<Unicode>
Xiao Wang တစ်ယောက် သတိမေ့ပြီး ပါသွားလိုက်တာ ဘယ်နေရာကိုသွားလို့ ဘယ်နေရာရောက်နေတယ်ဆိုတာကို ကိုယ်တိုင်တောင်မသိခဲ့ဘူး.. သူသတိရလာတဲ့အချိန် မျက်လုံးဖွင့်ကြည့်လိုက်တော့ အခန်းတစ်ခုထဲကိုရောက်နေတာ.. သူနိုးနိုးလာချင်း မတ်တပ်ရပ်ဖို့ကြိုးစားလိုက်တယ်.. ဒါပေမယ့် သူရပ်လို့မရခဲ့ဘူး.. မတ်တပ်ရပ်ဖို့နေနေသာသာ သူခြေလေးလက်လေးမြှောက်ဖို့တောင် အားလုံးဝမရှိဘူး.. မျက်လုံးထဲမှာလည်း ပစ္စည်းတွေက ဝါးတစ်ချက်ပျောက်တစ်ချက် ဖြစ်နေခဲ့တယ်..
သူတစ်ခုကိုသတိရသွားပါပြီ.. ဟုတ်ပါတယ် ဆေးပါ.. အရောင်မရှိ အနံ့မရှိ ခန္ဓာကိုယ်ထဲက ရှိသမျှအင်အားအကုန်ကိုလျော့ကျစေတဲ့ဆေး.. ကာမကိုလှုံ့ဆော်တဲ့ဆေး.. သတိရသွားတဲ့အရှိန်ကြောင့်လား ဆေးအရှိန်ကြောင့်လားမသိ လူကပိုပြီးဝါးတားတားဖြစ်လာတယ်.. စိတ်ထဲမှာလည်း တစ်ခုခုကိုလိုချင်သလို အားမရသလို တစ်ခုခုကိုအတင်းကြမ်း လိုအပ်သလို တဖြည်းဖြည်း ပိုပိုဖြစ်လာတယ်..
ဆရာကတော်ဆိုတဲ့အမျိုးသမီးကြီးကတော့ မှိုရတဲ့မျက်နှာနဲ့ဖြစ်နေတာပေါ့.. ဒါပေမယ့် Xiao Wang ကိုလိုချင်ရင် X company ကို အခကြေးငွေပေးရဦးမှာမလား.. အဲ့ဒါကြောင့် ပိုက်ဆံရှင်းဖို့ အာရုံများနေတာနဲ့ Xiao Wang ရှိနေတဲ့အခန်းဆီကို မရောက်နိုင်သေးဘဲ ဖြစ်နေခဲ့တယ်..
အခန်းထဲမှာ တဖြည်းဖြည်း ဆေးအရှိန်တက်လာတဲ့ Xiao Wang ကတော့ တဖြည်းဖြည်းအရိုင်းဆန်လာတယ်.. ပထမ မထနိုင်ရာကနေ ပစ္စည်းတွေကို ထောက်ထောက်သွားပြီး ပိတ်ထားတဲ့တံခါးတွေကိုဆွဲဖွင့်.. တင်ထားတဲ့ အရက်ပုလင်းနဲ့ဖန်ခွက်တွေကိုလည်း အကုန်တိုက်ချပစ်ခွဲနေတယ်..
ဒယိမ်းဒယိုင်နဲ့ အကုန်လုံးကိုပစ်တိုက်နေတာမို့လို့ လက်ဖဝါးမှာလည်း ဖန်ကွဲတွေရှထားတာမနည်း.. သွေးတွေတောက်လျှောက်ကျနေရင်းနဲ့ တစ်ကိုယ်လုံး အပူဓါတ်က ပိုပိုတက်လာပြီး "ဖြေချင်တယ်.. ဖြေချင်တယ်.... ဖြေချင်တယ်....." ဆိုပြီးပဲ တရစပ် အော်ဟစ်နေတယ်..
(A.N// ဖြေချင်တယ်ဆိုတာ ဆေးကြောင့် တစ်ခုခုကို ပြင်းပြင်းပြပြတောင်းဆိုနေတာပါနော်.. ဘာလဲတော့ ကိုယ့်ဘာသာဖြည့်တွေးကြည့်🙈🙈//)
YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...
