ဒီနေ့တော့ နေလင်းတို့ဆရာဝန်များ အနီးအနားရှိ ရွာများဆီ သွားကြမှာ ဖြစ်သည်။
ကားဖြင့်သွား၍ အဆင်မပြေသောကြောင့်ခြေလျင် သာသွားကြရသည်။
အနီးအနားဆိုပေမဲ့ တောင်တစ်ခုကိုကျော်သွားရမှာမလို့ တော်တော်လေးလမ်းလျောက်ရမည်မလို့ နေမမြင့်ခင် ထွက်လာခဲ့ကြသည်။******
တောင်ခြေမှ ဟိုအဝေးတစ်မျှော်တစ်ခေါ် လှမ်းမြင်နေရသော ပန်းခင်းကြီး ။
"ဉီးလေး အဲတာဘာပန်းတွေစိုက်ထားတာလဲ"
ရွာမှထွက်လာတုန်းက ရွာသူကြီးမှ လမ်းမသိမည် ဆိုးသောကြောင့် ရွာသားသုံးလေးဉီး သူတို့နှင့်ထည့်ပေးလိုက်သည်။
ထိုထဲမှာတစ်ယောက်အား နေလင်းမေးလိုက်ခြင်းဖြစ်သည်။
"ဆရာလေး အဲတာကပန်းတွေအဟုတ်ဘူး ဘိန်းပင်တွေ "
"ဟင်.. ဟုတ်လား အဲတာဘိန်းဖြူလုပ်တဲ့ ဘိန်းပင်တွေလား "
နေလင်းမောင် ထိုသို့မေးတော့ ရွာသားဉီးလေးကြီးက ကြောင်စီ စွာ ကြည့်ရင်း
"ဟုတ်တယ်လေ ဆရာလေးရဲ့ ဆရာလေးမသိဘူးလား "
"ဟုတ်ကျွန်တော်ကြားပဲကြားဖူးတာ တစ်ခါမှ မမြင်ဖူးဘူး "
"အော်.....ဟုတ်တယ် ဒီဖက်ကလူတွေကတော့ ဘိန်းဖြူမလုပ်ကြဘူး ပိတ်ဘိန်းပဲ လုပ်ကြတာ "
"ပိတ်ဘိန်း....... အဲတာဘယ်လိုမျိုးလဲ ဉီးလေး ကျွန်တော့ကို ပြောပြလို့ရမလား "
"ရတာပေါ့ ပိတ်ဘိန်းဆိုတာက အဲဘိန်းပွင့်ကနေသီးတဲ့ ဘိန်းသီးအလုံးကို ဓားနဲ့အသားလေး ခြစ်လိုက်ရင် အစေး တွေထွက်လာတယ် ထွက်လာတဲ့ အစေးတွေကို ခွက်နဲ့ခံပီးယူရတယ် ရလာတဲ့အစေးတွေကို ဝါးဆစ်ဘူးထဲ ထည့်သိပ်ပီးတော့ နှစ်ရက်သုံးရက်လောက် အပုပ်ခံရတယ်။
ရောက် ရက်နည်းနည်းကြာတော့ ဝါးဘူးကိုခွဲပီး အစေးတွေကိုထုတ်ယူတယ် နောက် ပိတ်စအဖြူမှာ သုတ်ရတယ်
အဲရလာတဲ့ ပိတ်စ ကို ပိတ်ဘိန်းလို့ခေါ်တယ် ဆရာလေးရဲ့ "
သူအခုမှ သိတော့သည် ဘိန်းဖြူဆိုတာ ကြားသာကြားဖူးပီး ဘယ်က ရလို့ ရလဲ သူမသိ လေ့လဲမလေ့လာဖူးဘူး ။
ဒီလိုလှပတဲ့ပန်းတွေ ကနေလူတွေကို
ဒုက္ခ ပေးနေတဲ့ ဘိန်းဖြူကို ရသတဲ့ သူအံ့သြရပြန်ပါသည်။
"အဲပိတ်ဘိန်းတွေကိုရော ဘယ်မှာသွားရောင်းကြသလဲ ဉီးလေး"
"သွားရောင်းဆရာမလိုဘူးဆရာလေးရဲ့ ဝယ်သူကိုယ်တိုင်က တောင်ခြေကဘိန်းခင်းကို လာဝယ်ကြတာ တစ်ချို့လဲ ပိတ်အလိပ်လိုက်ဝယ်ပေါ့
