ဒီနေ့က သူရိန်တို့နဲ့ ခရီးသွားကြဖို့ကိစ္စတိုင်ပင်ရန် တွေ့ဖို့ချိန်းထားသောနေ့ဖြစ်သည်။
ရှင်းသန့်ရေချိုးပီး အဝတ်စားလဲကာ မှန်ရှေ့မှာမိမိကိုယ်ကိုကြည့်နေမိသည်။
ဂျင်းဘောင်းဘီအပြာနုနုဒူးဖုံး နဲ့ ရှပ်လက်တိုအဖြူလေးဝတ်ပီး ဟူဒီ နက်ပြာရောင်လေးဝတ်ကာ shoes အနက်ရောင်စီးကာ ထွက်လာခဲ့လိုက်သည်။"သားငယ်လေး ရှိုးစမိုးနဲ့ ဘယ်သွားမလို့တုန်း"
"ဟီးးး သူငယ်ချင်းတွေနဲ့ ချိန်ထားလို့ကြီးမေ "
"အေးအေး ဘယ်ချိန်ပြန်လာမှာတုန်း ကြာမှာလား"
"မကြာဘူးကြီးမေ ခရီးသွားမဲ့ကိစ္စပြောရုံပဲ ခနဆိုပြန်လာပီ "
"အေးပါအေးပါ ဆိုင်ကယ်ဂရုစိုက်မောင်းနော် သားလေး "
"ဟုတ်ကြီးမေ သားသွားပီနော် "
ကြီးမေကိုနုတ်ဆက်ကာ သူရိန်တို့နဲ့ချိန်ထားတဲ့ ကော်ဖီဆိုင်ကိုထွက်လာခဲ့လိုက်သည်။
ဆိုင်ထဲကိုဝင်တော့ ဘယ်သူမှမရောက်သေးကြ
ဒေါင့်ကျတဲ့နေရာက စာပွဲတစ်ခုမှာ ရှင်းသန့် ဝင်ထိုင်ကာ ကော်ဖီတစ်ခွက်မှာပီး ကျန်တဲ့သူတွေအလာကိုစောင့်နေလိုက်သည်။
ခနကြာတော့ စည်သူရောက်လာသည်။
"ရောက်နေတာကြာပီလားရှင်းသန့် "
"မကြာသေးဘူး 15မိနစ်လောက်ပဲရှိသေးတယ် "
စည်သူက ခုံတစ်ခုတွင်ကာ milk tea တစ်ခွက်မှာလိုက်သည်။ရှေ့ဆင့်နောက်ဆင့်ပဲ
ရတီ၊ထက်ထက်နဲ့ သူရိန်တို့ရောက်လာကြသည်။"ကဲ ပြောကြအုန်း ဘယ်သွားဖို့စိတ်ကူးရှိတုန်း"
"ချောင်းသာ "
"ပုဂံ"
"ကျိုက်ထီးရိုး"
"တောင်ကြီး"
လေးယောက်သား တစ်ယောက်တစ်မျိုး ပြောလာကြသည်။
"အခုက ခရီးသွားရာသီမလား ချောင်းသာတို့ ပုဂံတို့က သွားကြတဲ့သူများတယ်လေ အဆင်ပြေပါ့မလား"
"အဲတာတော့ဟုတ်တယ် "
ရှင်းသန့်ကပြောတော့ ထက်ထက်က ထောက်ခံသည်။
ချောင်းသာနဲ့ ပုဂံကို သွားချင်တဲ့ ရတီနဲ့ စည်သူကတော့ မျက်နှာကမသာမယာ
"ဒါဆိုဘယ်သွားကြမှာလဲ "
"ငါစဉ်းစားထားတာတစ်ခုရှိတယ် "
"ဘာလဲ"
အားလုံးကရှင်းလေးစကားကိုအာရုံစိုက်နေကြသည်။
"ဒီလိုလေ အခုက ဆောင်းမကနွေမကျအချိန်မလား အဲတော့ရှမ်းပြည်ဖက်ကိုသွားမလားလို့ တောင်ကြီးတို့ ပင်းတယ တို့ ကလောတို့ အောင်ပန်း တို့ ဖက်လေ အဲဖက်က ရာသီဉတုလဲ သာယာတယ် ရှုခင်းတွေလဲ အတော်လှတယ်တဲ့ "
"ဟုတ်လား နေအုန်း ငါfacebook မှာ ရှာကြည့်မယ် "
ရတီက ပြောကာသူ့ဖုန်းကို တစ်တောက်တောက်နဲ့ နိပ့်နေသည်။
"အေးဟုတ်တယ် ဒီမှာကြည့် View တွေက မိုက်တယ် ဓာတ်ပုံ ရိုက်ရင်ရှယ်လှမှာ "
ရတီက ခရီးသွားသူအချို့တင်ထားသော ပုံများကို ပြသည်။
"အေး မဆိုးဘူး သွားကြမလား"
"သွားမယ်လေ "တစ်ညီတစ်ညွတ်ထဲ ဖြေကြသည်။
"သွားတာက ဟုတ်ပီ ခရီးသွားဖို့နဲ့ ဟိုမှာတည်းဖို့ ကိစ္စတွေကရော "
သူရိန်ကပြောတော့ စည်သူကဝင်ပြောသည်။
"သွားဖို့ကမပူနဲ့ ငါ့အဖေက အိမ်ကကားနဲ့သွားတဲ့ ဒီကနေ ငါ့အိမ်က ကားနဲ့သွားကြမယ် "
"တည်းဖို့နဲ့ အဲမှာလည်ပတ်ဖို့က Guide ဌား ရမယ် ငါတို့သွားမဲ့နေရာတွေ ကိုကျွမ်းကျင်တဲ့ သူပေါ့"
"Guide အတော်များများက ရက်အပျက်တွေနဲ့မလား "
"သီးသန့်ဌားမှာပေါ့ဟ "
"ဌားဖို့ကျတော့ ဘယ်လိုဆက်သွယ်မှာ " ထက်ထက်ကမေးတော့ သူရိန်က
"နင်တို့ကလဲ ငါ့အဖေတစ်ယောက်လုံးရှိတာကို ဘာတွေပူနေတာ" ဟု ဝင်ပြောသည်။
သူရိန်အဖေက ခရီးသွား အေဂျင်စီ တစ်ခုထောင်ထားသောကြောင့်ဖြစ်သည်။
"အဖေ့ကိုစီစဉ်ပေးခိုင်းလို့ရတာပဲ ငါတို့က သွားဖို့စီစဉ်ယုံပဲ ကျန်တဲ့ကိစ္စတွေက ငါတို့မိဘတွေကို ပြောလို့ရတာပဲဟာ "
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)