Episode (5) Uni/Zaw

145 10 1
                                    


ဒေါက်.... ဒေါက်
"သားလေး သားနေလင်း "
"ချောက်"
ထူးသံမကြား၍ တံခါးဖွင့်ကာ ဝင်လာခဲ့သည်
"ဟယ်တော် အိပ်နေတာလား "
ကုတင်ကို ကန့်လန့်ဖျက် ကာ အိပ်နေသဖြင့် အံ့သြ ရပြန်သည် ဒီကလေး တစ်ခါမှ ဒါမျိုး မအိပ်ပါဘူး။
"သား သားနေလင်း သားလေး..
ထ ထ ညနေစောင်းနေပီ သားရဲ့ ထ...ထ "
လက်ကို ပုတ်ကာ နိုးသောကြောင့်
နေလင်းနိူးလာသည်။
"အင်းးးးးး"
အိပ်ယာပေါ်ထ ထိုင်လိုက်ကာ
အိပ်ချင်မူးတူး ဖြင့်
"ကြီးမေ ဘယ်နှစ်နာရီ ရှိပီလဲ "
"၅နာရီ ခွဲတော့မယ် တော် "
"ဟာ....အဲလောက်တောင်ရှိပီလား
ကျွန်တော် တော်တော်အိပ်ပျော်သွားတာပဲ "
"လမ်းခရီးမှာ တော်တော် ပင်ပန်းခဲ့လို့လားသား အဝတ်စားတောင်မလဲနိုင်ပဲ ထိုးအိပ်တာဆိုတော့ "
"မပင်ပန်းပါဘူးကြီးမေ ကျွန်တော် အရမ်းအိပ်ချင်လို့ အိပ်လိုက်မိတာ"
"အေးအေး ဟုတ်ပါပီ ဟုတ်ပါပီ အခုတော့ ထတော့ လန်းဆန်းသွားအောင်ရေမိုးချိုးပီးဆင်းလာခဲ့ ကြီးမေထမင်းစားဖို့စောင့်နေမယ်..... မင်းညီလေးကိုရော ခေါ်ခဲ့ "
ကြီးမေ ပြောကာထွက်သွားတော့ သူလဲ အိပ်ယာမှ ထကာ ရေချိုးရန် ရေချိုးခန်းထဲသို့ဝင်ခဲ့သည် ။
ရေချိုးအပီး ကလေးကိုပါ ထမင်းစားခေါ်ရန် ကလေးအခန်းရှေ့သို့သွားကာ တံခါးခေါက်လိုက်သည်
"ဒေါက်..... ဒေါက်"
"ကလေးရေ... မာဂံ ကလေး ထမင်းစားရအောင်လေ ကြီးမေကခေါ်နေတယ် "
ချောက်
အခန်းတံခါးဖွင့်ကာထွက်ကြည့်သည်
"ဟင် ကလေး ဘာတွေဝတ်ထားတာတုန်း "
သူကြောင်သွားသည်
သူ့ကလေးက ပုဆိုးအဟောင်းကလေးနှင့် အ..ကျီ ခပ်နွမ်းနွမ်းကလေးကို ဝတ်ထားသောကြောင့်။
"...ဟို....အဝတ်တွေက အသစ်တွေ ပဲ မလို့....."
"အော် ကလေး ရယ် ကိုကို က ကလေးအတွက် ဝယ်ပေးထားတာလေ အသစ်လဲ ဘာဖြစ်လဲ လာလာ အဝတ်စားပြန်လဲ နောက်ခါ ဒါမျိုးတွေမဝတ်ရဘူးနော် ကိုကိုမကြိုက်ဘူး"
လက်ဆွဲခေါ်ကာအခန်းထဲဝင်ပီး ကုတင်ပေါ်ထိုင်ခိုင်းကာ သူကိုယ်တိုင် ကလေးနဲ့ လိုက်မယ့် ဝတ်စုံကို ရှာပေးနေသည်
"ဒါလေး ဝတ်လိုက် ကလေး ကလေးနဲ့လိုက်လောက်တယ် "
မိုးပြာရောင် T Shirt လက်တို ကလေးနဲ့ ဒူးဖုံး ရှော့ပင် ေဘာင်းဘီအနက်လေး က ကလေးအသားရေနဲ့ လိုက်ဖက်လိမ့်မည်။
"ဟုတ်........ ဟို......"
ဘာလို့လဲ ကလေးရဲ့ မကြိုက်လို့လား. ကိုကိုပြန်ရှာပေး.."

ရလို၍ ချစ်ခဲ့သည်(U/Z)Where stories live. Discover now