<Unicode>
Xiao Wang တစ်ယောက် မနက်နိုးနိုးချင်း မနေ့က မန်နေဂျာ လာပို့သွားတဲ့ Graphic Designer အသစ်လေးရဲ့ profile ကို ထပ်ခါထပ်ခါပြန်ကြည့်နေခဲ့တယ်..
.
"ဒီစာရွက်ရေးပေးတဲ့သူကလည်း ဓါတ်ပုံလေးတောင်မပါဘူး.. အဲ့ဒီ့တော့ ဘယ်လိုကြိုစုံစမ်းမလဲ..
ဘယ်ကလူမှန်းမသိ အချက်အလက်တောင် ရှာကြည့်ဖို့ အတော်ခက်ခဲနေတာ စိတ်ထဲတစ်မျိုးပဲ..
ပြီးတော့ နာမည်ကြီးကလည်း Jìng Zhàn တဲ့.. Jing ဆိုလည်း Jing.. Zhan ဆိုလည်း Zhan ပေါ့..
နာမည်ကိုက အဆင်မချောဘူး.. အလုပ်လုပ်ရတာ အဆင်မပြေရင်တော့ ခေါင်းကကိုက်ရတော့မယ်" ဆိုပြီး တဗျစ်တောက်တောက်နဲ့ ကြည့်နေတာ စာရွက်လည်း မပြဲရုံတမယ်ပဲ...
.
အဲ့အကြောင်းခေါင်းထဲရောက်နေတာနဲ့ အမောင် Xiao Wang တို့နောက်ကျလေပြီ..
နာရီကြည့်မိပြီးမှ အသည်းအသန် ရေမိုးချိုး အဝတ်အစားလဲပြီး ဆိုင်ကယ်အရှိန်တင် မောင်းလာခဲ့တယ်..
.
Company ကိုရောက်ခါနီး တစ်နေရာမှာ မီးပွိုင့်မိနေတုန်း မနီးမဝေးပန်းခြံတစ်နေရာမှာ ကလေးတွေရုံးစုရုံးစုဖြစ်နေကြတယ်.. သေချာကြည့်လိုက်တော့ ဝတ်ကောင်းစားလှတွေနဲ့ ကျောင်းသားလေးတစ်ယောက်ကို ကျန်တဲ့ကျောင်းသားတွေက ဝိုင်းအနိုင်ကျင့်နေကြတာ..
.
သူအဲ့ဒါကိုကြည့်ရင်း သူ့ကို ငယ်ငယ်တုန်းကကူညီခဲ့ဖူးတဲ့ အစ်ကိုတစ်ယောက်ကို သွားအမှတ်ရသွားတယ်..
.
ဒါပေမယ့် သူ့အတွေးထက် အခုအနိုင်ကျင့်ခံရတဲ့ကလေးကို သွားကူမယ့်အချိန်မှာပဲ ကောင်လေးတစ်ယောက်က အဲ့ကလေးတောထဲဝင်ပြီး ပြဿနာရှင်းနေတယ်..
မုန့်ဖိုးတစ်ယောက်စီပေးပြီး ပြန်လွှတ်နေတာ 😑
.
Xiao Wang တစ်ယောက် ကိုယ့်နှဖူးကိုယ်ရိုက်ချင်သွားတယ်.. ကလေးတွေကို ဒီလိုအနိုင်မကျင့်ရဘူး ဘာညာနဲ့ သေချာ ကြိမ်းဝါးရမှာကို မုန့်ဖိုးပေးပြန်လွှတ်တယ်တဲ့လား 😑.. ကလေးတွေထက် အဲ့ဒီ့သူကို နားရင်းရိုက်ချင်စိတ် တဖွားဖွားတွေဖြစ်နေတာနဲ့ မီးပွိုင့်ကြီးကိုမေ့သွားလို့ နောက်ကဟွန်းတီးမှ ထွက်ရတဲ့ဆီရောက်တော့တယ်..
.
ဘယ်လိုတောင်တော်တဲ့ကောင်လဲလို့ သိချင်စိတ်နဲ့ အဲ့ပန်းခြံနားထိကပ်မောင်းသွားလိုက်တော့ အနိုင်ကျင့်ခံရတဲ့ကလေးကို ပြုံးပြီးချော့နေတဲ့ အဲ့ဒီ့တစ်ယောက် မျက်နှာအလှည့်နဲ့တိုးပါလေရော...
.
Xiao Wang's အချိန်တွေခဏရပ်တန့်သွားတယ်..
ချိုလွန်းလှတဲ့အသံ.. ချစ်စရာကောင်းလွန်းတဲ့အပြုံး.. အဲ့ထဲမှာမှ ထင်ထင်ရှားရှားလေး ထွက်နေတဲ့ ယုန်သွားလေး..
.
"ဟင်" ခနဲ သူ့ပါးစပ်က ယောင်ပြီးထွက်သွားတယ်..
သူ့စိတ်ထဲထပ်နေတဲ့မေးခွန်းကတော့ သူရှာနေတဲ့ တစ်ယောက်တည်းသော Ge လားဆိုတဲ့ မေးခွန်းပဲ..
