<Unicode>
"Ge လား?" (Xiao Wang တစ်ယောက် ထပ်မေးလိုက်တယ်)
Zhan Ge ကတော့ ဘာအဖြေမှမပေးဘဲ Xiao Wang ကိုကျောပေးပြီးတော့ အခန်းထဲကမြန်မြန် ထွက်လာလိုက်တယ်..
အမြန်ထွက်လာပြီး အခန်းတံခါးပိတ်ပြီးနောက်မှာတော့ တံခါးကိုမှီ ရင်ဘက်ကိုဖိပြီး ရင်တွေခုန်နေခဲ့တဲ့ Ge..(ငါဘယ်လိုလုပ်ရပါ့မလဲ) ဆိုတဲ့အတွေးနဲ့လည်း ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့စဉ်းစားနေတယ်.. ပြီးမှ Xiao Wang သိထားတဲ့ Jing Zhan ဆိုတဲ့ character ရဲ့ ဆန့်ကျင်ဘက်ကိုပြမယ်ဆိုပြီးတော့ ပွဲတော်ရက်မှာသုံးတဲ့မျက်နှာဖုံးကိုတပ်ပြီး Xiao Wang ရှိတဲ့အခန်းထဲကိုပြန်ဝင်သွားလိုက်တယ်.. Xiao Wang လှဲနေတဲ့ကုတင်နားရောက်တော့ Ge တစ်ယောက် Xiao Wang မျက်လုံးကိုအဝတ်နဲ့ချည်လိုက်တယ်..
"ဘယ်... ဘယ်သူလဲ.. ခင်ဗျား ဘာလုပ်တာလဲ?? အခုချက်ချင်းကြိုးဖြည်ပေး"
"ခင်ဗျား?? ခေါ်တာကြမ်းလှချည်လား?? မင်းခေါ်နေတာကို ဘယ်သူထင်နေတာလဲ? မင်းကိုကယ်လာတာရော ဘယ်သူလို့ထင်နေတာလဲ? ရင့်ရင့်သီးသီးတွေနဲ့ နှုတ်ကြမ်းနေမယ့်အစား သခင်လို့ခေါ်သင့်တယ်နော် Yibo"
"ဟင်?? ခင်.. ခင်ဗျားဘယ်သူလဲ?? Yi.. Yibo ဆိုတာဘယ်သူလဲ.. ကျွန်တော်မသိဘူး.. ကျွန်တော့်နာမည် Xiao Wang"
"အဟော.. Wang Yibo.. မင်းဘယ်သူ ဘာလုပ်တယ်ဆိုတာ အကုန်သိပြီးသား.. undercover Wang Yibo.. မင်းအကြောင်း အခုကုမ္ပဏီနဲ့ Racing လောကကြီးမှာ အားလုံးသိအောင် ကိုယ်သွားပြောပေးရမလား"
"ခင်.. ခင်ဗျား... အ.."
အလောတကြီးနဲ့ လက်ကဒဏ်ရာတွေကို သတိမထားမိခဲ့လို့ ဒဏ်ရာပြန်ကွဲပြီး သွေးတွေထွက်လာခဲ့တယ်.. Xiao Wang ကတော့ မမြင်ရပေမယ့် ခံစားချက်နဲ့ သွေးထွက်လာတာကို ခံစားရပေမယ့် Ge တစ်ယောက် သွေးတွေထွက်လာတဲ့လက်ကိုမြင်တော့ ချက်ချင်းလှမ်းဆွဲမိတော့မလိုဖြစ်သွားတယ်.. ဒါပေမယ့် Xiao Wang ရှေ့မှာ သူဟန်ဆောင်နေတာဖြစ်တဲ့အတွက် လက်ကိုရုပ် အံကိုကျိတ်ပြီး ဒီအတိုင်းသာရပ်နေလိုက်တယ်...
"စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့လေ.. အခုဒဏ်ရာပြန်ကွဲသွားတော့ ကိုယ့်အိပ်ရာခင်းတွေစွန်းကုန်ပြီလေ.. ကိုယ်ကသွေးမြင်ရင် စိတ်ကြွတတ်တယ်နော်.. စိန်ခေါ်နေတာလား Yibo"
![](https://img.wattpad.com/cover/198217461-288-k171327.jpg)
YOU ARE READING
Parallel LOVE
Fanfictionဟန်ဆောင် Graphic Designer လေး Xiao Zhan Racer အဖြစ် ရပ်တည်နေတဲ့ Underground စုံထောက်လေး Wang Yibo . သူတို့နှစ်ယောက် ဦးတည်ချက်ကတူမှာလား? ဆုံမှတ်မရှိတဲ့ လမ်းကြောင်းပေါ်ရောက်နေကြတာလား? ဘာ့ကြောင့်လဲ? စွန့်လွှတ်ရမလား? ဆက်လျှောက်ရမလား? တကယ်ရော ဖြစ်နိုင်ပါ...