"ခဏလောက်"
လူတစ်ယောက် Xiao Wang ကိုကျော်လျှောက်ပြီး ရှေ့မှာ ရပ်လိုက်တယ်..
"Xiao Wang ဆိုတာ မင်းလား?"
"ဟုတ်တယ် ကိစ္စရှိလို့လား?" သူ့ရာထူးကို အပျောက်မခံဘဲ အချေကိုယ်တော်တို့ ချေချလိုက်ပါတော့တယ်..
"အဟော.. မင်းလေးက ကြားထားတဲ့အတိုင်း အပြောချိုတာပဲ.. သဘောကျချင်စရာလေး အဟင်း"
"ကျွန်တော်နဲ့ ကိစ္စရှိလို့ အခုစကားပြောနေတာလား? ကိစ္စမရှိရင် ကျွန်တော့်ကို ခွင့်ပြုပါဦး.. ကျွန်တော်အခု အလုပ်ရှိလို့ပါ"
"နေဦးလေ.. ကိုယ်ဘယ်သူလဲဆိုတာတော့ သိအောင် လိပ်စာကတ်လေးတော့ယူသွားပါဦး" ကတ်ကိုထုတ်ပေးရင်း Xiao Wang နားနားကိုကပ်ပြီး "ကိုယ်တို့ထပ်တွေ့ကြတာပေါ့" လို့ပြောသွားတယ်.. ဘာရယ်ကြောင့်မှန်းမသိ Xiao Wang အနည်းငယ် တွန့်သွားခဲ့တယ်.."ဒီအချေအတွက် မင်းလေးက တုန်လှုပ်ပြတယ်တဲ့လား? မလောက်လေးမလောက်စားကောင်တွေကို ကြည့်မရတတ်ပေမယ့် မင်းလေးကြောင့် သူ့ကို ကစားပေးရဦးမှာပေါ့ Zhan ရာ.. ကိုယ့်ကို ခယဖို့လေး ကြိုပြင်ဆင်ထားပေါ့" လို့ Huai Han တစ်ယောက် ရင်ထဲမှာ စကားတွေသီကုံးရင်း အကျေနပ်ကြီး ကျေနပ်နေတော့တယ်..
တစ်ဖက်မှာ ကြောင်တောင်တောင် ကျန်ခဲ့တာက Xiao Wang.. သူ့စိတ်ထဲတစ်မျိုးဖြစ်သွားတာနဲ့ သူ့အိတ်ကပ်ထဲ ထည့်ပေးသွားတဲ့ လိပ်စာကတ်ကိုထုတ်ကြည့်လိုက်တယ်.. ဘာ.. (N Company က CEO ဟုတ်လား? သူက ငါ့ကိုဘယ်လိုသိတာလဲ.. လူကလည်း အထက်စီးဆန်ရုံမက ပိုင်စိုးပိုင်နင်း ပါဝါက လာပြချင်သေးတယ်? ဒါထက် ဒီပွဲကိုလာတယ်ဆိုတော့ ဒီ X Company နဲ့ ပတ်သက်မှုရှိနေတာလားမသိဘူး.. အိမ်ပြန်ရောက်မှ သေချာစုံစမ်းရမယ်.. ခုတော့ ဓါတ်ပုံရိုက်ဖို့သွားရတော့မယ်) ဆိုပြီး အတွေးခဏလက်စသပ်လိုက်တယ်..
Xiao Wang တစ်ယောက် ပြိုင်ပွဲမစခင်မှာ Photoshooting တစ်ခုရှိတယ်.. ပြိုင်ပွဲအတွင်းက အလှပုံရိုက်လို့အဆင်မပြေတဲ့အတွက်ကြောင့် ပွဲမစခင်မှာ Magazine တို့ဘာတို့မှာသုံးဖို့ Tracer suit အပြည့်နဲ့ photoshoot ရတယ်.. ပူလောင်တာကတစ်မျိုး အနီးနားမှာ ပျံနေတဲ့ အလှပြ မ မျိုးနွယ်ဝင်တွေကြောင့်တစ်မျိုးနဲ့ Xiao Wang မျက်နှာက တဖြည်းဖြည်း မိုးရွာတော့မယ့် ကောင်းကင်ကြီးလို ဖြစ်ဖြစ်လာတော့တယ်..

YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...