Episode (7) Uni/Zaw

100 7 0
                                    

သာယာတဲ့ရွာကလေးက အခု မယာသာနိုင်တော့ဘူး။
အမြဲပျော်ပျော်နေတက်တဲ့ အဝါး လဲ မပျော်တော့ဘူး။
အနူး မျက်နှာမှာလဲ အရင်လို အပြုံးတွေမရှိတော့ဘူး။
ရွာထဲမှာ နေကြတဲ့ သူတွေကလဲ နေ့နေ့ညည ကောင်းကောင်းမနေရဲကြတော့ဘူး ဘယ်ချိန်သေနပ်သံကြားရမလဲ ဘယ်ချိန်လက်နက်ကြီး မှန်မလဲ ပဲတွေးကြောက်နေကြရသည်။
တောထဲသွားလဲ မိုင်းနင်းမိမှာ ကြောက်ကာ ဘယ်သူမှတောထဲမသွားရဲကြ၍ စားဝတ်နေရေးလဲ ကျပ်တည်းလာသည်။
တစ်ချို့ဆို ရွာပါပြောင်းသွားကြသည်။
"အနူး သားတို့ရော ရွာမပြောင်းဘူးလားဟင်"
"ဘာလို့လဲ သား"
"သူများတွေလဲ ပြောင်းကြတယ်လေ"
"သူတို့က သူတို့အကြောင်းရှိလို့ နေမှာပေါ့သားရယ် အနူးတို့က ပြောင်းစရာမှ မလိုတာ အနူးတို့ အိမ်က ဒီမှာလေ "
"အော် "
အနူး မပြောင်းချင်တာကို သူသိပါသည်
အနူးက ဒီရွာလေးကို ခင်တွယ်သည်
အနူးက ဒီရွာလေးမှာပဲမွေး ဒီရွာလေးမှာပဲ ကြီး ကာ ဒီရွာမှာပင် အဝါး နဲ့ ရကာ အဘားနဲ့ သူ့ကိုမွေးခဲ့သည်
သူလဲ ဒီရွာလေးကို ချစ်ပါသည်
ထိုနေ့ည မရောက်ခင်ထိပေါ့

"ဒိုင်း....ဒိုင်း.."
ကျယ်လောင်စွာကြားရသည်မို့ သူနားကိုပိတ်ကာ
"အဝါး ဘာသံတွေလဲ "
" တောက်....ဒီတွေကောင်တွေ ရွာထဲထိ ဝင်လာကြတာပဲ"
"ဘရန်ရှောင် မင်း အနူး နဲ့ မာဂံကို ခေါ်ငါတို့ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး ဘေးလွတ်ရာတစ်နေရာကို သွားမှ ဖြစ်မယ် "
"အဝါး ဘယ်သွားမှာလဲ ဟင်..... "
သူကြောက်သည် ဒီသေနတ်သံတွေကိုကြောက်သည် ဒီရွာလေးနဲ့ ဝေးရာကိုသွားရမှာ သူကြောက်သည် အနူး အဝါး နဲ့ အဘား တို့ကိုခွဲရမှာလဲ ကြောက်သည်။

"အနူး သွားစို့ "
အဘားနဲ့ အဝါး ခေါ်ရာနောက်ကို သူနဲ့ အနူး လိုက်လာခဲ့ကြသည် ။
"မာဂံ မကြောက်နဲ့နော် အနူး ရှိတယ် "
အနူးက သူကြောက်မှာ ဆိုး၍ ပြောမေသော်လဲ အနူးလဲ ကြောက်နေသည်မှာ သိသာသည်။
အနူးလက်ဖျားတွေမှာ အေးစက်၍ နေသည်။
"ဒိုင်း....ဒိုင်း..."
"မာဂံ ရှေ့ကအိမ်ထဲရောက်ပြေး နောက်ကို လှည့်မကြည့်နဲ့ အနူး ရှိတယ် နော် "
အိမ်ပေါက်နားရောက်ခါနီး

"အုန်း 💥💥"
"အား....."
ဟင်
တစ်ခုခုပေါက်ကွဲကာမီးခိုးများလုံးနေသည် ။
အနူးရော အဝါး အဘားရော
"အနူး အဝါး အနူး..အဝါး.. အဘား"
သူ ဘယ်လောက်ခေါ်ခေါ် ပြန်ထူးသံ ထွက်မလာ ။ မှောင်မှောင်မဲမဲ ကြားမှာ မြင်လိုက်ရတဲ့ လက်တစ်လေးတစ်ဖက်က မြှောက်ကာ လှုပ်ရှားသည့်နား သူသွား အကြည့်
"အနူး! !....."
"သား....မာဂံ...လိမ်လိမ် မာမာနေနော်...... သွားတော့ ပြေးတော့ ဘေးကင်းရာကို သွား....."
"ဟင့်အင် အနူး အနူးရော လိုက်ခဲ့လေ အဝါး..ရော အဘားရော တူတူသွားမယ်လေနော် "
အနူး ကိုယ်ကို သူမ သော်လဲ အင်အားချင်း မမျှ သောကြောင့်ပါမလာ
"အနူး အနူး.... ထပါ သွားရအောင် အနူး... "
"ကောင်လေး သေနတ်မှန်မယ် လာခဲ့တော့ "
ရွာသားတစ်ယောက်က သူ့ကိုဆွဲ ခေါ်သွားသည်
"အနူး........."

ရလို၍ ချစ်ခဲ့သည်(U/Z)Where stories live. Discover now