မနက်လင်းတော့ ရှင်းသန့်တောင်မနိုးသေး သူရိန်တို့ အုပ်စုက အိမ်ရောက်ချလာသည်။
"ကြီးမေရေ.... ကြီးမေ.."
"ဟေ... ဘယ်သူတုန်း "
ထမင်းစားခန်းထဲမှာ မနက်စာပြင်နေတဲ့ ကြီးမေကလှမ်းမေးတော့
"သားပါ သူရိန်.... သူငယ်ချင်းတွေလဲပါတယ်"
သူရိန်က ကြီးမေကိုပြောကာ ဧည့်ခန်းထဲဝင်လာသည်။
"သူရိန် အစောကြီးပါလား သားသူငယ်ချင်းကတော့မနိုးသေးဘူး "
"ဟုတ်ကြီးမေ သားတို့ညနေခရီးသွားကြဖို့လေ အဲတာအခုထဲက ထွက်လာကြတာ "
"အေးအေး မင်းသူငယ်ချင်းကိုသွားနိုးလိုက်အုန်း မနက်စာရောစားပီးကြပီလား ကလေးတွေ တစ်ခါထဲဝင်စားကြပါလား "
"စားတော့ စားခဲ့တယ်ကြီးမေ ဒါမဲ့ထက်စားမယ် ဟီးးး"
"ဟုတ်ပါပီ တော်"
"ဒါဆိုသား ရှင်းသန့်ကိုသွားနိုးလိုက်အုန်းမယ်နော် "
သူရိန်က ရတီတို့ကိုဧည့်ခန်းမှာထားခဲ့ကာ ရှင်းသန့်အခန်းသို့တက်လာခဲ့သည်။ရှင်းသန့်အခန်းက ယောကျာ်းလေးတစ်ယောက်အခန်းသာပြောတာ
ရှုပ်ပွမနေပါ အမြဲသပ်ရပ်နေသည်။
သူရိန်အခန်းဆိုအမြဲပွနေတာ
ဒါတောင် မမရီ က ခနခနဝင်ဝင်ရှင်းပေးလို့တော်သေးသည်။"ဟျောင့် ငရှင်း.... ဟျောင့်..ထတော့ကွ
ဘာလို့ခုထိမထသေးတာ ငါတို့တောင်ပြင်ဆင်ပီးလို့ မင်းအိမ်ရောက်နေပီကို ဟျောင့် ထလို့ "
ရှင်းသန့်ကို စောင်ကိုပုတ်လိုက် စောင်ကိုဆွဲလိုက်နဲ့နိုးနေတော့ ရှင်းသန့် ဘယ်လိုမှ ဆက်အိပ်လို့မရတော့
"ဘယ်လိုဖြစ်လို့ စောင် ကိုလာလာဆွဲနေတာတုန်းကွ "
"မင်းမှမထတာ အပျင်းကောင်ရ"
"ဟိတ်ကောင် ဘာအပျင်းကောင်လဲ နာရီလဲကြည့်အုန်း 7နာရီပဲရှိသေးတယ်"
"စောလဲထကွာ ငါတစ်ယောက်ထဲလာတာမဟုတ်ဘူး စည်သူတို့လဲ ပါတယ်
ထတော့ ကြီးမေကမနက်စာစားဖို့ခေါ်နေပီ မြန်မြန်မျက်နှာသစ်ပီးဆင်းခဲ့ "
သူရိန်ကပြောချင်တာပြောပီးဆင်းသွားသည်။
ရှင်းသန့်လဲအိပ်ရာမှထကာ အိပ်ယာသိမ်းပီး မျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်ခဲ့သည်။
မျက်နှာသစ်ပီး ညအိပ်ဝတ်နဲ့ပဲထမင်းစားခန်းကိုဆင်းလာခဲ့သည်။
"ဟျောင့် အဝတ်စားတော့လဲပါအုန်းကွာ မင်းကလဲ "
"ခွီးးး"
သူရိန်က ရှင်းသန့်ကိုမြင်၍ပြောတော့ ကျန်သုံးယောက်ကလှည့်ကြည့်လာကာ ထက်ထက်က ခွီးခနဲ ထရီသည်။
"ဟဲ့ ထက်ထက်မ နင်ကဘာရီတာ "
အိပ်ချင်စိတ်မပြေသေးတာကြောင့်
စိတ်မကြည်ကာ ထက်ထက်ကိုလှမ်းဟောက်လိုက်သည်။
"ဘာရီရမှာလဲ ကိုယ့်ပုံစံကိုယ်လဲကြည့်အုန်း လူကဖြင့် ဆယ်တန်းအောင်တော့မယ် အခုထိ ကာတွန်းဝမ်းဆက်တွေဝတ်တုန်းလား "
ဟုတ်လဲ ဟုတ်သည် ရှင်းသန့်အခုဝတ်ထားတာက အရင်နှစ်တုန်းက ကိုကိုဝယ်ပေးထားတဲ့ pooh အရုပ်နဲ့ အဝါရောင် ညဝတ်ဝမ်းဆက် လေး
"ငါ့ဟာငါဝတ်ချင်တာဝတ်မှာပေါ့ သူ များအိမ်လဲလာသေးလျှာရှည်နေ"
ရှင်းသန့်လဲ ပြောကာ ဧည့်ခန်းမှာဝင်ထိုင်လိုက်သည်။
ခနနေတော့ ကိုကိုက အလုပ်သွားရန် ဆင်းလာသည်။
"ဟာ ကလေးတွေ အစောကြီးရောက်နေကြတာလား "
"ဟုတ်တယ် အကို "
အားလုံးက ဖြေကြသည်။
"ကလေးတွေ မနက်စာစားလို့ရပီ "
ကြီးမေက ထမင်းစားခန်းထဲကနေလှမ်းအော်တော့
"လာပီကြီးမေ "
"ဟျောင့် ဘာလဲ မင်းအိမ်ကမကျွေးလိုက်ဘူးလား "
"ဘာဖြစ်လဲ အိမ်ကလဲစားလာတယ် အခုလဲထက်စားမယ် ဘာဖြစ်လဲ "
"မကျွေးဘူးကွာ မင်းတို့ကို"
"မင်းမကျွေးလဲ ကြီးမေကကျွေးတယ် ဟဲ့ လာကြ သွားမယ် "
သူရိန်က ရှင်းသန့်အပြောကို ချေပကာ ရတီတို့သုံးယောက်ကိုခေါ်ကာထမင်းစားခန်းထဲဝင်သွားသည်။
ဘေးမှာရပ်နေတဲ့ကိုကိုကတော့ သူနဲ့သူရိန်စကားများနေသည်ကို ရပ်ကြည့်ပီး တဟားဟား ရယ်ကာ မနိုင်ဘူးဆိုတဲ့ပုံနဲ့ ထမင်းစားခန်းထဲဝင်သွားသောကြောင့် ရှင်းသန့်လဲနောက်ကလိုက်လာခဲ့သည်။
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)