ဒါပေမယ့် မဟုတ်လောက်တာဆိုပြီး သူ့ဘာသာပြန်ဖြေတယ်.. Ge က ငါနဲ့ ၇ နှစ်လောက်တောင်ကွာတာ ဒီလို ကလေးမျက်နှာနဲ့ နုဖက်နေတဲ့သူက Ge ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မဖြစ်နိုင်လိုက်တာ.. ဆိုပြီး သူငယ်ငယ်က Ge နဲ့ဆုံခဲ့တဲ့ အချိန်ခဏလေးကို တွေးနေခဲ့တယ်...
.
《Xiao Wang လေး 9 နှစ်အရွယ်လောက်က..》
Xiao Wang တို့မိဘတွေက ချမ်းသာပေမယ့် London မှာပဲနေကြတာမို့လို့ ဒီမှာဆိုသူ့ဦးလေးနဲ့ပဲ တူတူနေရတယ်.. ဒါပေမယ့် လိုချင်တဲ့ပစ္စည်းကတော့ ခုပြောခုရကို ဖြည့်ဆည်းပေးထားကြတာ...
သူလေးက စက်ဘီးလိုချင်တယ်ပူဆာလွန်းတာကြောင့် မိဘတွေက London ကနေ ပြိုင်ဘီးလေးတစ်စီးဝယ်ပို့လိုက်တယ်.. နောက်ဆုံးမော်ဒယ် ဂီယာ ၈ ချက်နဲ့ အစိမ်းရောင်လေးကို လွင်လို့..
.
ပစ္စည်းအသစ်ဆို စမ်းရမှကျေနပ်တဲ့ Xiao Wang လေးတစ်ယောက် ဦးလေးအပြင်ကပြန်မလာသေးခင် တစ်ယောက်တည်း ခိုးထွက်သွားပြီး မြစ်ကမ်းစပ်မှာ စက်ဘီးသွားစီးနေခဲ့တယ်..
ကလေးကလည်းငယ်ငယ် တစ်ယောက်တည်းပတ်စီးနေတာဆိုတော့ အကုန်လုံးက ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့.. အဲ့ဒီ့မှာ အထက်တန်း အတန်းကြီးအရွယ် ကလေကချေ ကျောင်းသားတစ်ဖွဲ့က သူ့နား ရစ်သီရစ်သီ ရောက်လာကြပါလေရော..
.
"ဒီကညီလေး မင်းစက်ဘီးကကောင်းလှချည်လားကွ.. အင်္ကျီကလည်း တောက်ပြောင်နေတာပဲ.. ဒီအစ်ကိုကြီးတွေကို ခဏပေးစီးပါလားကွ"
"ဘာလို့ပေးစီးရမှာလဲ.. စီးချင် ကိုယ့်ဘာသာဝယ်စီးလေ" ဆိုပြီး Xiao Wang လေးက ဘောက်စပ်စပ် ပြန်ပြောတော့ 10 ယောက်လောက်ရှိတဲ့ အဖွဲ့တော်သားတွေထွက်လာပြီး စက်ဘီးရော ရှိသမျှ နာရီတို့ အပေါ်ဝတ်အင်္ကျီတို့ကိုပါ အကုန် လုကြပါလေရော..
.
ကိုယ်တော်လေးက စိတ်ကသာကြီး နှုတ်ကသာစွာတာ.. အသက်က 9 နှစ် လူကောင်က သေးသေးလေးဆိုတော့ အားကလုံးဝမမျှဘူး... ပထမတုန်းကတော့ ဒေါသဖြစ်ပေမယ့် ဟိုအဖွဲ့တွေက ဆွဲထိုးလို့ တဖြည်းဖြည်းကြောက်လာတယ်..
"ဦးလေးကယ်ပါ ဦးလေးသားကိုကယ်ပါ" ဆိုပြီး လျှောက်အော်နေခဲ့တယ်..
.
အဲ့ဒီ့အချိန်မှာပဲ ကလေကချေအဖွဲ့ကိုခေါင်းဆောင်တဲ့ ကျောင်းသားရဲ့ခေါင်းကို တစ်ယောက်က အအေးဘူးနဲ့ ပစ်ပေါက်လိုက်တာ ဂုတ်ခနဲပဲ..
"ဘယ်သူတောင်းစား ပစ်တာလဲ" ဆိုပြီး အော်ဆဲတော့ နောက်က အေးစက်နေတဲ့အသံနဲ့ တစ်စုံတစ်ယောက်က တစ်ခွန်းတည်းပြန်ဖြေလိုက်တယ်..
.
"ငါ"
.
အဲ့တော့ ကျောင်းသားအစုက "ဟေ့ကောင် မင်းကရဲတင်းလှချည်လား ငါတို့ကို ဘာကောင်တွေလဲ သိရောသိလို့လား? ဟေ့ကောင်တွေ ဒီမှာ...." ဆိုပြီး စကားတောင်မဆုံးသေးခင် ဆွဲဆောင့်လိုက်လို့ တံတွေးတောင် သီးသွားတယ်..
