<Unicode>
Xiao Wang တစ်ယောက် စောစောစီးစီးပြုံးဖြီးနေတဲ့ တစ်ယောက်သောသူကိုတွေ့လိုက်ရတဲ့အတွက် စိတ်ထဲမှာ အောင့်သက်သက်ဖြစ်နေခဲ့တယ်..
"နေပါဦး.. ငါကဘာလို့ဒေါသဖြစ်နေရတာလဲ? သူနဲ့ငါက ဘာဆိုင်လို့လဲ.. သူ့ဘာသာ ဘယ်သူ့ကိုရယ်ပြပြ ငါ့အလုပ်မှမဟုတ်တာ.. ဘာတွေတွေးနေတာလဲ Yibo" ဆိုပြီးတော့ တစ်ယောက်တည်း ဘာ့ကြောင့်မှန်းမသိ စိတ်ထဲမကျေမလည်တွေဖြစ်နေခဲ့တယ်..
ရုံးရောက်ပြီးသိပ်မကြာခင်မှာတော့ Xiao Wang တစ်ယောက်လည်း ပြိုင်ပွဲကိစ္စတွေနဲ့ တခြားအရာတွေကို အာရုံမစိုက်နိုင်ဘဲ ပြိုင်ပွဲအတွက်ပဲ လုံးပန်းနေခဲ့တယ်.. ဒီပွဲမှာ ဗိုလ်စွဲမှ ရှယ်ယာရှင်တွေနဲ့ တရားဝင်မိတ်ဆက်ပေးခံရမှာလေ.. အဲ့ဒါမှလည်း ဒီ X Company ကြီးရဲ့နောက်ကွယ်မှာ ဘယ်သူတွေပါနေလဲဆိုတာကို သိခွင့်ရမှာမဟုတ်လား.. အဲ့ဒါနဲ့ပဲ တခြားအတွေးတွေအကုန်ဖျောက်ပြီးတော့ ဒီဇိုင်းသမားတွေ styling သမားတွေနဲ့ပဲ အလုပ်ညှိလုပ်နေလိုက်တယ်..
"ဟိုလေ.. Xiao Wang.. ဒါက အစ်ကိုဒီတစ်ခေါက်ပွဲအတွက် ဆွဲထားတဲဒီဇိုင်းလေးပါ.. Xiao Wang မကြိုက်တဲ့နေရာရှိရင်ပြောပါနော်.. အစ်ကိုပြင်ဆွဲပေးပါ့မယ်" ဆိုပြီး ရိုရိုကျိုးကျိုးပြောနေတဲ့ ဆရာ Zhan ကို သူသေချာစိုက်ကြည့်နေမိတယ်..
( ငါဘာလို့သူ့ကိုရင်းနှီးနေသလို ခံစားရတာလဲ.. ခံစားချက်ကနည်းနည်းထူးဆန်းနေတယ်) ဆိုပြီးလည်း Xiao Wang တစ်ယောက် စဉ်းစားနေမိတယ်..
ဒီဇိုင်းကိုကြည့်ပြီး Xiao Wang တစ်ယောက် ပါးစပ်မပိတ်နိုင်လောက်အောင် အံ့သြနေခဲ့တယ်..
(Woww.. ဒါက ဒီလောကထဲဝင်တာသိပ်မကြာသေးတဲ့သူရဲ့ လက်ရာဆိုတာ တကယ်မယုံနိုင်အောင်ပဲ.. ပြီးတော့ color အတွဲက ငါ့အကြိုက်ကိုသိလွန်းတယ်.. တိုက်ဆိုင်တာပဲလား??) ဆိုပြီး Xiao Wang တစ်ယောက်တည်း မေးခွန်းတွေကြား ပတ်ပြေးနေခဲ့တယ်.. ပြီးတော့ သူသတိထားလိုက်မိတာက ဒီဇိုင်းအသေးစိတ်ကို အနီးနားကပ်ပြီးရှင်းပြပေးနေချိန်မှာ ဆရာ Zhan ကိုယ်နားက ရလိုက်တဲ့ ရေမွှေးလို ဆွဲဆောင်မှုရှိတဲ့အနံ့လေး..Xiao Wang တွန့်သွားခဲ့တယ်..
(ဟိုတစ်ယောက်ဆီမှာရတဲ့ ကိုယ်နံ့က ဘာလို့သူ့နားမှာ ရနေရတာလဲ? ဧကန်န.... အာာာ... ဧကန်နတွေဘာတွေမရှိဘူး.. မဖြစ်နိုင်တာအသိသာကြီး.. ဟိုကလက်ရဲဆတ်ရဲ.. ဒီက မထုံတတ်တေး ကြောင်တောင်တောင်နဲ့ မဖြစ်နိုင်လိုက်တာ..) လို့တွေးနေမိပြီး စိတ်ရှုပ်လာတဲ့အဆုံး "ကျွန်တော် နာရီဝက်လောက် ခဏနားမယ်" လို့ပြောပြီး အရေးပေါ်လှေကားဘက်ကို ထွက်လာခဲ့လိုက်တော့တယ်..
YOU ARE READING
Parallel LOVE
Fanficဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...