နေလင်းတို့ Company ဟာ အရမ်းကြီးအောင်မြင်တဲ့ထဲတော့မပါပေမဲ့ အတော်အသင့်တော့အောင်မြင်သည့်ထဲပါသည်။
အသက်ငယ်ငယ်လေးနဲ့ CEO နေရာမှာဝင်ရောက်လုပ်ကိုင်နေသောကြောင့်
တစ်ချို့ရှယ်ယာရှင်တွေက သူ့အပေါ်သိပ် မယုံချင်
ဒါတွေဟာ သဘာဝပဲမို့ နေလင်းဘာတစ်ခုမှ မပြောလို လုပ်အားနဲ့သာ မိမိ ဘယ်လောက်အရည်ချင်းရှိကြောင်းပြချင်သည်။
3 နှစ်အတွင်း Company က အရင်ထက်အခြေနေပိုကောင်းလာသည်။
အရင်က လုပ်ငန်းအနည်းငယ်ကိုသာ
လည်ပတ်အောင် လုပ်နေ၍ တိုးတက်လာမှု မရှိ
အခုနေလင်း၏လုပ်ရည်ကိုင်ရည်များကို ရှယ်ယာရှင် အတော်များများက သဘောကျလာတဲ့ အလျောက် တစ်ချို့ လုပ်ငန်းရှင်များကလဲ နေလင်းတို့ Company နဲ့လက်တွဲလုပ်ချင်လာကြ၍
သည့်အတွက်နေလင်းသည်လဲ အရင်ကထက် ပိုအလုပ်ရှုပ်လာသည်
အလုပ်လဲနောက်ကျမှ ဆင်းရပြီး မနက်လဲ စောစောသွားရသောကြောင့်
ရှင်းလေးနဲ့တောင်သိပ်မတွေ့ဖြစ်
ကျောင်းတက်ရတာအဆင်ရောပြေရဲ့လားမသိ။ဒီကောင်လေး က အခုနောက်ပိုင်းပိုချောလာသည်ထင်ရသည် အရပ်သည်လဲနေလင်းနည်းတူရှည်လာသည်။
တက္ကသိုလ်ကျောင်းသာအလားထင်ရသည်။သူလဲဆင်ချင်ရတော့မည်။
ရှင်းလေးက အရင်လိုကလေးတစ်ယောက်မဟုတ်တော့။
အရင်လိုအရမ်းဂရုစိုက်ပြနေလျှင်ထိုကလေး အနေခက်လိမ့်မည်။*****************
6month laterဒီနေ့ကရှင်းသန့်တို့အတွက် အပျော်ဆုံးနေ့ဖြစ်သည်။
ဆယ်တန်းစာမေးပွဲနောက်ဆုံး ရက်
ဒီ နေ့ပီးရင် စာတွေနဲ့ ကင်းလွတ်ရတော့မှာမလို့ သူရိန်တို့လိုအပျင်းတွေက ပျော်လို့ရွှင်လို့။"ရှင်းသန့် ဘယ်လိုလဲ အခြေနေ "
"ငါကကောင်းပီးသား မင်းကိုပဲမေးရမှာ အောင်မှတ်ဖိုးတောင်ရလားမသိ"
"အောင်မှတ်တော့ရပါတယ်ကွ မင်းကလဲ နိမ်လိုက်တာ "
"အေးပါကွာ ဟုတ်ပါပီ ထက်ထက်တို့ရော ထွက်မလာကြသေးဘူးလား "သူမေးကာ စာဖြေခန်းဖက်ကိုကြည့်တော့ စည်သူတစ်ယောက်ထွက်လာသည်။
ရှေ့ဆင့်နောက်ဆင့်ပဲ ထက်ထက်နဲ့ ရတီလဲ ထွက်လာကြသည်။"စည်သူ ဘယ်လိုလဲ ဖြေနိုင်ခဲ့လား "
စည်သူက ရှင်းသန့်အမေးကို ပြုံး၍ လက်မထောင်ပြသည်။
ထက်ထက်နဲ့ ရတီကပါ
"ငါတို့ ဆရာရှင်းသန့်က ကောင်းကောင်းသင်ပြထားပေးတာပဲ
မဖြေနိုင်ပဲရှိမလား "
"အေးပါ ဟုတ်ပါပီ နင်တို့ဖြေနိုင်မှာပဲ ငါမောခဲ့ သမျှက အဖက်တင်မှာ "
ရှင်းသန့်အပြောကြောင့် အားလုံးက သဘောကျကာဝိုင်းရယ်ကြသည်။
"ကဲ ဗိုက်ဆာသလိုပဲ မုန့်စျေးတန်း သွားစို့"
အစားပုတ် ရတီက ပြောကာရှေ့မှထက်ထက်လက်ဆွဲကာထွက်သွားသောကြောင့် သူတို့လဲနောက်မှ လိုက်သွားြကသည်။
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)