1st Worry

3K 264 14
                                    

<Unicode>

Xiao Wang နဲ့ Zhan Ge နှစ်ယောက် အလုပ်စလုပ်တဲ့အချိန်မှာ Xiao Wang က အစိမ်းသက်သက်ဖြစ်နေတာကတစ်မျိုး Ge ကလည်း သူမသိတဲ့သူလို ဟန်ဆောင်ရတာတစ်မျိုးနဲ့ ပထမပိုင်းကတော့ အတော်လေးကို အဆင်မပြေဖြစ်ခဲ့တယ်.. Zhan Ge ခမျာ Xiao Wang လေးအကြိုက်ကို ခေါင်းအစခြေအဆုံးသိနေတာတောင် သူ့ကို သံသယဝင်မှာစိုးတာနဲ့ ဘာမှမသိသလိုဟန်ဆောင်နေရတယ်.. အရောင်အတွဲတွေဆိုရင်လည်း ပေါက်ကရတွဲပေး... ဒီဇိုင်းတွေလည်း ကြောင်ကြောင်ကျားကျားတွေဆွဲပေးလို့ အမောင်အချေတစ်ယောက် နေ့တိုင်း စိတ်ထဲကျလိကျလိဖြစ်နေလေရဲ့...

"ငါကလည်း ဘာတွေထူးဆန်းနေတာလဲ.. အရင်ကဆို ငါမကြိုက်တဲ့ဒီဇိုင်းတွေကိုပဲ ထုတ်ထုတ်ပေးရင် မန်နေဂျာကိုတိုင်ပြီး ချက်ချင်းလူပြောင်းခိုင်းလိုက်တာချည်းပဲ.. ဘာလို့သူ့ကျမှ ပါးစပ်က တတွတ်တွတ်ပြောပြီး ပြဿနာပတ်ရှာနေမိမှန်းမသိဘူူး... ပိုအမြင်ကတ်တာက ဘာပြောပြော ဖြဲနေတဲ့မျက်နှာပဲ..😑😑 တဟီးဟီးနဲ့ နာရကောင်းမှန်းရောမသိ.. သူက တဟီးဟီးလုပ်နေတာနဲ့ ပြောနေတဲ့ငါက အမြဲတမ်း စကားပျောက်ပျောက်သွားတယ်.." ဆိုပြီး တစ်ယောက်တည်း အချေအတင်ရန်ဖြစ်ရတာ နေ့တိုင်း....

Zhan ge ကတော့ နှုတ်ခမ်းလေးဆူပြီး အမြဲပွစိပွစိလုပ်နေတဲ့ တစ်ယောက်သောသူကိုကြည့်ပြီး အအော်ခံရတာတောင် မျက်နှာပေါ်က အပြုံးကို မချနိုင်တွေဖြစ်လို့...

Designer တွေနဲ့ Racer တွေနဲ့ အတူတူအလုပ်လုပ်ရတာက ညနေ 3:30 အထိပဲဖြစ်တဲ့အတွက် 3:30 နောက်ပိုင်း ဒီကလေးဘယ်တွေသွားရလိမ့်မလဲဆိုပြီးတော့လည်း Zhan ge စိတ်ပူရတယ်.. Xiao Wang က 3:30 နောက်ပိုင်းဆို Company ကနေထွက်ပြီး လေ့ကျင့်ရေးကွင်းကိုသွားရတယ်.. Zhan ge ကတော့ Company ရုံးခန်းမှာပဲ ဆက်နေခဲ့ရပြီး 5:30 မှရုံးဆင်းရတယ်.. အရိပ်လို ထပ်ကြပ်မကွာမလိုက်နိုင်တော့ Zhan ge တစ်ယောက် အခြားသောကိစ္စတွေအတွက် အမျိုးမျိုးပူပန်နေရပြီး အလုပ်လုပ်တာ စိတ်မဖြောင့်တော့....

တစ်နေ့မှာတော့ 3:20 ဝန်းကျင်လောက်မှာ *** ရဲ့ အမျိုးသမီးဖြစ်သူ သူဌေးကတော် Company ကိုရောက်လာခဲ့တယ်.. သူများတွေအမြင်မှာတော့ ဒီအမျိုးသမီးဘာကိစ္စလဲပေါ့..
Zhan ge အတွေးထဲမှာတော့ (ဟာ ဒီမိန်းမကြီး ရုံးအထိရောက်လာပြီ.. ဟိုကလေးကိုလာရှာပြီထင်တယ်.. တွေ့သွားပြီး တစ်နေရာရာခေါ်သွားမယ်ဆိုပြဿနာပဲ) ဆိုပြီး စိတ်ပူခြင်း ဂျယ်လီနင်ခြင်း အားလုံးရောပြီး Ge တစ်ယောက် ဂဏာမငြိမ်ဖြစ်နေတော့တယ်...

Parallel LOVEWhere stories live. Discover now