Tracer Race

379 24 4
                                    

<Unicode>

အဲ့ဒါနဲ့ပဲ လစ်ထွက်ဖို့ ထွက်လာတဲ့ Ge တစ်ယောက် အကြံမအောင်မြင်ဘဲ Xiao Wang နဲ့တူတူ ပြိုင်ကွင်းဘက်ကို ပြန်ပါလာခဲ့တယ်.. ပြိုင်ကွင်းဘက်ကိုရောက်ရောက်ချင်း Zuo Cheng တို့ခုံရှိရာနေရာကိုလှမ်းကြည့်လိုက်မိတယ်.. ထင်တဲ့အတိုင်းပါပေ.. ဟိုမှာ ပွဲထဲကို ပြန်ဝင်လာရပါ့မလားဆိုတဲ့ မျက်လုံးတွေနဲ့ Ge ကို အသံတိတ်အော်ပြောနေတယ်.. Ge လည်း အာရုံနောက်တာနဲ့ အေးပါအေးပါဆိုပြီး နည်းနည်း sign ပြပြီး ပြန်ထွက်ဖို့လုပ်တယ်..

အဲ့ဒီ့အခါ Xiao Wang တစ်ယောက် Ge လက်ကိုလှမ်းဆွဲပြီး..

"နေဦးလေ.. ဘယ်သွားမလို့လဲ?? ခဏနေ အလှည့်ရောက်တော့မှာလေ.. ကြည့်မသွားတော့ဘူးလား"

"ငါဒီဇိုင်နာတွေ နေတဲ့နေရာမှာသွားနေမလို့လေ.. တော်ကြာ ဒီဘက်က ဒီဇိုင်နာ ဘယ်ရောက်နေလဲဆိုရင် ကုမ္ပဏီအတွက်ရော မင်းအတွက်ပါ အဆင်မပြေဘူးလေ.. အဲ့ဒါကြောင့်သွားမလို့"

"သွားစရာမလိုဘူး.. ရော့ဒီမှာကဒ်ပြား.. ဒီမှာထိုင်" ဆိုပြီး ပွဲကြည့်စင်အတွက် ကဒ်ပြားတစ်ခုပေးပြီး ပြိုင်ကွင်းထဲကို Xiao Wang ဝင်သွားခဲ့တယ်.. ပေးသွားတဲ့ ကဒ်က ပွဲကောင်းကောင်းမြင်ရတဲ့ Smart TV လည်းတည့်တည့်မှာထောင်ထား.. LED TV လည်း မျက်စောင်းထိုး အမြင့်နေရာမှာထောင်ထားပြီး ပွဲကို လုံးဝ ကွက်ကွက်ကွင်းကွင်းကြည့်လို့ရတဲ့ VVIP နေရာ..
ကဒ်ကိုကြည့်ပြီး "ငါဒီမှာ မထိုင်ချင်ဘူးလေကွာ.." လို့သာ Ge ရေရွတ်နိုင်တော့တယ်..

ထိုင်ခိုင်းတော့လည်းထိုင်ရတော့မှာပေါ့လေလို့ စဉ်းစားလိုက်ပေမယ့် ဘေးဘီကလည်းကြည့်ရသေးတယ်.. VVIP ဆိုတာက သူ့သရုပ်မှန်လို လူမျိုးတွေချည်း စုထိုင်တတ်တဲ့ နေရာမဟုတ်လား.. တွေ့သွားလို့ သူမှန်းမှတ်မိသွားရင် မလိုအပ်ဘဲ ခေါင်းကိုက်တယ်လေ... ဒါပေမယ့် သူ့ကို ကျားချောင်းချောင်းနေတဲ့ သူသိတဲ့သူတွေတော့ ပွဲထဲမှာရော အခု VVIP နေရာမှာရော သူမတွေ့မိဘူး.. အဲ့ဒါနဲ့မှပဲ သက်ပြင်းချမိပြီး အေးဆေးထိုင်ဖြစ်သွားတော့တယ်..

ဒါပေမယ့် Huai Han တစ်ယောက် ပွဲထဲကိုလူလွှတ်ပြီး ကိစ္စတစ်ခုခိုင်းထားတာကိုတော့ Ge မသိဘူးပေါ့လေ.. Huai Han က ဒီတစ်ခေါက်အတွက်ကိုတော့ ကြီးကြီးမားမား ပြဿနာပေးဖို့ စိတ်ကူးမရှိ.. Zhan Ge ကို ခြောက်လိုက်ချင်ယောက် သူ့ expression ဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားတာ သပ်သပ်လောက်ပဲ.. အဲ့ဒါနဲ့ Huai Han က လူလွှတ်ပြီး ပြိုင်ပွဲထဲက ကစားသမားတစ်ယောက်ဆီ လာဘ်ထိုးထားတယ်.. Xiao Wang ဆိုင်ကယ်ကို တိုက်ပစ်ဖို့! အသက်သေလောက်တဲ့အထိမဟုတ်ဘဲ ဒဏ်ရာအနာတရဖြစ်သွားရုံလောက်တိုက်ခိုင်းတာ.. တစ်ခုခုကျိုးသွားလည်း သူကတော့ ပျော်တာပေါ့.. Zhan ရဲ့ expression ကြီးကြီးမားမားပြောင်းတာကို သူမြင်ရမှာလေ..

Parallel LOVEWhere stories live. Discover now