီပြီးထွက်ပြေးသွားတဲ့အချိန်မှာ တံဆိပ်ပြုတ်ကျသွားတာကို သူမြင်လိုက်တယ်.. သူဌေးကတော်နဲ့ ကျန်တဲ့ club ကလူတွေ Xiao Wang ကို တင်းကြမ်းလိုက်ရှာနေတဲ့အချိန်မှာ ဒီအတိုင်းဖြတ်သွားဟန်နဲ့ Zhan ge ရဲ့ တံဆိပ်ကိုအသာလေး ဖိနပ်နဲ့နင်းထားလိုက်တယ်..
"Zhan.. မင်းရဲ့ တင်းမာလှတဲ့မာနကို မင်းချစ်လှစွာသောလူနဲ့ ခွာချပေးရမှာပေါ့" လို့ ခပ်တိုးတိုးပြောလိုက်ပြီး မျက်နှာမှာ အပြုံးတစ်ခုကိုချိတ်ဆွဲထားလိုက်တယ်..
(At Zhan Ge's house)
"Ge.. ဝင်ခဲ့ပါရစေ" (Zuo Cheng မှ)"ဝင်ခဲ့လေ"
"Ge.. ဟိုတလောကဂျပန်မှာဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်ကိုသွားဖို့လိုလို့.. ဒါပေမယ့် ကျွန်တော်ပဲသွားလိုက်မှာပါ.. ဒါပေမယ့် Yubin လုပ်ရမယ့်ကိစ္စကလည်း ဟိုမှာရှိနေတော့ ကျွန်တော်သွားမယ်ဆို Yubin ကို ကျွန်တော်ခေါ်သွားရလိမ့်မယ်.. အဲ့ဒါ Ge ပဲသွားမလား ကျွန်တော်သွားလိုက်ရမလား"

YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...