ဒီနေ့ Sunday ကတော့ ရှင်းသန့် အိမ်မကပ်ရသော နေ့တစ်နေ့ ဖြစ်သည်
မနက်ခင်း အစောနိုးထဲက အိပ်ယာထကာ ကြီးမေ ကိုစျေးလိုက်ပို့ ၍ အိမ်အတွက် လိုအပ်သည်များ ကို ဝယ်ခြမ်း ရသည်
အရင်အပတ် တွေတုန်းက ကိုကိုလိုက်ပို့တာဖြစ်သော်လဲ ဒီနေ့တော့ ကိုကို Company တွင်အရေးကြီး စာချူပ် တစ်ခု လုပ်စရာရှိသည် ဆိုတာကြောင့် ကိုကို အစား ရှင်းသန့် က လိုက်ပေးရခြင်းဖြစ်သည်။
"သား ရှင်းလေး ကြီးမေနောက် လိုက်လာရတာ ညောင်း နေပြီလား "
"မညောင်းပါဘူး ကြီးမေရဲ့ ဝယ်စရာရှိတာသာ ဝယ်ပါ"
ရှေ့သို့လျောက်နေရင်း ကြီးမေက လှည့်ကာ မေးလာသောကြောင့် ရှင်းသန့် ပြုံးပြီး ဖြေလိုက်ရသော်လဲ အမှန်မှာတော့ တကယ်ညောင်းနေပါပြီ
ဝယ်စရာပစ္စည်းလဲ အတော်စုံပြီ ထင်ပါရဲ့။
ရွေးယူလာသော ပစ္စည်းများကို ကောင်တာတွင် ငွေရှင်းကာ နှစ်ယောက်သား ပြန်လာခဲ့ကြသည်
အော် ပြောဖို့မေ့နေတာ အခု ရှင်းသန့် ကို ဆေးရုံ အသွားအပြန်အဆင်ပြေစေရန် ကိုကိုက ရှင်းသန့် မွေးနေ့တုန်းက မွေးနေ့လက်ဆောင် အနေနဲ့ မာစီးတီး အဖြူ လေး တစ်စီး ဝယ်ပေးထားသောကြောင့် ရှင်း ဘယ်သွားသွား ထို ကားလေးဖြင့်သာ သွားလာဖြစ်သည်။ထို့ဖြင့် ဝယ်စရာပစ္စည်းများ စုံပြီမို့ ကြီးမေနဲ့ နှစ်ယောက်သား ပြန်လာခဲ့ကြသည်။
အိမ်ရောက်သော်
ကားပေါ်မှ ဆင်းကာ ဝယ်လာသော ပစ္စည်းများ ကို ယူ၍ ဧည့်ခန်းတွင် ချထားပေးကာ ရှင်းသန့် ပေါ်ထက် မိမိ အခန်းတွင်းသို့ ဝင်လာကာ ရေချိုးရန်ပြင်ရသည် ။
သူရိန် တို့နဲ့ ချိန်ထားသည်မှာ အချိန်နီးနေပြီ မလို့ အမြန်ပင် ရေချိုးကာ
အဝတ်စားလဲ ၍ ဆင်းလာခဲ့ လိုက်သည်။"သားရှင်းလေး အပြင်သွားမလို့လား "
"ဟုတ်ကြီးမေ ကျွန်တော် သူရိန်တို့နဲ့ချိန်းထားလို့ နေလည်စာ အပြင်မှာပဲစားခဲ့လိုက်တော့မယ် နော် ကြီးမေ"
"အေး..အေး..သား ကား ကိုဂရုစိုက်မောင်းနော်"
"ဟုတ်ကြီးမေ "
ကြီးမေကိုပြုံး၍ပြောကာ ရှင်းထွက်လာလိုက်သည်
ရှင်း ဆေးရုံပဲ သွားသွား ဘယ်ပဲသွားသွား ကြီးမေအမြဲမှာနေကြစကားမှာ ကားဂရုစိုက်မောင်းရန်သာဖြစ်သည်။
ခြံထဲမှကားကိုဖြေးညှင်းစွာမောင်း ထွက်လာကာသူရိန်တို့နဲ့ ချိန်းထားသော နေရာဆီမောင်းလာခဲ့လိုက်သည်။
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)