နေလင်း တို့ ဒီကိုရောက်နေသည်မှာ 5ရက်ပင်ပြည့်တော့မည်။
မန္တလေးပြန်ဖို့လဲ ဘယ်နှစ်ရက်မှ မလိုတော့။
ဒီရက်တွေအတွင်း သူ ဟိုကောင်လေးကို ကြည့်နေမိသည် ။
သူကတော့မပြောင်းလဲ ထိုင်မြဲ ငိုင်နေဆဲ ပင်
သူ ဆရာဝန်ကြီးနှင့်တိုင်ပင်ကြည့်ရမည်
ပီးတော့ ရွာသူကြီး ကိုရော အကျိုးအကြောင်း ပြောပြရမည် ။
နောက် ထိုကောင်လေး မာဂံ။အနားမှာဝိုင်းနေသော ကလေးတစ်သိုက်နှင့် အလုပ်ရှုပ်နေသော နေလင်း ။
"ဉီးဉီးပြောတာ နားလည်တယ်နော် "
"နားလည်ပါတယ် "
"အေး ဟုတ်ပီ "
"အစားမစားခင် ဘာအရင်လုပ်ရမလဲ"
"လက်ဆေးရပါမယ် "
"လက်ကိုဘာနဲ့ဆေးရမလဲ"
"ဆပ်ပြာနဲ့ "
"အေး ဟုတ်ပီ လိမ္မာတယ် "
ကလေးတွေက ချစ်ဖို့ကောင်းသည်
အပစ်ကင်းသည်။
ဖြူစင်သည် သူ့တို့အပြုံးတွေက တောက်ပသည် ။
ဒီလိုဖြူစင်တဲ့ ကလေးတွေ ကိုမှ ကံကြမ္မာက အဘယ်ကြောင့်ရက်စက်ချင် ရသည်တဲ့လဲအချိန်အတော်ကြာ ကလေးတွေနဲ့ စကားပြောလိုက် ရယ်မော လိုက်တဲ့ ကလေးတွေကို ညစာစားရန် ခေါ်မှ သူလဲ ညနေစောင်းနေပီမှန်းသိတော့သည်။
"ဟင် ၅နာရီတောင်ခွဲတော့မယ်ပဲ
အချိန်မစောတော့ဘူး ဆရာဝန်ကြီးနဲ့ တိုင်ပင်ရအုန်းမယ် "
သူ ဆရာဝန်ကြီးကို ရှာနေရင်း ဟိုကောင်လေး ထိုင်နေကျ နေရာဆီ အကြည့်ရောက်မိတော့ မရှိနေ*ဘယ်သွားတာပါလိမ့် ညစာ သွားစားတာများလား *
ဆရာဝန်ကြီးကိုတွေ့တော့ ရွာသူကြီး ဖြစ်သူနဲ့ စကားပြောနေသည်
*အတော်ပဲ တစ်ခါထဲနှစ်ယောက်စလုံးကို ပြောပြရတာပေါ့ *"ဆရာဝန်ကြီးနဲ့ ရွာသူကြီး ခဗျ"
"အော်... မောင်နေလင်း ဘာဖြစ်လို့လဲ "
"ကျွန်တော် ပြောစရာလေးရှိလို့ပါ "
သူပြောလိုက်တော့ ရွာသူကြီးက
"ဘာများပြောမလို့ ဆရာလေး တစ်ခုခုအဆင်မပြေလို့လား"
"မဟုတ်ပါဘူး ဗျ အဆင်ပြေပါတယ် ကျွန်တော် ကိုယ်ရေးကိုယ်တာ ကိစ္စမလို့ပါ "
"အော်..အဲတာဆိုပြောကြလေ ကျုပ် လဲ ဆရာတို့ညစာ စားဖို့ ပြင်ဆင်ဖို့ သွားပြောလိုက်အုန်းမယ် "
"ဟို...နေပါအုန်း ရွာသူကြီး..ကျွန်တော်က ရွာသူကြီး ကိုရော အသိပေးစေချင်လို့ပါ "
ထိုသို့ပြောတော့ ဆရာဝန်ကြီးရော ရွာသူကြီးပါ ကြောင်သွားသည်
"ဘာကိစ္စမလို့လဲ မောင်နေလင်းရဲ့ ပြောပါ အားမနာပါနဲ့"
" ဒီလိုပါ ကျွန်တော် ဒီရွာက ကလေး တစ်ယောက်ကို မန္တလေး ခေါ်သွားချင်လို့ "
"ဟေ.... ဘယ်သူ့ကိုတုန်း မောင်နေလင်းရဲ့ ညနေက ကလေးတွေထဲကလား "
"မဟုတ်ပါဘူး ဆရာ မာဂံ လို့ ခေါ်တဲ့ ကောင်လေးပါ "
သူပြောတော့ ဆရာဝန်ကြီးကတစ်ခုခုကိုစဉ်းစားနေသည် ။
ထိုချိန် ရွာသူကြီး
"အော်...မာဂံလား ကျွန်တော်သိတယ် ဆရာကြီး" လို့ဝင်ပြောသည်
"ဘယ်ကလေးတုန်း လူကြီးရဲ "
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)