အလိပ်လိုက်မဝယ်နိုင်သူကြလဲ သူတို့လိုသလောက်လေး ဖျက်ရောင်းရတာပေါ့ "
ပိတ်ဘိန်းစျေးကွက်ကလဲ အဲလိုရှိသေးတာလား။
"ကျွန်တော်လဲ မေးတာများနေပီ သိချင်တာလေးရှိလို့ထက်မေးလို့ရမလားဉီးလေး "
သူကလည်ပင်းကိုပွတ် နေရင်းမေးတာမလို့ ရွာသားဉီးလေးကြီးက သဘောကျစွာရယ်သည်။
"ရတာပေါ့ ဆရာလေးရယ် သိချင်တာမှန်သမျှ ကျုပ်ကိုမေး ကျုပ်သိသလောက်ဖြေပေးပါ့မယ်"
"အာ...ဟုတ် ကျေးဇူးပါ ဗျ"
"အဲပိတ်ဘိန်းက ဘယ်နေရာတွေမှာသုံးတာလဲ ဉီးလေး "
"အင်း....တစ်ချို့ကတော့ဘိန်းမည်း လုပ်ပီးသုံးကြတယ် ဆရာလေးရဲ့ "
"ဘိန်းမည်း ဟုတ်လားဉီးလေး အဲတာကဘယ်လိုမျိုးလဲ "
"ဘိန်းမည်းဆိုတာက ပိတ်ဘိန်းကို ပြန်ချက်လိုက်ရင်ထွက်လာတဲ့ အနှစ်တွေကို ငှက်ပျောရွက် နည်းနည်းနဲ့ လုံးပီး မီးကင်ရတယ် ကင်လိုက်လို့ထွက်လာတဲ့ ဘိန်းစေးအလုံးလေးတွေကို ခတ်ပုံ ရှူ ကြတာ "
"ခတ်ပုံ က ဘယ်လိုမျိုးလဲ "
"ခတ်ပုံက ဆေးလိပ်သောက်တဲ့ပြောင်းလေ ဆရာလေးသိလား ဝါးကို အလည် အဆစ်တွေဖောက်ပီး အလည်ခေါင်လောက်မှာ အပေါက်ဖောက်ပီး ဝါးဆစ်သေးသေးလေး နဲ့ ပြောင်းထဲရေထည့်ပီး ဆေးပေါ့လိပ်နဲ့သောက် တာလေ"
"ဟုတ် ကျွန်တော်သိတယ် အဲတာတော့ ငယ်ငယ်ကရှမ်းပြည်ဖက် အလည်သွားတုန်းက ရှမ်းအဖိုးကြီးတစ်သောက် အဲလိုသောက်နေတာတွေ့ဖူးတယ် "
"ဟုတ်တယ် အဲပြောင်းထိပ်ဝနားမှာ အစေးအလုံးလေးတွေကိုဖဲ့ဖဲ့တင်ပီး မီးရှို့ပီး ရှူကြတာ အဲတာကို ခတ်ပုံ ရှူတယ်လို့ ခေါ်တာ"
"အော်..... အဲတာက ဉီးလေးတို့ ရိုးရာဓလေ့ပဲလား "
"ဘယ်ဟုတ်မလဲ ဆရာလေးရဲ့ အဲဒါလဲမူးရစ်ဆေးဝါး သုံးနည်းတစ်မျိုးပဲလေ မသုံးရတာကြရင် ယင်းထလာပီး ဟိုနားကနာသလု်သည်နားက ကိုက်သလိုတွေဖြစ်လာတာ ပိုဆိုးလာရင်တော့ ဘယ်သူမှ မမြင်တော့ဘူး ဆူပူသောင်းကျန်းတော့တာပဲဟေ့ "
ဘာကောင်းကျိုးမှ မပေးတဲ့ ဒီဘိန်းပင်တွေကို ဘာကြောင့်များ စိုက်ပျိုးနေကြတာလဲ ကိုယ်ကြီးပွားဖို့အရေးပဲတွေးပီး ကျန်တဲ့သူတွေအတွက် မတွေးပေးကြတော့ဘူးလား ။
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)