Episode (10) U/Z

95 9 1
                                    

ရှင်းလေး စက်ဘီးစီးရင်း ကားတိုက်ခံရပီးထဲက ကိုကိုက ဘယ်မှ ပေးမထွက်တော့ ပျက်စီးသွားတဲ့ စက်ဘီးကိုလဲ လွတ်ပစ်လိုက်သည်။
ကျောင်းပြန်ဖွင့်တော့လဲ အရင်လို အကြိုအပို့ ကိုကိုကပဲ လုပ်ပေးသည်။
တကယ်တော့ ရှင်းလေးက ကိုကို့ကို အလုပ်မပိုစေချင်၍ စက်ဘီး စီးသင်ချင်တာဖြစ်သည်။
တစ်နေ့တစ်နေ့ သူ့ကိုအပို့အကြို လုပ်ပေးနေရတာ ကိုကိုလဲ ပင်ပန်းမည်မဟုတ်လား
ဘယ်လိုပဲ မပင်ပန်းဘူး ပြောနေပါစေ ကိုကိုပင်ပန်းတာ သူသိပါသည်။
ဒါကြောင့်လဲ ကျောင်းကိုစက်ဘီးနဲ့ သွားချင်သော်လဲ အခုတော့ သူ့ဆန္ဒ တွေဖြစ်မလာ။
သူရိန်ဆိုလဲကျောင်းကိုစက်ဘီးဖြင့်သာလာသည်။
ကိုကိုသူ့ကို ဂရုစိုက်ပေးတာကိုသူကြိုက်ပါသည်
ဂရုစိုက်လဲ ခံချင်ပါသည်။
ဒါပေမဲ့.......

******************
(3နှစ်ကြာပြီးနောက်)

"ရှင်းလေးရေ မပီးသေးဘူးလား "
"ပီးပီ ကိုကို ခနလေး "
ဘာလိုလိုနဲ့ ရှင်းလေးတောင် ဒီနှစ်ဆို
9တန်းတောင်ရောက်ပြီ
အရင်ထက်လဲ အရပ်ရှည်လာသလို
အရင်ထက်လဲ အသားပိုဖြူလာသည်
မျက်စံ ပြာလဲ့လဲ့ ၊ဆံပင်အညိုရောင်သန်းသန်းနဲ့ အသားဖြူတဲ့ ရှင်းလေးက ကိုးရီးယား မင်းသားလေး အလားချောမော လာသည်
အရင်လို သူ့အပေါ်ဆိုးနွဲ့တဲ့ ကလေးလေး ပုံစံလဲ မဟုတ်တော့ ခက်တည်တည်နဲ့ ကိုလူအေးလေးလို ပုံစံဖြစ်လာသည်။
အရင်တုန်းက ညဖက်ကြောက်တက်လွန်း၍ သူနဲ့လာလာအိပ်တဲ့ ကောင်လေးက အခုတော့ သူ့ကိုယ်ပိုင်အခန်းထဲမှာပဲ အိပ်တော့သည်။
လူပျိုပေါက်အရွယ်လေး ဖြစ်နေပီတိုတော့ သူလဲ တစ်သီးတစ်သန့် နေချင်မှာ အမှန်ပင် ။
"ကိုကို သွားမယ်လေ "
"အော်...အေးအေး "

ရှင်းလေးကိုကျောင်းပို့ရန်ထွက်လာခဲ့လိုက်သည်။

*-*-*-*-*-*-*-
ဘာလိုလိုနဲ့ ဒီနှစ်ဆို ကျွန်တော် ၉တန်းရောက်ပြီ။
စာတွေကလဲ တစ်နှစ်တစ်ခြား ပိုပိုခက်လာသလို
သူ့စိတ်သည်လဲ လွန်ခဲ့တဲ့ 3နှစ်တုန်းက လိုမတည်ငြိမ်တော့ပါ။
မိမိကိုယ်ကိုယ်လဲ မယုံနိုင်ပါ
ရှင်းသန့်မောင်ဟာ ဆန့်ကျင်ဖက် လိင် ကိုစိတ်မဝင်စားပဲ လိင်တူကို စိတ်ဝင်စားသည်တဲ့
သည်အကြောင်းကို သူ့ဒီနှစ်တွေရာသီပိတ်ရက်မှ ကိုယ့်ကိုယ်ကိုယ် အတည်ပြုခဲ့ရသည်။
သူရိန်သည်လဲ ရှင်းလေး လိုလူပင်
သူရိန်သည် မိမိထက်ပို၍ သတ္တိရှိသည် ဟုဆိုရမည်
သူရိန် ၈တန်းနှစ် သူ့ကိုယ်သူ Gay ဆိုတာ စသိထဲ သူ့အိမ်က မိဘများကို ပြောပြထားသည်တဲ့
သူ့မိဘများက သူ့ဆိုအပစ်မဆိုပဲနားလည်ပေးသည် ဆိုသည်။
ကိုကိုသာ သူဒီလိုလူဆိုတာသိရင် သူ့ကိုဘာပြောမည်နည်း။
သူမပြောရဲပါ ပြောပြဖို့ရာထိလဲ သူသတ္တိ မရှိပါ သူရိန်တစ်ဉီးထဲ ကိုသာ သူ့အကြောင်းကိုပြောပြထားသည်။

ရလို၍ ချစ်ခဲ့သည်(U/Z)Where stories live. Discover now