<Unicode>
ငယ်ငယ်ကတည်းက ယာဉ်တွေကို အရှိန်ပြင်းပြင်းနဲ့ စီးရတာကြိုက်တဲ့ကလေးငယ်တစ်ဦး...
အဲ့ဒါကြောင့် တစ်ယောက်တည်း မတ်မတ်ရပ်နိုင်တဲ့အချိန်ကတည်းက စက်ဘီးစစီးခဲ့တယ်..
နည်းနည်းကျွမ်းကျင်လာတဲ့အချိန်ကစပြီး လက်လွှတ်လွှတ်စီးလို့ ဘေးကလူတိုင်းက ပြုတ်ကျမှာကြောက်လို့ အော်ရတဲ့အထိ..
(အရှိန်ပြင်းတာတော့ကြိုက်ပေမယ့် Roller Coaster စီးခိုင်းရင်တော့ အသံပြဲနဲ့ အော်ရလောက်အောင် ကြောက်ပါတယ်နော် XD)
.
ဒီလိုနဲ့ကြီးလာတဲ့အချိန်မှာ ဆိုင်ကယ်စီးသင်.. ဆိုင်ကယ်လိုင်စင်ရအောင် ကြိုးစားရုံတင်မကဘဲ Racer တစ်ယောက်ပါ ဖြစ်လာခဲ့တယ်..
အသက်အငယ်ဆုံးနဲ့ အကောင်းဆုံးစီးနိုင်တဲ့ Racer တစ်ယောက်မို့လို့ company တိုင်းက မျက်စိကျတဲ့ ကစားသမားလေးတစ်ယောက်..
စွန့်စားရတာကြိုက်တဲ့ Yibo လေးတစ်ယောက်က Racer ရဲ့နောက်ကွယ်မှာ လျှို့ဝှက် အလွတ်စုံထောက်ပါလုပ်နေမယ်လို့တော့ ဘယ်သူသိလိမ့်မလဲ..
အပြင်လူမပြောနဲ့ သူ့မိဘတောင် မသိခဲ့ဘူး...
မိဘကလည်း London မှာပဲနေတော့ ဒီဘက်က သူလှုပ်ရှားတာတွေ အပြည့်အဝမသိတာလည်းပါတာပေါ့...
နာမည်တောင် မိဘတွေပေးထားတာ Yibo..
အခုတော့ လျှို့ဝှက်အလွတ်စုံထောက်လုပ်ကတည်းက မှတ်ပုံတင်ထဲ Xiao Wang ဖြစ်နေပြီ..
.
အခုလည်း အထက်အမိန့်အရ company ကြီးတစ်ခုကိုဝင်စုံစမ်းရတော့မယ်.. အချိန်သင့်တာကတော့ Racer အဖြစ်ရပ်တည်ပြီး 2 နှစ်မြောက်မှာ ပထမစာချုပ်ချုပ်ထားတဲ့ company နဲ့ကလည်း သက်တမ်းပြည့်တဲ့အချိန်ဆိုတော့ တစ်ဖက် company တွေ ကမ်းလှမ်းလာမှာကို အသာလေးစောင့်နေလိုက်တယ်..
.
သူစုံစမ်းချင်တာက X company... အဲ့ X company သူ့ကိုဆက်သွယ်လာမယ်ဆိုတာလည်း ယုံကြည်ပြီးသား.. ဘာလို့လဲဆိုတော့ သူက ပျိုတိုင်းကြိုက်တဲ့အချေနှင်းဆီလေ.. ဘာချစ်လို့ချစ်ကြမှန်းမသိကို အချစ်ခံရတာ ကလေးကအစ အဘိုးအဘွားအရွယ်အဆုံး.. အချစ်သာခံရတာ လူကလည်း ချေလိုက်တာလွန်ရော.. အဲ့လိုလူမျိုးက လျှို့ဝှက်အလွတ်တမ်းစုံထောက်?? သံသယဝင်ဖွယ် လားလားမျှမရှိ..
.
သူခန့်မှန်းထားတဲ့အတိုင်းပဲ X company က သူ့ကို စာချုပ်ချုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်.. သူလည်း company ကြီးမို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မဆိုင်းမတွ လက်ခံခဲ့တယ်..
.
X company ကို စုံစမ်းခိုင်းရတဲ့ အကြောင်းအရင်းကတော့ အဲ့ company တွင်းမှာလည်ပတ်နေတဲ့ ငွေပမာဏက သူရင်းနှီးမြှုပ်နှံထားတဲ့ဆီက ရတာထက်ကို ပိုနေတယ်.. မသင်္ကာစရာအချက်တွေများနေတဲ့အတွက် Yibo ကို စုံစမ်းဖို့လွတ်လိုက်ခြင်းပေ...
.
ရေငတ်တုန်း ရေကန်ထဲပြုတ်ကျသလို အခက်အခဲသိပ်မရှိဘဲ X company ထဲက Racer တစ်ယောက်ဖြစ်လာခဲ့တယ်.. ပထမ company မှာ Racer အဖြစ်နေတုန်းက Racer No. 96 အနေနဲ့ နေခဲ့တယ်.. ခု X company မှာ နံပါတ်အသစ်ထုတ်ပေးတဲ့ နံပါတ်က 85.. ဝင်ခါစဖြစ်တဲ့အတွက် စုံစမ်းတာတွေမလုပ်ခင်မှာ ဒီ company အတွင်းအသားကျဖို့ အရင်လုံးပန်းနေခဲ့တယ်..
.
သူဝင်ပြီးသိပ်မကြာခင်မှာပဲ သူ့အတွက် ဆိုင်ကယ် logo design နဲ့ racing suit design အတွက် လူအသစ်တစ်ယောက် ခန့်ပေးလိုက်တယ်ဆိုတာ သူသိခဲ့ရတယ်.. မနက်ဖြန် သူနဲ့တွေ့ရမယ်တဲ့.. သူ အလုပ်လုပ်ခဲ့ဖူးတဲ့ Racing graphic designer အများစုက မိန်းကလေးတွေ.. သူက မိန်းကလေးလည်း မိန်းကလေးလို မဆက်ဆံတဲ့သူဆိုတော့ ဘာမှထူးထူးခြားခြားတော့ မရှိခဲ့ပေမယ့် ခုလာမယ့်တစ်ယောက်က ယောက်ျားလေးလို့ကြားထားတော့ စိတ်ထဲ နည်းနည်းတော့ အသစ်ဖြစ်နေသလို ခံစားနေရတယ်..
(//တွေ့တောင်မတွေ့ရသေး ရင်ကခုန်ချင်နေပြီ🤧//)
.
//Bio နဲ့ သူတို့အကြောင်းကို ပြောပြပေးတာမို့လို့ ပျင်းစရာ ကောင်းနေမှာပါနော်.. 🤧🤧.. ဒါပေမယ့် နောက်တစ်ပိုင်းကစပြီး သူတို့နှစ်ယောက်ကို ပေးတွေ့ပါတော့မယ်..
ချစ်ညီမက Publish လုပ်ခိုင်းလို့ လုပ်လိုက်ပေမယ့် Album ထဲပါ ထည့်ထားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်💜💜//
![](https://img.wattpad.com/cover/198217461-288-k171327.jpg)
YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...