6 years ago
*^*^*^*^*^*^*
အခုဆိုရှင်းသန့်ဆယ်တန်းအောင်လို့
ဂုဏ်ထူး ငါးဘာသာ ပါတာကြောင့်
ဆေးကျောင်းတက်နေသည်မှာ
အခုဆိုကျောင်းတောင်ပြီးပြီဖြစ်သည်။
ကျောင်းပီးတော့ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာပဲ ဝင်လုပ်ဖြစ်သည်။
ကိုကိုကကိုယ်ပိုင်ဆေးခန်းလေးတစ်ခု ဖွင့်ပေးမည်ပြောသော်လဲ သူလက်မခံ ခဲ့ ။
ဆေးရုံကို တော့ အရင်လိုဆိုင်ကယ်ဖြင့်သာသွားသည်။ကိုယ်တိုင်လဲ အလုပ်ရှိလာတာမို့ အရင်လိုမအားလပ်တော့ ။
Night duty ဆင်းရတဲ့ ရက်တွေဆို အိမ်တောင်မပြန်ဖြစ် မနက်လင်း ရှင်းသန့်ပြန်လာတဲ့ချိန်ဆို လဲ ကိုကို ကအလုပ်သွားပြီမို့ ကိုကိုနဲ့ မတွေ့ဖြစ်။ဒီနေ့က Duty off တာမို့ နေမြင့်တဲ့ထိ အိပ်နေလိုက်သည်။
နိုးလာတော့ နာရီက 10နာရီကို ပြနေပြီ။
မထလို့မရတော့ အိပ်ယာထမှ ရတော့မည်။အိပ်ယာမှထကာအိပ်ယာသိမ်းပြီး ရေ ချိုးခန်းထဲဝင်ခဲ့သည်။
အိမ်နေရင်းမို့ ရှပ်လက်တိုနဲ့ ဘောင်းဘီဒူးဖုံးအတိုသာဝတ်ပီး ဆင်းလာခဲ့သည်။
မနက်လဲမက နေ့လည်လဲ မကျအချိန်မို့
ဘာစာမှန်းမသိသော်လဲ ဗိုက်ဆာသည်မို့ ထမင်းစားခန်းထဲဝင်ရန်လျောက်လာစဉ် ဧည့်ခန်းထဲမှ အသံကြားတာကြောင့်ရှင်းသန့်ရပ်ကာနားထောင်နေလိုက်သည်။"သားနေလင်း မင်းလဲ မငယ်တော့ဘူး အိမ်ထောင်လေး ဘာလေးပြုတော့ပါလား"
"ကြီးမေရယ် ကျွန်တော့်အလုပ်နဲ့ကျွန်တော်တောင်မအားတာ အဲတာတွေအာရုံမစိုက်အားသေးပါဘူး "
"မစိုက်လို့မရဘူး နေလင်းမောင် စိုက်ကိုစိုက်ရတော့မှာ ငါ့ကိုလဲ ကိုထင်လင်း က ပြောလှပီ သူ့သမီးနဲ့ မင်းကိုနေရာချထားပေးချင်တယ်တဲ့"
"ကြီးမေရယ် သူ့သမီးဆိုတာကို ကျွန်တော်သိတောင်မသိတာ ဘယ်လိုယူရမှာလဲ"
"မသိရင်သိအောင်မိတ်ဆက်ရမှာပေါ့
ဘာလဲ မင်းမှာကြိုက်ရမဲ့သူရှိနေလို့လား"
"မရှိပါဘူးကြီးမေရယ် "
"အဲတာဆိုမင်းက ဘာကိုငြင်းချင်သေးတာလဲ ဒါပဲနော် ငါကတော့ ကိုထင်လင်း ကိုမျက်နှာမပျက်ချင်ဘူး မင်းငယ်ငယ်လေးထဲက မင်းမိဘတွေအလုပ်ကို သူကပဲကူညီပီးဉီးစီးပေးခဲ့တာ ငါကတော့ သူ့သမီးဟန်နီမေ နဲ့ပဲ မင်းကို သဘောတူတယ် "
"ကြီးမေသဘော ကြိုက်သလိုသာလုပ်တော့"
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)