တစ်နေကုန် လူနာများနဲ့ ရှင်းသန့် တစ်ယောက်မအားနိုင်ပါ။
ခွဲခန်းဝင်သည့်သူများ အရေးပေါ်လူနာများနဲ့ ကြားထဲ အတူတာဝန်ကျတဲ့ ဆရာဝန်က ခွင့်ယူထားတာမို့ သူပိုပင်ပန်းရသည်။ မွန်းလွှဲ2နာရီပင်ထိုးနေပြီ ရှင်းသန့် အခုထိ နေ့လည်စာ မစားရသေး သောကြောင့် လူကအားမရှိချင်တော့။*******
ဒီနေ့ အတန်းတက်စရာမရှိတာမို့ ဇေယျာ အိမ်မှာပဲ Tv ကြည့်နေသည်။"What is we reweite the Star
Say you were mode to be mine.... "
ဖုန်းမြည်လာတာကြောင့် ဇေယျာ ကိုင်လိုက်သည်
"ဟလို.."
"ဟျောင့် ဇေယျာ ရန်မျိုး ကားတိုက်လို့တဲ့"
"ဘာ....ဟုတ်လား အဲကောင်ဘာဖြစ်သွားသေးလဲ"
"အဲကောင်ကဘာမှမဖြစ်ဘူး သူတိုက်လိုက်တဲ့ ဖက်ကဖြစ်တာ အဲတာ ဆေးရုံပို့ရမှာ မင်းလာခဲ့အုန်း"
"အေး ဘယ်လာရမလဲ"
"***အဲကိုလာခဲ့"
"Ok ငါလာခဲ့မယ် ခနစောင့်"
ဒီကောင်တွေဆိုတာလဲ ဖြစ်လိုက်ရင်အဲလိုကြည့်ပဲ လိုင်စင် ကမရသေးဘူး သိရင် ဖမ်းခံရအုန်းမယ်။
ဇေယျာလဲ ထိုင်ရာမှထကာ ရတု ပြောတဲ့နေရာသို့ ချက်ချင်းထွက်လာခဲ့လိုက်သည်။
ဟိုရောက်တော့ တစ်ဖက်က ဒဏ်ရာရထားတဲ့ သူကို ကားပေါ်တင်ကာ ပြည်သူ့ဆေးရုံသို့မောင်းလာခဲ့လိုက်သည်။
ဆေးရုံရှေ့ရောက်တော့ တစ်ဖက်လူကိုတွဲကာ ဆေးရုံတွင်းဝင်လာရင်း
"တစ်ချက်လောက်ဗျ ဒီမှာ ကားတိုက်ခံရလို့ ကြည့်ပေးကြပါအုန်း "
ဇေယျာအပြောကြောင့် နက်စ် အချို့ပြေးလာကြကာထိုလူကို ကုတင်ပေါ်တင်ကာခေါ်သွားကြသည်။"Doctor ရှင်းသန့် ကားတိုက်ခံရလို့တဲ့ အရေးပေါ်လူနာရောက်လာတယ် "
"ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ် "
ရှင်းသန့်လဲ ချက်ချင်း ထကာ ပြေးလိုက်သွားရသည်။"လူနာဘယ်မှာလဲ "
"ဒီမှာပါ တစ်ချက်လောက်ကြည့်ပေးပါအုန်း"
ဇေယျာပြောကာ ဆရာဝန်ဖက်လှည့်ကြည့်လိုက်တော့ သူ့ကိုဆေးတိုက်တဲ့ ဟိုလူ
"ဟုတ်ပီ ဘယ်လိုဖြစ်တာလဲ တစ်ချက်လောက်ပြောပြပေးပါ"
ရှင်းသန့်လဲ လူနာကို ကြည့်ပေးနေရင်း
မေးလိုက်သည်။ ကားတိုက်တယ်ဆိုတာ မှုခင်းနဲ့ ပတ်သက်နေတာမို့ ဒီတိုင်းထားလို့မရ မေးသင့်တာမေးရမည်။
"ဟို....ဒီလိုပါ လမ်းကြားထဲ ကို ကျွန်တော်ကား ကွေ့ဝင်လိုက်တာ
ဒီက အကိုလား ညီလေးလား မသိဘူး သူက ဆိုင်ကယ်နဲ့ ထွက်လာတာ
သူကလဲ အရှိန်နဲ့ ကျွန်တော်ကလဲ အရှိန်နဲ့ ဆိုတော့ တိုက်မိသွားတာ "
ရန်မျိုး က ဒေါက်တာ အမေးကို ဝင်ဖြေသည်။
ဇေယျာကတော့ ထိုဒေါက်တာလေးရိုသာ စိုက်ကြည့်နေမိသည်။
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)