Unexpected "Intro"

3.3K 286 7
                                        

<Unicode>

နောက်ဆက်တွဲဘာအကြောင်းကိုမှ စိတ်မဝင်စားတော့တဲ့ Ge တစ်ယောက် စိတ်ပူပန်မှုနဲ့ ဒေါသကလွဲပြီး ကျန်တာဘာမှကိုသတိမရ.. Xiao Wang လက်တွေပေါ်က ဒဏ်ရာတွေကိုကြည့်ပြီး မျက်ရည်တွေပါဝဲနေခဲ့တယ်.. (ညီတွေနဲ့အတူပြန်လာတာမို့လို့ မျက်ရည်မကျအောင်ထိန်းထားပေမယ့် ရင်ထဲမှာတော့ နာကျင်နေတဲ့ကလေးကိုကြည့်ပြီး ငိုနေမိတယ်..)

ကားနဲ့ပြန်လာတဲ့လမ်းတစ်လျှောက်လုံး Xiao Wang ကို သူ့ရင်ခွင်ထဲထားပြီး ဒဏ်ရာတွေကို သူကိုယ်တိုင် သန့်ရှင်းပေးနေခဲ့တယ်.. Xiao Wang ကိုစိတ်ပူတာရယ် ဒီလိုဖြစ်အောင်လုပ်တဲ့သူတွေကိုဒေါသထွက်တာရယ်နဲ့ တစ်ဖက်မှာ တရစပ်ခုန်နေတဲ့ နှလုံးသားလေးကလည်း ရှိနေသေးတယ်.. မျက်နှာအပ်ပြီး ငုံ့ကြည့်လိုက်တာနဲ့ သူ့ကိုပြင်းပြင်းပြပြတောင်းဆိုနေတဲ့ကောင်လေးကို မျက်လုံးထဲမြင်လာပြန်ရော..

(သူသာ ဆေးကြောင့်မဟုတ်ဘူးဆို ဘယ်လိုဖြစ်မလဲ.. အဲ့ဒီ့ Host club ထဲမှာသာမဟုတ်ရင်ဘယ်လိုဖြစ်မလဲ.. တခြားသူတွေသာ ရောက်မလာခဲ့ရင် ဘယ်လိုဖြစ်မလဲ) ဆိုပြီး Ge အတွေးတွေ နယ်လွန်နေခဲ့တယ်..

ကားဘက်မှန်ကနေ လှမ်းကြည့်လိုက်တဲ့ Yubin တစ်ယောက် သတိထားမိသွားပြီး "အဟမ်း" ခနဲ ချောင်းတစ်ချက်ဟန့်လိုက်တယ်.. အဲ့တော့မှ Ge တစ်ယောက် ခုလက်ရှိလောကထဲကိုပြန်ဝင်လာပြီး ခုမှသွားဖူးတဲ့လမ်းကိုသွားနေသလို ဟိုကြည့်ဒီကြည့်လုပ်နေလိုက်တယ်..
//ဟုတယ်.. ကိုကြီးရှက်သွားပြီ XD//

ဒါပေမယ့် Yubin လည်းမသိလိုက်တာကတော့ Ge သေချာအရိပ်အကဲကြည့်ပြီး Xiao Wang ရဲ့ဆံပင်လေးတွေကိုသပ်ပေးရင်း kiss တစ်ချက်ပေးလိုက်ပြီး "我的王儿" လို့ တိတ်တိတ်ကလေးပြောလိုက်တာပါပဲ..
//ငါ့ဝမ်လေးတဲ့နော်🤧🤧 ဒီ FA လေးနှစ်ယောက်လုံးကို ထရိုက်ချင်နေပြီ😂😂//

Yubin တစ်ယောက် တိုက်ခန်းအလွတ်ရှိရာကိုမောင်းဖို့ driver ကိုလမ်းညွှန်တဲ့အချိန် Ge တစ်ယောက်ချက်ချင်းပဲ
"စံအိမ်ပဲသွားမယ်" ဆိုပြီးပြောလိုက်တယ်..

Yubin က "ဟာ.. Boss မဖြစ်ဘူးလေ.. အဲ့ဒီ့နေရာမှာ Boss နေတာ အပြင်လူတွေသိတာမဟုတ်ဘူး.. ပြီးတော့ ဒီကောင်လေးလုပ်တဲ့အလုပ်က ကျွန်တော်တို့အဝင်အထွက်ကို သိဖို့မကောင်းဘူးလေ.. တကယ်လို့ သူ့အဖွဲ့ကိုပြော"

Parallel LOVEWhere stories live. Discover now