.
အဲ့ဒီ့မြင်ကွင်းကို Xiao Wang တစ်ယောက် ငေါင်ပြီးပဲ ကြည့်နေမိတယ်.. အဲ့ဒီ့တစ်ယောက်က ဟိုကျောင်းသားရဲ့ အင်္ကျီကော်လံကိုဆွဲပြီး နားနားကပ်ပြောနေတာမို့ ဘာပြောလဲ Xiao Wang မကြားရ.. သူမြင်နေရတာဆိုလို့ ကြောက်စရာကောင်းလောက်အောင် အေးစက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ အပြုံးတစ်ခုသာ...
.
၂ ခွန်း ၃ ခွန်းပြောလိုက်တာနဲ့တင် အဲ့ကျောင်းသားတွေအကုန် ခေါင်းပြန်မလှည့်တမ်းကို ပြေးတော့တာ.. "ဟင် ဒီတစ်ယောက် ဘာကြီးလဲ" လို့ စိတ်ထဲရေရွတ်နေတုန်း
"ကလေး ထနိုင်ရဲ့လား" ဆိုတဲ့ ချိုသာလွန်းတဲ့အသံလေးရောက်လာတယ်... မျက်နှာမှာလည်း ခန့်ညားလွန်းတဲ့ အပြုံးလေးချိတ်ဆွဲလို့....
.
Xiao Wang တစ်ယောက် ရူးကြောင်ကြောင်ဖြစ်နေခဲ့တယ်.. ခုနက ဟိုအတန်းကြီးတွေနဲ့ပြောနေတာ ဒီအစ်ကိုပဲ မဟုတ်ဘူးလား.. အမြွှာလားလို့တောင် တွေးနေမိတယ်..
ခုကျ သူ့ကိုရယ်ပြနေလိုက်တာ ယုန်သွားလေးကို ထင်းလို့....
.
Xiao Wang တစ်ယောက် ယုန်သွားမြင်တာနဲ့တင် ငယ်ငယ်က သူ့ရဲ့တစ်ဦးတည်းသော Hero ကိုပြန်ပုံဖော်နေလိုက်တာ "တီ.... တီ.... တီ... " ဆိုပြီး ဖုန်းလာတော့မှပဲ ဒီဘက်လောကထဲပြန်ရောက်လာတော့တယ်...
.
ဖုန်းကိုင်လိုက်တော့.. "Xiao Wang ရေ အစည်းအဝေးစတော့မယ် မရောက်သေးဘူးလားဟ" ဆိုပြီး မန်နေဂျာအော်တော့မှ နာရီကြည့်ပြီး အသည်းအသန်ရုံးကိုပြန်ပြေးရတော့တယ်....
.
Xiao Wang တစ်ယောက် parking မှာ ဆိုင်ကယ်ထိုးပြီး Base floor ကနေ 3rd Floor ကိုပြန်တက်ဖို့စောင့်နေတော့မှ တစ်ခုသတိရသွားတယ်...
"နေပါဦး အဲ့တစ်ယောက်က ပထမ ပန်းခြံနဲ့ ကား ၅ စီးစာလောက်ကွာတဲ့ ဆန့်ကျင်ဘက်အခြမ်းမှာပါ.. သေချာပါတယ်.. ငါကစုံထောက်ပဲဟာ မှားစရာမရှိဘူး...
ဒါပေမဲ့ အဲ့လောက်အကွာအဝေးကလူက ဘယ်အချိန်လှစ်ခနဲ ဒီကလေးတွေဆီရောက်လာတာလဲ??? အဲ့လောက်မြန်တယ်??"
.
ဟိုဟိုဒီဒီ ဟိုဟိုဒီဒီနဲ့ Xiao Wang ရဲ့ မနက်ခင်းကိုတော့ ယုန်သွားပိုင်ရှင်ကောင်လေးတစ်ယောက် အပိုင်သိမ်းသွားခဲ့ပြီ...
.
//ဒီမှာ နာမည်ရှုပ်သွားမှာစိုးလို့ Yibo နာမည်ကို Xiao Wang လို့ပဲ နေရာတိုင်းရေးထားပါတယ်နော်..
ဒီအပိုင်းက ဆင်ချင်တဲ့ဇာတ်လမ်းနည်းနည်းပါနေတာနဲ့ စာကြိုမစီဘဲ လက်တန်းချရေးလိုက်လို့ လည်သွားတာတွေ ရှိနိုင်ပါတယ်နော်.. နားလည်ပေးကြပါလို့ 💜💜
Feedback လေးတွေလည်း ရေးသွားပေးလို့ ရပါတယ်နော်
ဖတ်ရုံမက Reading list ထဲပါ ထည့်ပေးကြတဲ့အတွက် တအားပျော်ပါတယ်နော် .. ကျေးဇူးလည်းအများကြီးတင်ပါတယ် 😍😍.. နောက်လည်း ကြိုးစားပြီးရေးပါ့မယ်လို့ 🌸//
YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...